Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သာယာဝတီခရိုင်တွင်ကြက်သားဈေးနှုန်းများမြင့်တက်လျက်ရှိ

          ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန ကုန်ဈေးနှုန်း တည်ငြိမ် ရေးနှင့် ဈေးကွက်အတွင်းရောင်းချလျှက်ရှိသောအခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများ သိရှိ စေရန်အတွက် လက်ပံတန်းမြို့မဈေးကြီးသို့ နေ့စဉ်သွားရောက်မေးမြန်းတင်ပြလျှက်  ရှိရာ ယခု အပတ်တွင် ကြက်သားဈေးနှုန်းများမြင့်တက် လာကြောင်းသိရှိရပါသည်။

          လက်ပံတန်းမြို့မဈေးအတွင်းရောင်းချလျှက်ရှိသည့်  ကြက်သား(ဗမာ) နှင့်CP ကြက်သား ဈေးနှုန်းများမှာ ဩဂုတ်လ ပထမ ပတ်နှင့် ဒုတိယပတ်တို့တွင် ကြက်သား (ဗမာ) တစ်ပိဿာ လျှင် ၃၂၀၀၀/ကျပ်၊  CPကြက်သား ရင်ပုံသား တစ်ပိဿာလျှင်၂၀၀၀၀/ကျပ်၊ ပေါင်ပိုင်းအသား တစ်ပိ  ဿာ လျှင် ၁၈၀၀၀/ကျပ်၊ ယခုဩဂုတ်လ တတိယပတ်တွင် ကြက်သား (ဗမာ) တစ်ပိဿာလျှင်   ၃၅၀၀၀/ကျပ်၊ CPကြက်သား ရင်ပုံသား တစ်ပိဿာလျှင်၂၅၀၀၀/ကျပ်၊ ပေါင်ပိုင်းအသား တစ်ပိဿာ လျှင် ၂၂၀၀၀/ကျပ်ဈေးသို့ မြင့်တက်သွားကြောင်း ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်ပါက  ကြက်သားဈေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ထားဝယ်မြို့ရှိ ဒညင်းသီးဈေးနှုန်းအခြေအနေ

       မိုးရာသီအချိန်တွင်သာ ရရှိလာသည့် တညင်းသီးဖြစ်ပါသည်။ တညင်းသီးအား အတို့အမြုပ်အဖြစ်၎င်း၊ ဆားရည်စိမ်ပြီး၎င်း စားသောက်လေ့ရှိပါသည်။ တညင်းသီးပင်များအား ထားဝယ်ဒေသများတွင် အများအပြားစိုက်ပျိုးကြပါသည်။

     ယခုရာသီအချိန်တွင် ထားဝယ်မြို့နယ်အတွင်း ဝင်‌ရောက်လာသည့် တညင်းသီးများမှာ ကလိန်အောင်၊ရေဖြူဘက်မှဖြစ်ပြီး တညင်းသီးအကြီး (၁၀)လုံးလျှင် (၁၅၀၀) ကျပ်၊ အလုံး သေး (၁၀)လုံးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ ထန်းလျက်စျေးနှုန်းစျေးကွက်

     ထန်းလျက်သည် မြန်မာနိုင်ငံမှထွက်ရှိသော မြန်မာတို့၏ ရိုးရာအစားအစာ တစ်မျိုး ဖြစ်သည်။ ထန်းလျက်ကို အစားအစာနှင့် မုန့်များတွင်ထည့်သွင်းအသုံးပြုသကဲ့သို့ ဆေးဝါးအဖြစ်လည်း အသုံးပြု ကြသည်။ ထန်းလျက်ကို သကြားအစားထိုး အချိုဓာတ်အဖြစ်လည်း အသုံးပြုကြသည်။ ထန်းလျက်ကို အညာဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း မြို့နယ်များမှ အများဆုံးထွက်ရှိပြီး ကျောက်ပန်းတောင်းမှ ထွက်ရှိသောထန်းလျက်သည် လူကြိုက်များ၍ နာမည်ကြီးသည်။

