
မြင်းခြံမြို့နယ်သည် ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံနှင့် ကြက်သွန်နီသီးနှံများ စိုက်ပျိုးလျက် ရှိရာ ပဲစဉ်းငုံသီးနှံကိုလည်း တောင်သူများအနေဖြင့် နှစ်စဉ်စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း၊ ဒေသတွင်း စိုက်ပျိုးသောမျိုးမှာ ပဲစဉ်းငုံအဖြူမျိုးနှင့် အနီမျိုးများကိုသာစိုက်ပျိုးကြောင်း၊ ယခု၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ မြင်းခြံကုန်စည်ဒိုင်တွင် ပဲစဉ်းငုံဖြူတစ်တင်းလျှင် (၇၀၀၀၀) ကျပ်၊ ပဲစဉ်ငုံနီ တစ်တင်းလျှင် (၇၉၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်လ နိုဝင်ဘာလ၌ ပဲစဉ်းငုံဖြူတစ်တင်းလျှင် (၇၃၀၀၀) ကျပ်၊ ပဲစဉ်ငုံနီတစ်တင်းလျှင် (၈၁၀၀၀) ကျပ်ခန့်ပေါက်ဈေးများ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ပဲစဉ်းငုံဖြူ တစ်တင်းလျှင် (၃၀၀၀) ကျပ်၊ ပဲစဉ်ငုံနီတစ်တင်းလျှင် (၂၀၀၀) ကျပ်ခန့်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ပဲသစ် များထွက်ပေါ်ခါနီးပြီဖြစ်၍ ပဲစဉ်းငုံဟောင်းများ အရည်အသွေးကျဆင်း လာသောကြောင့် ဈေးနှုန်း များကျဆင်းခြင်းဖြစ်ကြောင်း၊ ပဲအရည်အသွေးပေါ် အခြေခံပြီး ဈေးဖြတ်၍၊ အရောင်းအဝယ် ပြုလုပ်ကြ ကြောင်း ယခုအချိန်၌ လက်ကျန်ပဲစဉ်းငုံများ လည်းလျော့နည်း လာပြီဖြစ်၍ အိတ်အနည်းငယ်သာ အရောင်းအဝယ်ပြုလုပ်ကြကြောင်း၊ ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)
