Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၏ စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

       မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခုတစ်ပတ် (၂၁.၁၁.၂၀၂၅) ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်)တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၇၅၀ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၈၂၅ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၇၁၀ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၂၄၅ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၉၁၀ ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၉၉၅ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၈၆၀ ကျပ်၊ ဒီဇယ် (အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ ၃၄၆၅ ကျပ်ဖြင့် ရောင်းချလျက်ရှိရာ  ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ ဈေးနှုန်းကျဆင်းနေသော ကြက်ဆူစေ့သီးနှံ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကြက်ဆူစေ့သီးနှံကို စိုက်ပျိုးထားရှိကြောင်း၊ ကြက်ဆူစေ့သီးနှံကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်းဈေးနှုန်းမှာ ကြက်ဆူစေ့တစ်တင်းလျှင် (၄၇၅၀၀)ကျပ်၊ ကြက်ဆူစေ့ညံ့လျှင် (၄၇၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်ဆူသီနှံကို သီးညှပ်အနေဖြင့်လည်းကောင်း၊ ယာခင်းဘေး၌လည်းကောင်း၊ စိုက်ပျိုး၍ရသော ကြောင့် တောင်သူများအတွက် တွက်ခြေကိုက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ကျွန်းလှမြို့နယ်မှထွက်ရှိသော ကြက်ဆူစေ့သီးနှံကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းသီးနှံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆောင်းရာသီရောက်၍ ဈေးတက်လာသော ကင်ပွန်းချဉ်

            ကင်ပွန်းချဉ်သည် လူတိုင်းစားသုံးပေးသင့်သော အရွက်တစ်မျိုးဖြစ်ပြီး ဆေးဝါးအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသကဲ့သို့ ကျန်းမာရေးမကောင်းသူများ၊ ခံတွင်းမကောင်းသူများနှင့် အိပ်မပျေိာ်သူများအနေဖြင့် အဓိကစားသုံးပေးသင့်ပါသည်။ ကင်ပွန်း ချဉ်သည် နွေရာသီတွင် ရွက်နုများထွက်ပြီး အညွန့်တဝေဝေဖြင့် ခူးရသော အရွက် တစ်မျိုးဖြစ်ပါသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် နွေရာသီမှာ ဖြိုင်ဖြိုင်ပေါ်၍ ကင်ပွန်းချဉ် (၁၀) ကျပ်သားလျှင် (၈၀၀/၁၀၀၀) ကျပ်ဖြင့် ရောင်းချခဲ့ပြီး ယခု နိုဝင်ဘာလတတိယပတ်တွင် ကင်ပွန်းချဉ်(၁၀) ကျပ်သားလျှင် (၁၅၀၀)ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်နေကြောင်း သီးနှံရောင်းချသူ ဈေးသည်ထံမှ သိရသည်။ ကင်ပွန်းချဉ်ရွက်သည် ဟင်းအဖြစ်ချက်ပြုတ်စားသောက်နိုင်ရုံတင်မကဆေးဝါးအဖြစ်ပါအသုံးဝင်သောကြောင့်ရာသီမရွေးရောင်းအားကောင်းကြောင်းသိရသည်။ DOCA(မန္တလေး)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့် ကုလားပဲမျိုးစုံဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများသည် ကုလားပဲသီးနှံများလည်း စိုက်ပျိုးကြောင်း သိရသည်။

         ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ကုလားပဲထိုင်ဝမ်()တင်း လျှင် (၆၇၅၀၀)ကျပ်၊ ကုလားပဲ(929)()တင်းလျှင် (၇၂၀၀၀)ကျပ်၊ ကုလားပဲ(V2)()တင်းလျှင် (၇၂၅၀၀)ကျပ်နှင့် ကုလားပဲ(V7)()တင်းလျှင်(၇၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခုနိုဝင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း၊ ကုလားပဲထိုင်ဝမ်()တင်းလျှင် (၅၀၀)ကျပ်၊ (929)()တင်းလျှင် (၂၀၀၀)ကျပ်၊ (V2)()တင်းလျှင် (၁၀၀၀)ကျပ်နှင့် (V7)()တင်းလျှင်(၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ကျွန်းလှမြို့နယ်မှ ထွက်ရှိသော ကုလားပဲများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သင်္ဘောအဖိုအပွင့် ဆေးဖက်ဝင်ပုံနှင့် ဈေးနှုန်း

      သင်္ဘောအဖိုအပွင့်သည် ကင်ဆာအမျိုးမျိုး ပျောက်ကင်းစေခြင်း၊ သွေးလွန်တုတ်ကွေးကို သက်သာစေခြင်း၊ ဝမ်းမီးတောက်ပြီး အစာကို ကြေညက်စေခြင်း၊ နားအူနားကိုက်နားလေထွက် နားလေးတို့အတွက် အထူးကောင်းမွန်ကြောင်းသိရှိရသည်။သင်္ဘောအဖူးအပွင့်ကို ရေနွေးဖျော၍ မြေပဲဆံထောင်း၊ပဲမှုန့်အကျက်၊ ကြက်သွန်နီ ဆီချက်တို့ ဖြင့် အသုပ် သုပ်စားလျှင် စား၍ကောင်းပြီး ဆေးဖက်လည်းဝင်ကြောင်း သိရှိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင်  ရောင်းချနေသော သင်္ဘောအဖူးအပွင့်မှာ ရံဖန်ရံခါသာ ဈေးကွက်အတွင်းရှိသောကြောင့် ဈေးနှုန်းမှာ (၂၅)ကျပ်သား လျှင် (၂၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