     ထန်းလျက်သည် ထန်းပေါ်ဦးထန်းလျက်၊ အုန်းထန်းလျက်၊ ဇီးထန်းလျက်၊ နို့ထန်းလျက်၊ နှမ်းထန်း လျက်၊ မြေပဲထန်းလျက်၊ သံပုရာထန်းလျက်၊ ဂျင်းထန်းလျက် ဟူ၍ ရှိပြီး  အုန်းထန်းလျက်နှင့် ဇီးထန်းလျက်ကို လူကြိုက်အများဆုံးဖြစ်သည်။  ထန်းလျက်ကို ကြံသကာများ၊ သကြားများနှင့်ရော၍ချက်လုပ်မှု များလည်း ရှိနေသည်။ ထားဝယ်ဒေသထွက် အုန်းထန်းလျက်  ၁ပိဿာလျှင်(၁၃၀၀၀) ကျပ်ရှိပြီး ထန်းလျက်အလုံး ၁ပိဿာလျှင် (၉၅၀၀)ကျပ်တို့ ရှိကြောင်း သိရှိရပါသည်။  

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ရာသီပေါ်ဖလံတောင်ဝှေးဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ သပြေချောင်းရွာ ဈေးတွင်  ဖလံတောင်ဝှေး များ   ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဖလံတောင်‌ဝှေးသည် ကျန်မားရေးအတွက် လွန်စွာမှ အထောက်အပံ့ပြုသည် သဘာဝဆေးဖက်ဝင် အပင်တစ်မျိုး ဖြစ်ပါသည်။ ဖလံတောင်ဝှေသည် မိုးရာသီတွင်ကာလများတွင်သာ တွေ့ရသော ရာသီစာ အပင်တစ်မျိုးဖြစ်၍ အိမ်ရှင်မများယခုလို ပေါ်ဦးပေါ်ဖျားအချိန်တွင်ဝယ်ယူ၍ အရသာရှိစွာ ကြော်လှော်ချက်ပြုတ်စားသောက်ကြသည်။ စျေးကွက်အတွင်းသို့ ရန်ကုန်မှ တဆင့် ဝင်ရောက်လာ၍ တစ်ဆင့်ပြန်လည်ဝယ်ယူရောင်းချကြောင်းသိရှိရသည်။ ဖလံတောင်ဝှေး ၃ချောင်းပါ တစ်စည်းလျှင် (၂၀၀)ကျပ်ဖြစ်ပြီး အစည်းကြီးတစ်စည်းလျှင် (၁၀၀၀)ကျပ် ဖြစ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိသင်္ဘောသီးမှည့် စျေးနှုန်း/စျေးကွက်

    သင်္ဘောပင်သည်‌မြန်မာနိုင်ငံ၌စီးပွားဖြစ်စိုက်ပျိူးနေသော ဝင်ငွေရရှိနေသောသီးနှံ တစ်မျိုးဖြစ်သည့်အလျောက် စျေးကွက်ဝင်ရောင်းအား ကောင်းသောသီးနှံလည်းဖြစ်ပါသည်။ အလွယ်တကူစိုက်ပျိုးဖြစ်ထွန်းသောသီးနှံဖြစ်သဖြင့် စိုက်ပျိုးသူများအနေဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး နေအိမ်များတွင်လည်း စိုက်ပျိးနိုင်ပါသည်။

     ထားဝယ်မြို့ စည်ပင်သာယာစျေးကြီးများနှင့်ကမ်းနားပျံကျစျေးများတွင် ရောင်းချနေ သော စျေးနှုန်းများအရ သင်္ဘောသီးမှည့်အလုံးကြီးတစ်လုံးလျှင် (၂၀၀) ကျပ်အထိ ရောင်းအား ကောင်းလျက်ရှိကြောင်း သစ်သီးမျိုးစုံရောင်းချနေသော စျေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ ဆူးပုတ်ရွက်ဈေးနှုန်း

      သားငါးများထက် ရာသီမရွေးပေါ်ထွက်သောသီးနှံများ၊ ရာသီအလိုက်ထွက်ပေါ်သော သီးနှံများကိုလည်း နှစ်သက်မြတ်နိုးစွာစားသုံးမှုများရာ ယခုဈေးကွက်များအတွင်းသို့ ဆူးပုတ်ရွက်များ ဝင်ရောက်လာသဖြင့် ဝယ်ယူစားသောက်မှုများ၍ စိုက်ပျိုးသူများ၊ အရောင်းအဝယ်ပြုလုပ်သူများ အနေဖြင့် အရောင်းအဝယ်သွက်လျက်ရှိပါသည်။

