Main menu

မအူပင်မြို့နယ်တွင် တပိုင်တစ်နိုင် စိုက်ပျိုးသော အာတာလွတ်ဥ

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ချောင်းကလေး၊ အဂါး ကျေးရွာတွင် ဟင်းသီး ဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး၊ ကျေးရွာနေတောင်သူများထဲမှ ဦးခင်ဝင်းသည် အာတာလွတ်(ခေါ်)သင်ဥကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

     အာတာလွတ်(ခေါ်)သင်ဥကို ယခင်နှစ်က ဧက ၆၀ ကျော်  စိုက်ပျိုးထားရှိကြောင်း သိရသည်။ စတင်စိုက်ပျိုးချိန်မှာ ဧပြီလတွင်စတင်စိုက်ပျိုးခဲ့ပြီး အခြားတောင်သူများက  ဇွန်လတွင် စတင်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ၅ လကျော်အကြာ နိုဝင်ဘာလ တွင် စတင်တူးဖော်ရကြောင်း၊ မိမိမှာ စက်တင်ဘာလမှာ စတင်ထွက်ရှိနေပြီးဖြစ်ကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မြေပြုပြင်၍ ပင်ကြားတန်းကြား ၆ ပေ၊ ၈ ပေခြား စိုက်ပျိုးရပြီး တစ်ဧကလျှင် အပင်ရေ ၄ သောင်းခန့် စိုက်ပျိုးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၈ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် အာတာလွတ်(ခေါ်)သင်ဥ ပိဿာချိန် ၄၀၀-၅၀၀ ခန့် ထွက်ရှိပြီး တစ်ပိဿာလျှင် ယခင်နှစ်ဈေးမှာ ငွေကျပ် ၃,၅၀၀ ဖြင့် ရောင်းချရပြီး ယနေ့ ဈေးမှာ ၄၅၀၀ကျပ်ရရှိကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းမွန်ကြောင်း၊ အကျိုးအမြတ်အနေဖြင့် အတွက် ငွေကျပ် ၆ သိန်း- ၇သိန်း ခန့်အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရောင်းချမှုအပြင် ပုသိမ်၊ အိမ်မဲနှင့် ရန်ကုန်မြို့တို့သို့ အဓိက တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)