Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ခရီးသွားဝင်ရောက်မှုနှင့်အတူ ရောင်းဝယ်မှုအားကောင်းလာသော ၂၁ မိုင် ပဲစိမ်းကြော်”

           ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၃၈ ပေတွင်တည်ရှိပြီး အေးမြသောရာသီဥတုရှိပြီး ပြည်တွင်းခရီးသွားဧည့်သည်များအတွက် စိတ်ပါဝင်စားမှုရှိသော တောင်ပေါ်မြို့လေး ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလဆန်း ပန်းပွဲတော်မှစ၍ ခရီးသွားများလာရောက်ခဲ့ရာ ၂၀၂၅ ခုနှစ် မေလ၊ ဇွန်လ၊ ဇူလိုင်လများမှာတော့ ခရီးသွားများပိုမိုဝင်ရောက်မှုများလာကာ မြို့နယ်အတွင်းရှိ ဟော်တယ်၊ တည်းခိုခန်းများပင် နေရာအပြည့်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုလို မြို့နယ်တွင် ခရီးသွားဝင်ရောက်မှုများလာသလို ဒေသထွက်ပစ္စည်းများလည်း ရောင်းလိုအားကောင်းလာကာ စီးပွားရေးအရအကျိုးအမြတ်ရရှိလာပြီး ထိုအထဲတွင်မှ “၂၁ မိုင် ပဲစိမ်းကြော်” ဟု နာမည်ကြီးသော ပဲစိမ်းကြော်သည်လည်း ခရီးသွားဧည့်သည်များလည်း ဒေသထွက်အပြန်လက်ဆောင်မပါမဖြစ် ဝယ်ယူကာ ဝယ်ယူသူများနှင့်စည်ကားလှသော ပဲစိမ်းကြော် ဈေးဆိုင်တန်းကြီးကိုတွေ့ရှိပြီး ခရီး တစ်ထောက်နားကာ အပန်းဖြေလျက်ရှိပါသည်။ ၂၁ မိုင် ကျေးရွာသည် မန္တလေးမြို့မှ ပြင်ဦးလွင်သို့ လာလျှင်လမ်းခုလတ် (၂၁)မိုင်ရောက်လျှင် ရောက်ရှိပြီးသော ပြည်သူများအနေဖြင့် မိရိုးဖလာ တောင်သူလုပ်ငန်းအပြင် ပဲစိမ်းကြော်လုပ်ငန်းများကိုပါ မိသားစုတစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် လုပ်ငန်းကြီးလုပ်ကိုင်ကာ လုပ်ငန်းရှင် (၄၅)ဦးဖြင့် ကြော်လှော်ရောင်းချလျက်ရှိပါသည်။ ပဲစိမ်းကြော် တွင် အဓိကပါဝင်ပစ္စည်းအဖြစ် စားတော်ပဲ၊ စားသုံးဆီ၊ ကောက်ညှင်းတို့ အသုံးပြုရပြီး ကုန်ကြမ်း ပစ္စည်းများကို မန္တလေးမြို့မှ ဝယ်ယူကာ ဆောင်ရွက်နေကြောင်း၊ ယခင်နှစ်များဆီက ပဲစိမ်းကြော် လုပ်ငန်းအနည်းအကျဉ်းရှိကာ၊ လုပ်ငန်းရှင်တစ်ဦးလျှင် စားတော်ပဲ (၃) ပြည်မှ (၇)ပြည်သာ အများဆုံးကြော်ရပြီး ယခုလုပ်ငန်းရှင်များလည်း တိုးလာကာ “၂၁ မိုင် ကျေးရွာကြီးသည် ၂၁ မိုင် ပဲစိမ်းကြော်ရွာကြီးဖြစ်လာနေကြောင်း၊ ယခုချိန် ပဲစိမ်းကြော်လုပ်ငန်းရှင် မိသားစုတစ်နိုင်တစ်ပိုင် ဆိုလျှင် (၈)ပြည်ခန့် ကြော်နေပြီး၊ စီးပွားဖြစ်လုပ်ကိုင်နေသော ဆိုင် (၁၀)ဆိုင်ခန့်သည် (၁)တင်းမှ (၂) တင်း နေ့စဉ်ကြော်နေပြီး စားတော်ပဲ (၁)ပြည်လျှင် စားအုန်းဆီ (၁)ပိဿာ သုံးစွဲရပြီး (၂၄) ရက်အတွက် စားတော်ပဲ တင်းပေါင်း (၇၀၀)တင်း၊ စားသုံးဆီ (၁၁၃) ပေပါဖြင့် ကြော်နေလျက်ရှိပြီး အကျိုးအမြတ်များရရှိကာ လူနေမှုအဆင့်အတန်းသည်လည်း တိုးတက်မြင့်မားနေကြောင်း၊ လက်ရှိ ပဲစိမ်းကြော် ရောင်းဝယ်မှုအနေဖြင့် လက်ဝိုင်းအသေးထုတ် (၄)ခုပါ (၈)ထုတ် ပါကင်တစ်ခုလျှင် ဖောက်သည် (၂၀၀၀/-)၊  ဆိုင်ရောင်း (၃၀၀၀/-)၊ အဝိုင်းသေး (၆)ခုပါ တစ်ထုတ်လျှင် ဖောက်သည် (၇၀၀/-)၊ ဆိုင်ရောင်း (၁၀၀၀/-)၊ အဝိုင်းလတ် (၆)ခုပါ တစ်ထုတ်လျှင် ဖောက်သည် (၈၀၀/-)၊ ဆိုင်ရောင်း (၁၃၀၀/-) အဝိုင်းကြီး (၆)ခုပါ တစ်ထုတ်လျှင် ဖောက်သည် (၁၁၀၀/-)၊ ဆိုင်ရောင်း (၁၇၀၀/-)၊ အဝိုင်းကြီး ရှယ် (၇)ခုပါ တစ်ထုတ်လျှင် ဖောက်သည် (၁၅၀၀/-)၊ ဆိုင်ရောင်း (၂၀၀၀-၂၅၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်နေကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ပခုက္ကူဆီထွက်သီးနှံဈေးကွက်တွင် နှမ်းမျိုးစုံဈေးကျဆင်းနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် ဩဂုတ်လဆန်းမှစ၍ နှမ်းမျိုးစုံဈေးကျဆင်းအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ဩဂုတ်လ(တတိယပတ်)တွင် မိုး(နှမ်း)သီးနှံများ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်ပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများမှထွက်ရှိသောနှမ်းသီးနှံများ အဓိကဝင်ရောက်လျက်ရှိကြောင်း၊ တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ် (၅၀၀-၇၀၀)ခန့် အရောင်း အဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပအဝယ်လိုက်၍ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ်(၂၄၀၀၀၀-၂၃၀၀၀၀-၂၂၀၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၉၅၀၀၀-၉၃၀၀၀)၊ နှမ်းညို တစ်တင်းလျှင် ကျပ်(၉၂၀၀၀-၉၁၅၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၉၃၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဇူလိုင်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ် (၃၀၀၀၀)ခန့်၊ ကျန်နှမ်းအမျိုးအစားများမှာ တစ်တင်းလျှင် ကျပ်(၂၀၀၀)ခန့်ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဈေးကွက်သို့ ရေစကြိုဒေသထွက် နှမ်း(ဖြူ)များ အများဆုံးဝင်ရောက်လျက်ရှိကြောင်း၊ ပခုက္ကူပွဲရုံဈေးကွက်သို့ ရောက်ရှိသည့်နှမ်းများကို မြို့ပေါ်ရှိဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ လည်းတင်ပို့လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပတရုတ်နိုင်ငံသို့တင်ပို့ကြောင်း သိရှိရသည်။ 

DOCA(မကွေး)

