Main menu

မုံရွာမြို့တွင် ရောင်းချနေသော အုန်းသီးဈေးနှုန်း

Powered by Drupal

    မုံရွာမြို့တွင် ရောင်းချနေသော အုန်းသီးများကို မြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာများနှင့် တွင်းမရွာများမှ တဆင့် မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

     မုံရွာမြို့ရှိ ဈေးများသို့ တစ်ပတ်(၁)ကြိမ် အုန်းသီးအလုံးရေအနေဖြင့် အခွံချွတ်ပြီး(၅၀၀) လုံးခန့်၊ ပွဲဝင်အုန်းသီး အလုံးရေ(၃၀၀)လုံးမှ (၅၀၀)လုံးခန့်ဝင် ရောက်လျက်ရှိပါသည်။ အုန်းသီးဈေးနှုန်းများမှာ အခွံချွတ်ပြီးအုန်းသီးများ မုန့်ပဲသရေစာပြုလုပ်ရန်အတွက် ဝယ်လိုအား ရှိခြင်းကြောင့် ပုံမှန်အရောင်းဝယ်ဖြစ်နေပြီး ပွဲဝင်အုန်းသီးမှာ ဝါမဝင်မှီ၊ ဝါကျွတ်ကာလများ၌ အိမ်တွင်းအုန်းဆွဲရန်၊ အလှူမင်္ဂလာပွဲများတွင် ကန်တော့ပွဲထိုးရန်တို့အတွက် ရောင်းအား ပိုမိုတွင်ကျယ်ကြောင်းသိရသည်။ မုံရွာမြို့ရှိ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများမှာ အုန်းသီးနု အရည်အသောက် တစ်လုံးလျှင်  (၂၈၀၀-၃၀၀၀) ကျပ်၊ အခွံချွတ် အုန်းသီးမှာ အလုံးအကြီး/ အသေးပေါ်မူတည်၍ တစ်လုံး (၃၅၀၀-၅၀၀၀)ကျပ်၊ ပွဲဝင် အုန်းသီးမှာ (၇၀၀၀-၈၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)