Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ပဲငပိအစိုနှင့် ပဲငပိအခြောက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် ပဲငပိအစိုနှင့် ပဲငပိအခြောက် များကို ရွှေဘိုမြို့နှင့် ရေဦးမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော ပဲငပိအစိုဈေးနှုန်း အနေဖြင့် ပဲငပိအစိုလက္ကား တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊  လက်လီတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ရေဦးပဲငပိခြောက် (အချို)တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (အငံ)တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှင့် (၁၀) ကျပ်သားလျှင် (၁၆၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုချိန်ခါသည် လုပ်ငန်းခွင်ရာသီဖြစ်သော ကြောင့် ပဲငပိများအရောင်းသွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးရှိ တီလားဗီးယားငါး၊ ငါးဘတ်နှင့် ငါးရံ့ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသော တီလားဗီးယားငါးအကြီး(၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊  အသေး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ နှင့် (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ငါးဘတ်(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊  ဩဂုတ်လ စတုတ္ထ ပတ်အတွင်း ငါးရံ့(၁)ပိဿာ (၂၅၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ငါးရောင်းဝယ်ရေးလုပ် ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ငါးဈေးကွက်ရှိ ငါးကြင်း၊ ငါးမြင်းနှင့် ငါးတန်ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ၊ အသားဈေးနှုန်းနှင့် ငါးဈေးနှုန်းများကို စာရင်းကောက်ယူပြုစု၍ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      ကန့်ဘလူမြို့ငါးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ရောင်းချနေသော ငါးကြင်း(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ ဩဂုတ်လ စတုတ္ထ ပတ်အတွင်း ငါးမြင်း(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၉၀၀၀)ကျပ်နှင့် ငါးတန် (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ငါးများကိုစားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူလျက်ရှိကြောင်း ငါးရောင်းဝယ်ရေးဒိုင်များထံမှ သတင်းရရှိပါသည်။\

DOCA(စစ်ကိုင်း)

နှမ်းဖက်ချဉ်ပြုလုပ်ပုံနှင့်ဈေးနှုန်းဈေးကွက်

          နှမ်းဖက်ချဉ်ကို နှမ်းကိုကြိတ်၍သော်လည်းကောင်း၊ မြေပဲကိုကြိတ်၍သော်လည်းကောင်း ပြုလုပ်ကြသည်။   နှမ်းကိုကြိတ်၍ရလာသောနှမ်းဖက်သည်အမည်းရောင်ဖြစ်ပြီး  မြေပဲကိုကြိတ်၍ရလာ သောနှမ်းဖက်သည်အဖြူရောင်ဖြစ်သောကြောင့် ပို၍ကောင်းသည်။ ရလာသောနှမ်းဖက်များကို မှိုမ တက်အောင် နေလှန်းရသည်။  နှမ်းဖက်ခဲများကိုဆားအနည်းငယ်နယ်ပြီး စဥ့်အိုးထဲထည့်ကာ လေလုံအောင်ပိတ်ထာရပါမည်။ (၄-၅)ရက်ခန့် ထားပါကနှမ်းဖက်များ ချဉ်လာမည်။  နှမ်းဖက်ချဉ်ပြုလုပ်ရာတွင် သန့်ရှင်းမှုကို အထူးဂရုပြူရန်လိုအပ်ပါသည်။ ယင်မ၀င်စေရန်သတိထားရမည်။ အရိပ်ရသော အေးမြသောနေရာတွင်ထားရမည်။  နှမ်းဖက်ချဉ်ကို  အသုပ်များ၊ ဟင်းချိူများတွင် ထည့်သုံးနိုင်သည်။ နှမ်းဖက်ချဉ် အာဟာရဓာတ်ကြွယ်ဝပြီး မြန်မာ့ရိုးရာအစားအစာတစ်ခုအဖြစ် ထင်ရှားသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် နှမ်းဖက်ချဉ်ကို( ၅)ကျပ်သားလျှင်(၇၀၀)ကျပ်၊(၁၀)သားလျှင်( ၁၄၀၀ )ကျပ်၊ (၂၅)ကျပ်သားလျှင်( ၃၅၀၀) ကျပ်ဖြင့် ၀ယ်ယူနိုင်ပါသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့တွင် ဈေးနှုန်းဖြင့်တက်လာသော ငရုပ်သီးခြောက်

            ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

         ၂၀၂၅ ခုနှစ်၊ ယခင် ဩဂုတ်လ ဒုတိယပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေးအတွင်း ရောင်းချနေသော ငရုပ်သီးခြောက်ဈေးနှုန်းအနေဖြင့် ငရုပ်သီးခြောက်(အရှည်)လက္ကား တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ငရုပ်သီးခြောက် (အရှည်) လက်လီ တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျင်(၁၃၀၀)ကျပ် နှင့် ငရုပ်သီးလှော်ကြော်(၁၀) ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ယခင် ဩဂုတ်လ တတိယပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေးအတွင်း ရောင်း ချနေသော ငရုပ်သီးခြောက်ဈေးနှုန်းအနေဖြင့် ငရုပ်သီးခြောက် (အရှည်) လက္ကား တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ငရုပ်သီးခြောက်(အရှည်) လက်လီတစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၉၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျင်(၁၈၀၀)ကျပ် နှင့် ငရုပ်သီးလှော်ကြော်(၁၀) ကျပ်သားလျှင်(၂၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှည် ကြည့်မည်ဆိုပါက ငရုပ်သီး ခြောက်(အရှည်)တစ်ပိဿာလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ ကြက်သွန်ဖြူ/နီ နှင့် အာလူး အရောင်း အဝယ် လုပ်နေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါ သည်။

DOCA (စစ်ကိုင်း)

“ကြက်ဥ၊ဘဲဥနှင့်ငုံးဥစျေးနှုန်းစျေးကွက်”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးတို့တွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥနှင့်ငုံးဥများကို ဒေသတွင်းရှိ ကြက်ခြံ၊ ဘဲခြံနှင့်ငုံးခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး လိုအပ်ချက်အရ မန္တလေးမြို့နှင့်ပြင်ဦးလွင်မြို့များမှလည်း ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည် ။ ယခင်အပတ်တွင် ကြက်ဥ (၁)ပိဿာလျှင် လက်ကားစျေး (၁၀၅၀၀/-)ကျပ်၊ လက်လီစျေး(၁၀၈၀၀/-)ကျပ်ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် အကြီး(၄၅၀-၅၀၀) ကျပ်၊ အလတ်(၄၀၀/-)ကျပ်၊ အသေး(၃၅၀/-)ကျပ်၊ ဘဲဥတစ်လုံးလျှင် အကြီး(၅၅၀-၆၀၀)ကျပ်၊ ငုံဥ(၂၅)လုံးလျှင်(၂၃၀၀/-)ကျပ်၊ ငုံးဥအလုံး (၁၀၀) လျှင်(၈၇၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုအပတ်တွင် ကြက်ဥ (၁)ပိဿာလျှင် လက်ကားစျေး (၁၀၈၀၀/-)ကျပ် ၊ လက်လီစျေး(၁၁၀၀၀/-)ကျပ်ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် အကြီး(၅၀၀-၅၅၀) ကျပ်၊ အလတ်(၄၅၀/-)ကျပ်၊ အသေး(၄၀၀/-)ကျပ်၊ ဘဲဥတစ်လုံးလျှင် အကြီး(၅၅၀-၆၀၀)ကျပ်၊ ငုံဥ(၂၅)လုံးလျှင်(၂၃၀၀/-)ကျပ်၊ ငုံးဥအလုံး (၁၀၀) လျှင်(၈၇၀၀/-) ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်ဦးစျေးနှုန်းမှာ အနည်းငယ်မြင့်တက်လာပြီး ဘဲဦးနှင့်ငုံးဦးစျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိ‌ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ခရမ်းသီးခြောက် နှင့် ဇီးဖြူသီးခြောက် ဈေးနှုန်း

         ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြရာတွင် နှစ်ရှည်သီးနှံပင်များ၊ ဆီထွက်သီးနှံပင်များနှင့် စားဖိုဆောင်သီးနှံပင် များကို မိမိတို့ နေအိမ်ခြံဝင်များတွင်လည်းကောင်း တောင်ယာများတွင်လည်းကောင်း စိုက်ပျိုးကြ သည့်အနက် ခရမ်းသီးပင်ကိုလည်း စိုက်ပျိုးကြကြောင်း စိုက်ပျိုးပြီး ရရှိလာသည့်အသီးများကို ရှားပါးသောရာသီတွင် ရောင်းချရန်အတွက် အသီးမျိုးစုံကို  အခြောက်လှမ်းထားပြီး  ဈေးကွက်ရှိရာ သို့ လာရောက်ရောင်းချကြောင်းသိရသည်။

   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ခရမ်းသီးခြောက်ဈေးနှုန်း အနေဖြင့် ခရမ်းသီး ခြောက် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ခရမ်းသီးခြောက်(၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ခရမ်းသီး ခြောက်(၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် နှင့် ဇီးဖြူသီးခြောက် ဈေးနှုန်း အနေဖြင့် ဇီးဖြူသီးခြောက် တစ်ပြည်လျှင်(၉၀၀၀)ကျပ်၊ ဇီးဖြူသီးခြောက် နို့ဆီတစ်ဘူးလျှင်(၁၂၀၀)ကျပ်ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော   ခရမ်းချဉ်သီးနှင့် ဂေါ်ရခါးညွန့်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ခရမ်းချဉ်သီးများနှင့် ဂေါ်ရခါး ညွန့်များ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  ခရမ်းချဉ်သီး သီးနှံသည် ဒေသမရွေး လွယ်ကူစွာစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီးအား ဟင်းချက်ရာတွင် ဟင်းအနှစ် ရရှိရန်နှင့် အခြားသီးနှံ၊ အသားများဖြင့် ရောသုပ်ခြင်း၊ ကြော်ခြင်း၊ ချက်ပြုတ်ခြင်းစသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်၍ စားသုံးကြပါသည်။ ဂေါ်ရခါးညွန့်များကိုလည် ရှမ်းပြည်နယ်မှ ကလော၊ ပင်းတယ၊ ပင်လောင်း စသည့် ဒေသများမှ မှာယူ၍ ဈေးကွက်အတွင်း ရောင်းချနေကြောင်း သိရှိ ရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတတိယအပတ်အတွင်း ရောင်းချနေသော ခရမ်းချဉ်သီးစျေးနှုန်းမှာ တစ်ပိဿာ လျှင် (၃၅၀၀) ကျပ်၊ ဂေါ်ရခါးညွန့်(၂၅)ကျပ်သားလျှင် (၂၀၀၀)  ကျပ် ဖြင့် ရောင်းချ လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှသိရှိရပါသည်။