 

ဆိပ်ဖြူကြက်သွန်နီဈေး ဆက်လက်ကျဆင်းအရောင်းအဝယ်ဖြစ်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိက သီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်တွင် နေ့စဉ် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် ကြက်သွန်နီဈေး ဆက်လက်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ စိုက်ပျိုးမှုများသော ဒေသတွင်း ကျေးရွာများမှ ဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှ ကုန်ချိန်ပိဿာ (၃)သောင်းခန့်  ဝင်ရောက်ကြောင်း ကုန်စည်ဒိုင် ဈေးကွက်မှ သိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီ ဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၉၀၀)၊ အလတ်ဈေး ကျပ်(၈၅၀)၊ အနိမ့်ဈေး ကျပ်(၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဩဂုတ်လ (ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့် ဈေးကျ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ တောင်သူများမှ ကြက်သွန်နီ ဈေးကျဆင်းသော်လည်း ရာသီကုန်ချိန်နီးလာပြီဖြစ်၍  ရောင်းချမှုများလာကြောင်း၊ မြို့ပေါ်ရှိပွဲရုံများမှ ကြက်သွန်နီများကို ပြန်လည်သန့်စင်ပြီးရောင်းချသောဈေးနှုန်းမှာ ကြက်သွန်နီတစ်ပိဿာလျှင် အမြင့် ဈေး(ရှယ်) ကျပ်(၁၇၀၀)၊ လတ်ကြီးတစ်ပိဿာလျှင် ကျပ် (၁၆၀၀)၊ လတ်ချောတစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ လတ်သန့် တစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ အသေးစ တစ်ပိဿာလျှင် ကျပ်(၁၃၀၀) ဈေး အသီးသီးဖြင့် ဒေသအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေး အတွင်း အရောင်းအဝယ်ဖြစ်သော လက်လီဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ် (၁၈၀၀- ၁၅၀၀- ၁၂၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

    ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင် ပွဲရုံသို့ ကုန်ချိန် အများဆုံးတင်ပို့ပြီး ပြည်ပဈေးကွက်သို့ တင်ပို့မှုနည်းကြောင်း၊ ဩဂုတ်လ (တတိယပတ်)တွင် ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သိန်းခန့်၊ တန်ချိန်အားဖြင့်(၃၂၇)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၌ ဩဂုတ်လ(တတိယပတ်)တွင် ကျွန်းစားတော်ပဲများ ဈေးဆက်လက်မြင့်တက်နေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှုမြင့်မားလျက် ရှိသော စားတော်ပဲများ တက်ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ဈေးကွက်သို့ ကျွန်းစားတော်ပဲစိုက်ပျိုးမှုများသော ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ပေါက်၊ ဆိပ်ဖြူမြို့မှ ထွက်ရှိသောစားတော်ပဲများ ပွဲရုံများသို့နေ့စဉ် ဝင်ရောက်ကြောင်း၊ သီးနှံ(အသစ်)ပေါ်ချိန်တွင် ဈေးအေး၍အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြည်တွင်းစားသုံးမှု များ၍ စားတော်ပဲဈေးတရိပ်ရိပ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

              ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)တွင် စားတော်ပဲဈေး တရိပ်ရိပ် ဆက်လက်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းပဲလက်ကျန်နည်းပြီး စားသုံးမှု ဝယ်လိုအားမြင့်မားလျက်ရှိ၍ ဈေးမြင့်တက်ကြောင်း၊ ကျွန်းစားတော်ပဲ တစ်တင်းလျှင် ကျပ် (၂၂၀၀၀၀-၂၁၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယောစားတော်ပဲတစ်တင်းလျှင် ကျပ်(၁၇၀၀၀၀-၁၆၅၀၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး သီးနှံပေါ်စ မတ်လကုန်ပိုင်းတွင် ကျွန်းစားတော်ပဲတစ်တင်း ကျပ်  (၁၂၀၀၀၀-၁၀၀၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သီးနှံပေါ်စအချိန်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျွန်းစားတော်ပဲတစ်တင်းလျှင် ကျပ်(၁၀၀၀၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရ သည်။ စားတော်ပဲသီးနှံပြည်တွင်းစိုက်ပျိုးမှုနည်းပြီး နေ့စဉ်စားသုံးမှုများလျက်ရှိသော သီးနှံဖြစ်သည်။ ယခုနှစ်တွင် စားတော်ပဲသီးနှံဖြစ်ထွန်းမှုနည်း၍ ဈေးကွက်သို့သီးနှံဝင်ရောက်မှု နည်းခြင်းကြောင့် ဈေးကွက်တွင် ပဲလက်ကျန်နည်းပြီး ဝယ်လိုအားကောင်း၍ ဈေးတက်ကြောင်း၊ ပြည်တွင်းစားသုံးမှုအနေဖြင့် မြန်မာလူမျိုးများသည် စားတော်ပဲသီးနှံကို မြန်မာ့ရိုးရာအစားအစာအဖြစ် နေ့စဉ်စားသုံးခြင်း အပြင် လုပ်ငန်းရှင်များမှလည်း စားသောက်ကုန်မျိုးစုံ ထုတ်လုပ်ရောင်းချလျက်ရှိ၍ တစ်နှစ်ပတ်လုံး စားသုံးသည့်သီးနှံတစ်မျိုးဖြစ်ပြီး ယခုအချိန်တွင်ဒေသတွင်းပဲလက်ကျန်နည်းပြီး ဝယ်လိုအားကောင်း၍ ပြည်တွင်းစားတော်ပဲ ဈေးကွက်စံချိန်တင် အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြာင်း သိရှိရသည်။

DOCA(မကွေး)

 

မကွေးမြို့၏ စက်သုံးဆီဈေးနှုန်းအခြေအနေ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအား နေ့စဉ်ထုန်ပြန်ပေးလျက် ရှိပါသည်။

          မကွေးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများမှာ ဓါတ်ဆီ (92) (၁) လီတာလျှင် ကျပ် (၃၀၂၀)၊ ဓါတ်ဆီ (95) (၁) လီတာလျှင် ကျပ် (၃၀၇၅)၊ ဒီဇယ် (ရိုးရိုး) (၁) လီတာလျှင် ကျပ် (၂၇၃၅)၊ ဒီဇယ် (ပရီမီယမ်) (၁)လီတာလျှင် ကျပ် (၃၃၅၅) ဖြစ်ပြီး (ဒုတိယပတ်)တွင် ဓါတ်ဆီ(92) (၁) လီတာလျှင် ကျပ် (၃၀၆၀)၊ ဓါတ်ဆီ (95) (၁) လီတာလျှင် ကျပ် (၃၁၁၅)၊ ဒီဇယ် (ရိုးရိုး) (၁) လီတာလျှင် ကျပ် (၂၈၃၅)၊ ဒီဇယ် (ပရီမီယမ်) (၁)လီတာလျှင် ကျပ် (၃၄၇၅)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ဓါတ်ဆီ (92) (၁) လီတာလျှင် ကျပ်(၄၀)၊ ဓါတ်ဆီ (95) (၁) လီတာလျှင် ကျပ် (၄၀)၊ ဒီဇယ် (ရိုးရိုး) (၁) လီတာလျှင် ကျပ် (၁၀၀)၊ ဒီဇယ် (ပရီမီယမ်) (၁)လီတာလျှင် ကျပ်(၁၂၀) ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကြွက်နားရွက်မှိုနှင့် စျေးနှုန်းစျေးကွက်

