Main menu

မြင်းခြံမြို့၏ ဈေးနှုန်းမြင့်တက်လာသော ပဲဇီးကွက်

Powered by Drupal

           မြင်းခြံမြို့နယ်အတွင်းရှိ ကုန်စည်ဒိုင်တွင် နေ့စဉ်ပဲမျိုးစုံအရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိရာ ပဲဇီးကွက်  ပဲများကိုလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ပဲဇီးကွက် တစ်တင်းလျှင် (၁၀၄၅၀၀)ကျပ်ခန့် ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်လ စက်တင်ဘာလ တတိယပတ်တွင် ပဲဇီးကွက် တစ်တင်းလျှင် (၉၁၂၀၀)ကျပ်ဝန်းကျင်ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူ နှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် ပဲဇီးကွက်တစ်တင်းလျှင် (၁၃၃၀၀)ကျပ် ခန့်ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ထိုသို့မြင့်တက်ခဲ့ခြင်းမှာ ဈေးကွက်တွင် ပဲဇီးကွက်လက်ကျန် အိတ်များ နည်းလာပြီဖြစ်၍ ရောင်းလိုအားနည်းပြီး ဝယ်လိုအားများသောကြောင့် ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ပွဲရုံများတွင် နေ့စဉ် အရောင်းအဝယ်ဖြစ်မှုအနေဖြင့် (၁၀၀-၁၅၀) အိတ်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နှင့် ရွှေပြည်သာမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ၏ ပြောပြချက်အရသိရှိရသည်။

DOCA (မန္တလေး)