           ဆူးပုတ်ပင်သည် အိမ်ခြံဝန်းကျယ်သောသူများနှင့်တောရွာများတွင် နေထိုင်သူများ သည် မိမိတို့မီးဖိုချောင်စရိတ်သက်သာစေရန်နှင့် အိမ်ခြံဝန်းအတွင်းစိမ်းစိမ်းစိုစိုဖြင့် နေထိုင်လိုကြသူများမှ စိုက်ပျိုးလေ့ရှိကြပြီး စီးပွားဖြစ်စိုက်ပျိုးမှုများလည်းရှိကြပါသည်။ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ အတွင်း ဆူးပုတ်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၄၀၀) ကျပ်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ပန်းဂေါ်ဖီစိမ်းစျေးနှုန်းအခြေအနေ

     ထားဝယ်ကုန်စိမ်းစျေးကွက်သို့ ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း ပန်း‌ဂေါ်ဖီစိမ်းများ ဝင်ရောက် မှုနည်းသွားသည့်အတွက် စျေးအနည်းငယ်မြင့်သွားကြောင်း သိရပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဒေသများမှ ထွက်ရှိသည့် ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ စျေးကွက်အတွင်း ဝင်ရောက် လျက်ရှိပြီးစျေးကွက်အတွင်း အရောင်းသွက်သည့် ကုန်စိမ်းအမယ်များဖြစ်ကာ ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှုပိုသည့်အတွက် စျေးပိုရကြောင်း သိရှိရပါသည်။

      ထားဝယ်ကုန်စိမ်းစျေးကွက်အတွင်း ပန်းဂေါ်ဖီစိမ်းများမှာ အရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြားမှုများရှိပြီး တစ်ပွင့်လျှင်(၄၀၀၀ ကျပ်မှ ၅၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ဝက်သားစျေးနှုန်း/စျေးကွက်

        ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်း ထားဝယ်မြို့ရှိ ကမ်းနားပျံကျစျေးနှင့် အခြားရပ်ကွက် ကျေးရွာများရှိ စျေးများတွင် ရောင်းချနေသောစျေးနှုန်းများအရ တစ်ပိဿာလျှင် (၃၄၀၀၀) ကျပ် အထိရှိပြီး ယခင် ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိ ရပါသည်။

          ဝက်သား‌စျေးနှုန်းများမြင့်တက်နေရခြင်းမှာ လမ်းခရီးအခြေအနေအရ ဝက်စာကုန်သွယ်မှု အနည်းငယ်ကျန့်ကြာနေသည့်အတွက် ဝက်စာစျေးနှုန်းနှင့်မွေးမြူရေးစရိတ်များ အနည်းငယ်မြင့် တက်နေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ရှိ ရှောက်သီးဈေးနှုန်းအခြေအနေ

      တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့အနီးအနားရွာများမှ   ထွက်ရှိသော ရှောက်သီးများကို ထားဝယ်မြို့ပေါ်ရှိ အဝယ်ဒိုင်များမှ ခြံအထိလာရောက်ဝယ်ယူပြီး ၎င်းအဝယ်ဒိုင်များမှတစ်ဆင့် စည်ပင်သာယာဈေး၊ကမ်းနားဈေး၊ညနေဈေးတို့တွင် ပြန်လည်ရောင်းချကြကြောင်း သိရှိရပါသည်။ မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် ဒေသထွက်သီးနှံဖြစ်သည့် ရှောက်သီးများအား  ရှောက်ပေါင်းချိုပြုလုပ်ပြီး တခြားမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ယခုအချိန်တွင်  ရှောက်သီးအလုံးသေးတစ်လုံးလျှင် ၃၀၀ကျပ်၊ အလုံးကြီးတစ်လုံးလျှင်(၅၀၀) ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စားသုံးသူများပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိဂေါ်ဖီထုပ်ဈေးနှုန်း/ဈေးကွက်

     ဂေါ်ဖီထုပ်သည် မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးစိုက်ပျိုးသော ဟင်းသီးဟင်း ရွက်အမျိုး အစားဖြစ် ပါသည်။ တစ်နှစ်ပတ်လုံး ဈေးကွက်တွင် တွေ့မြင်ရပြီး နည်းလမ်းမျိုးစုံဖြင့် ချက်ပြုတ်စားသောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ထားဝယ်‌ဒေသည် ဂေါ်ဖီထုပ်ထွက်ရှိသည့်‌ဒေသမဟုတ်သည့်အတွက် ရှမ်းပြည်နယ်ဘက်မှ ကားများ ဖြင့် အဆင့်ဆင့်သယ်ယူရောင်းချကြပြီး ဂေါ်ဖီထုပ်တစ်လုံးလျှင်(၀၀၀) ကျပ်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း