      ကြွက်နားရွက်မှိုသည် စား၍ရသော မှိုတစ်မျိုးဖြစ်ပြီး ကြာဇံချက်၊ ကြာဇံဟင်းခါး၊ ကော်ရည်ခေါက်ဆွဲနှင့် တရုတ်ဟင်းလျာများတွင် အများဆုံးပါဝင်လေ့ရှိသည်။ မှို၏ပုံစံသည် နားရွက်နှင့် ဆင်တူသောကြောင့် ကြွက်နားရွက်မှို ဟုခေါ်ကြသည်။ ကြွက်နားရွက်မှိုစားခြင်း၏ ကောင်းကျိုးများမှာ- သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ နှလုံးကျန်းမာရေး အတွက် ကောင်းမွန်စေခြင်း၊ Antioxidant၏ အစွမ်းသတ္တိပါဝင်ခြင်း၊ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်ကင်းစေပြီး ဝိတ်ကျစေပါသည်။

      မြိတ်မြို့တွင် ကြွက်နားရွက်မှိုကို တစ်ဆယ်သားလျှင် ၃၅၀၀ကျပ်ဖြင့်ရောင်းချလျက် ရှိပြီး တစ်ပိဿာလျှင် ၃၅၀၀၀ကျပ်ခန့်ရှိကြောင်း ရန်ကုန်မြို့မှတဆင့် မြိတ်မြို့အတွင်း ဖြန့်ဝေရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

သက်သတ်လွတ်အစားအစာ အသားတု

      အသားတုကို ကြော်စားခြင်း၊ ပြုတ်စားခြင်း၊ တုတ်ထိုးနှင့် ကြာဇံဟင်းခါးများတွင် ထည့်၍ချက်ပြုတ် စားကြသည်။အချို့မှာ အသားအစား သက်သတ်လွတ်အစားအစာအဖြစ် အစားထိုးစားသုံးကြသည်။ Supermarketနှင့်စျေးများတွင် ဝယ်ယူရရှိနိုင်ပြီး ကမ်းနားလမ်း ညစျေးတွင် ရောင်းချလျက်ရှိသည်ကို တွေ့ရသည်။ မြိတ်မြို့တွင် အသင့်စားအသားတုအကြော် တစ်ထုပ်ကို (၂၀၀)ကျပ်မှ (၁၀၀၀)ကျပ်နှင့် အထက်၊ စျေးထဲရှိ အသားတုအခြောက်တစ်ထုပ်ကို (၅၀၀)ကျပ်မှ (၁၀၀၀) ကျပ် နှင့်အထက် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

 

 

 

ပုသိမ်မြို့ရှိ ဘိလပ်မြေ ဈေးနှုန်းဈေးကွက်အခြေအနေ

           ဩဂုတ်လ တတိယအပတ်တွင် ပုသိမ်မြို့၏ ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိနေကြောင်း သိရှိရပါသည်။ ယခုအပတ်ဈေးနှုန်း မှာ ထိုင်းဆင် အမှတ်တံဆိပ် (50) kg တစ်အိတ်လျှင် (၂၈၀၀၀) ကျပ်၊ ကြံနှစ်ကောင် အမှတ်တံဆိပ် (50) kg တစ်အိတ်လျှင် (၂၅၀၀၀) ကျပ်၊ အပါချီ အမှတ်တံဆိပ် (50) kg တစ်အိတ်လျှင် (၂၄၅၀၀) ကျပ်တို့ ဖြစ်ကြောင်းသိရှိရပါသည်။

        ဩဂုတ်လ ဒုတိယအပတ် ဈေးနှုန်းနှင့် နှိုင်းယဉ်ပါက ဘိလပ်မြေဈေးနှုန်းများမှာ ဈေးနှုန်း အနည်းငယ်ကျဆင်းမှုရှိပြီး ဘိလပ်မြေဈေးကွက်မှာ မိုးတွင်းကာလဖြစ်သောကြောင့် ဒေသတွင်း ဝယ်ယူမှု နည်းသော်လည်း ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုမရှိ၍ ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

 

