Main menu

ညောင်တုန်းမြို့နယ် ထွက်ဆန်နှင့် ဆန်ကွဲများ နိုဝင်ဘာလ ရန်ကုန်တင်ပို့မှု အခြေအနေ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၄၈)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ စီးထွက်လျက်ရှိပြီး  ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။

    ဆန်များကို ရန်ကုန် သီလဝါ ဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း၊ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့ တို့သို့ လည်းကောင်း ဆန်ကွဲများကို စက်မှုဇုန်လုပ်ငန်းများသို့လည်းကောင်း နေ့စဉ်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

     ညောင်တုန်းမြို့နယ် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့်  ၂၅၀၅၄၅ အိတ်၊ တန်အားဖြင့် ၁၂၅၂၇ တန်နှင့်  ဆန်ကွဲအနေဖြင့် ၉၉၄၅၄ အိတ်၊ တန်အားဖြင့် ၄၉၇၂ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် တင်ပို့မှု အနေဖြင့် ယခင်လထက် ဆန်အိတ် ၁၃၂၀၄၅ အိတ်၊  ဆန်ကွဲ ၅၈၄၃၄ အိတ် ပိုမို တင်ပို့နိုင်ခဲ့ကြောင်း ဆန်စက်နှင့် သိုလှောင်ရုံများမှ နေ့စဉ်စီးထွက် ကုန်ရပြေစာဖြင့် ထွက်ရှိမှု စာရင်းများအရ သိရသည်။

DOCA(ဧရာဝတီ)