DOCA (စစ်ကိုင်း)

“ကြက်ဟင်းခါးသီးစိုက်ပျိုးဝင်ငွေတိုး”

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးပြီး ယခုအခါ ကြက်ဟင်းခါးသီးနှံကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိပါသည်။ ကြက်ဟင်းခါးသီးကို အစေ့မှ တိုက်ရိုက်စိုက်ပျိုးကြသလို ပျိုးပင်းလေးများပျိုး၍ စိုက်ကြပါသည်။ အများဆုံး စိုက်ပျိုးသောမျိုးမှာ  ဗိုလ်တစ်ထောင် ကြက်ဟင်းခါးမျိုးဖြစ်ပြီး တစ်ဧက အထွက်နှုန်းနေဖြင့် (၃၀၀-၃၅၀)ပိဿာထွက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိုက်နေဖြင့်(၂၅၀၀၀၀/၃၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။ ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးတွင် ကုန်စိမ်းရောင်ချသူတစ်ဦး၏ ပြောပြချက်အရ ကြက်ဟင်းခါးသီးကို ကျောက်ဆည်မြို့နယ်ရှိ ကျောင်းကုန်းကျေးရွာ၊ အင်းရောင်းကျေးရွာ၊ လက်ဝဲစုကျေးရွာများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ကြက်ဟင်းခါးသီး လက်လီဈေးနှုန်းမှာ ကြက်ဟင်းခါးသီး(၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊  (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ တစ်ဧက အကျိူးမြတ်အနေဖြင့် (၅၅၀၀၀၀/၆၀၀၀၀၀) ကျပ်ခန့်အမြတ်ရရှိသိအတွက် ကြက်ဟင်းခါးသီးနှံကို တိုးချဲစိုက်ပျိုးသင့်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“နနွင်းဖူးများစတင်ထွက်ပေါ်”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ုပျိုးလျက်ရှိရာ စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော နနွင်းကိုလည်းစိုက်ပျိုးကြပါသည်။၂၀၂၅-၂၀၂၆ ဘဏ္ဍနှစ်တွင် နနွင်းစိုက်ဧက (၂၀၀၄)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိပါသည်။ တောင်သူများမှာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နနွင်းသီးနှံကိုလည်းစိုက်ပျိုးလာကြပါသည်။ နနွင်းစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် နနွင်းတက်(၁)ပိဿာလျှင်(၉၅၀၀/-)ကျပ်‌၊ နနွင်းခေါင်း(၁)ပိဿာလျှင်(၈၀၀၀/-) ကျပ်၊ နနွင်းမှုန့်နို့ဆီဗူးတစ်ဗူးလျှင်(၁၅၀၀/-)ကျပ်၊ ယခုနှစ်တွင်နနွင်းတက်(၁)ပိဿာလျှင်(၁၀၀၀၀/-) ကျပ်‌၊ နနွင်းခေါင်း(၁)ပိဿာလျှင်(၁၀၀၀၀/-) ကျပ်၊ နနွင်းမှုန့်နို့ဆီဗူးတစ်ဗူးလျှင်(၂၅၀၀/-)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိပါသည်။ယခုအချိန်တွင် နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နနွင်းဖူးများလည်း စတင်ထွက်ရှိနေပြီဖြစ်ရာ နနွင်းအဖူး (၁၀၀)လျှင်(၁၅၀၀၀/-)ကျပ် စျေးနှုန်းရရှိပြီး အခင်းထဲအရောက်လာရောက် ချိုးယူဝယ်ယူလျက်ရှိပါသည်။ လက်လီစျေးနှုန်းအနေဖြင့်နနွင်းဖူး(၅)ဖူးတစ်စီးလျှင်(၁၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။ နနွင်းဖူးများကို လက်သုပ်အနေဖြင့်သုပ်စား၍ရသလို ငပိရည်၊ ငံပြာရည်တို့ဖြင့်တို့၍စားသုံးကြပါသည်။ နနွင်းစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း အပူကင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော နနွင်းဖူးများကိုဝယ်ယူစားသုံးသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း