ကရင်ပြည်နယ်ဒေသထွက် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်း

     ကရင်ပြည်နယ်၊ ဘားအံမြို့နှင့်အနီးတဝိုက်ကျေးရွာများရှိ ဒေသခံတောင်သူများသည် မိမိတို့၏ ခြံထွက်ဟင်းသီးဟင်းရွက်များကို ဘားအံမြို့ရေပေါ်ဈေးအတွင်းသို့ လာရောက်ရောင်းချကြသည်။ ဒေသထွက်ရာသီစာ သီးနှံတစ်မျိုးဖြစ်သည့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးများလည်း ဘားအံမြို့ရေပေါ် ဈေး  ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရသည်။ ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်းများမှာ လက်ကားဈေးနှုန်း အတောင့်(၃၀)ပါတစ်စည်း(၂၁၀၀၀)ကျပ်၊အတောင့်(၅၀)ပါ အစည်း(၃၅၀၀၀)ကျပ်နှင့် ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီးလက်လီးဈေးနှုန်းမှာ အတောင့်ကြီး တစ်တောင့်လျှင် (၁၃၀၀/၁၅၀၀)ကျပ်၊ အတောင့်လတ် တစ်တောင့်လျှင် (၁၀၀၀/၁၂၀၀)ကျပ်၊ အတောင့်သေး တစ်တောင့်လျှင် (၈၀၀)ကျပ်နှုန်း တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ကရင်ပြည်နယ်ဒေသထွက် ဆူစကားသီးဈေးနှုန်း

    ၂၀၂၅ခုနှစ်၊ ဩဂုတ်လစတုတ္ထပတ်အတွင်း ကရင်ပြည်နယ်၊ဘားအံမြို့ရေပေါ်ဈေးတွင် ရောင်းချ နေသော ဒေသထွက်ရာသီစာ ဆူစကားသီး(သို့)ပန်းသီးများ ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

     ဆူစကားသီး(သို့)ပန်းသီးနှင့်ပတ်သက်၍ ရောင်းချသူဆိုင်ရှင်မှ ဆူစကားသီး(သို့)ပန်းသီးပင်သည် နွယ်ပင်တစ်မျိုးဖြစ်ပြီး ကရင်ပြည်နယ်အတွင်း မိုးရာသီမှသာ ရရှိနိုင်သည်။ ဆူစကားသီး(သို့)ပန်းသီးပင်သည် ဘူးသီး၊ဂေါ်ရခါးသီး အတိုင်းချက်စားနိုင်သလို ဆူစကားသီး(သို့)ပန်းသီး၏ အနှစ်သည်လည်း ပင်မှည့်သီးလို ဖျော်ရည်အဖြစ် သောက်သုံးနိုင်ပါသည်။

 ဘားအံမြို့အနီးတစ်ဝိုက်ကျေးရွာများတွင် ဆူစကားသီး(သို့)ပန်းသီးကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်ပိုင်တနိုင် အပိုဝင်ငွေရရှိနိုင်ရန်အတွက် စိုက်ပျိုးကြသည်။ ဆူစကားသီး(သို့)ပန်းသီးကို အရွယ်အစား အလိုက်ရောင်းချကြသည်။ ဆူစကားသီး(သို့)ပန်းသီးဈေးနှုန်းမှာ လက်ကားဈေးနှုန်းအလုံးကြီး(၁၀)လုံးလျှင် (၁၅၀၀၀)ကျပ်၊ အလုံး(၅၀)လုံးလျှင်(၇၃၀၀၀)ကျပ်၊ အလုံး(၁၀၀)လုံးလျှင်(၁၂၀၀၀၀)ကျပ်နှုန်းနှင့် လက်လီ ဈေးနှုန်းအနေဖြင့် အလုံးကြီးတစ်လုံးလျှင်(၂၀၀၀/၂၅၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင်(၁၅၀၀/၂၀၀၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင်(၈၀၀/၁၀၀၀)ကျပ်နှုန်း ရောင်းချ၍ ဈေးကောင်းရကာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း