DOCA(မန္တလေး)

 

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲနီနှင့် ထောပတ်ပဲ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲမျိုးစုံစိုက်ပျိုးကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ် နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ပဲနီ(၁)တင်းလျှင် (၈၃၀၀၀)ကျပ်၊ အကွဲအနာပါ (၁)တင်းလျှင် (၈၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနိုဝင်ဘာလ စတုတ္ထပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၃၁၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၃၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ထောပတ်ပဲသီးနှံဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်း၊ စွန်တာနီ(၁)တင်းလျှင် (၅၀၀)ကျပ်မြင့်တက်လာကြောင်း၊ ပဲနီနှင့်ထောပတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပဲလွန်းဖြူသီးနှံ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများသည် ပဲလွန်းဖြူသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွန်းဖြူတစ်တင်းလျှင် (၈၁၅၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင်(၈၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနိုဝင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါ စတုတ္ထပတ်အတွင်း ပဲလွန်းဖြူ(၁)တင်း လျှင်(၅၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်မှထွက်ရှိသော ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ငါန်းဇွန်မြို့၏  ငါးအမျိုးမျိုးဈေးနှုန်းများ

               မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သည် မြစ်ကမ်းဘေးတည်ရှိပြီး စိုက်ပျိုးရေးကို အခြေခံ သော မြို့လေးတစ်မြို့ဖြစ်ပြီး တံငါလုပ်ငန်းလုပ်ကိုင်သူများလည်း ရှိကြပါသည်။ အချို့သည် မြို့ပေါ်ရှိ ငါးဒိုင်များသို့ လာရောက်ရောင်းချပြီး အချို့မှာ ကိုယ်တိုင်လာရောက် ရောင်းချကြောင်း သိရသည်။ငါန်းဇွန်မြို့နယ်တစ်ဝှမ်းရှိ ကျေးရွာများသည် ငါန်းဇွန်မြို့ပေါ်သို့ ငါးချဉ်များ လွန်စွာမှကြိုက်နှစ်သက်ကြ၍ လူကြုံမှာယူ စားသောက်ကြပါသည်။ ငါန်းဇွန်မြို့ရှိ မြို့မစည်ပင် သာယာဈေး သည် နံနက်ခင်းဈေးဖြစ်ပြီး ကုန်စိမ်း၊ သားငါး၊ ကုန်ခြောက်၊ ဆန်၊ ဆီ၊အဝတ်အထည် စသည့်ဖြင့် အစုံအလင်ရောင်းချသောဈေး ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ငါးဈေးနှုန်းများမှာ ငါးရံ့ တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ငါးတန် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ငါးဖယ် (ကောင်) တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်နှင့် ငါးချဉ် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း ငါးရောင်းချသူထံမှ သိရသည်။

DOCA(မန္တလေး)

 

   ငါန်းဇွန်မြို့  မြို့မစည်ပင်သာယာဈေးရှိ မီးဖိုချောင်သုံးသီးနှံဈေးနှုန်းများ

        မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သည် မြစ်ကမ်းဘေးတည်ရှိပြီး စိုက်ပျိုးရေးကို အခြေခံ သော မြို့လေးတစ်မြို့ဖြစ်သည်။ ငါန်းဇွန်မြို့ရှိ မြို့မစည်ပင်သာယာဈေး သည် နံနက်ခင်းဈေးဖြစ်ပြီး ကုန်စိမ်း၊ သားငါး၊ ကုန်ခြောက်၊ ဆန်၊ ဆီ၊အဝတ်အထည် စသည့်ဖြင့် အစုံအလင်ရောင်းချသောဈေး ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော မီးဖိုချောင်သုံး သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၀၀၀/၁၂၀၀)ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ( ၇၀၀၀)ကျပ်၊ ငရုတ်သီးခြောက် (ရှည်) တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငရုတ်ပု တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် ဂျင်း တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်ခြောက်ရောင်းချသူထံမှ သိရသည်။ DOCA(မန္တလေး)

 

ကျွန်းလှမြို့နယ်၌ ပဲဇီးကွက်သီးနှံဈေးနှုန်း ဆက်လက်ကျဆင်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲဇီးကွက်သီးနှံများကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ ပဲဇီးကွက်တစ်တင်းလျှင် (၉၁၅၀၀)ကျပ်၊ အကွဲအနာပါလျှင်(၉၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၂၅၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်မှထွက်ရှိသော ပဲဇီးကွက်သီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း