Main menu

ဟင်္သာတမြို့နယ် စက်တင်ဘာလ တတိယပတ်တွင် ကြက်ဥ၊ဘဲဥ ဈေးနှုန်းတည်ငြိမ်လျက်ရှိ

Powered by Drupal

   ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်  စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများနေ့စဉ် ဝယ်ယူသုံးစွဲလျက် ရှိသည့် အခြေခံစား သောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလည်း စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်လျက်ရှိပါသည်။(၁၅.၉.၂၀၂၅) ရက်နေ့ နံနက် (၀၈:၀၀)နာရီအချိန်တွင် ဟင်္သာတ မြို့ပေါ်ရပ်ကွက်နှင့် ပဒေသာဈေးအတွင်းရှိ ကြက်ဥ၊ဘဲဥ လက်လီ/လက္ကားရောင်းချသော  အရောင်း ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ဟင်္သာတမြို့နယ်အတွင်းရောင်းချသော  ကြက်ဥ၊ ဘဲဥများကို ဒေသတွင်း ကြက်ခြံများမှ ဝယ်ယူ ရောင်းချလျက်ရှိပြီး၊ ရန်ကုန်မြို့မှလည်း မှာယူရောင်းချကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ ဇွန်လ (ပထမပတ်)တွင် ကြက်ဥအလုံးကြီး(၁၀)လုံးလျှင် (၃၈၀၀ ကျပ်)၊ ကြက်ဥအလုံး အသေး (၁၀)လုံးလျှင် ကျပ်(၃၆၀၀ ကျပ်)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၄၆၀၀ မှ ၄၈၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင်(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိပါ သည်။ အလုံးအရွယ် အစားအပေါ်မူတည်၍ ဈေးနှုန်းများလဲ ကွာခြားမှုရှိကြောင်း ကြက်ဥ၊ဘဲဥ ရောင်းချသူ အရောင်းဆိုင် များမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)