Main menu

ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်နေသည့် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတန်း၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြသလို ထမင်းဆိုင်နှင့် စားသောက်ဆိုင်များမှ အဓိကဝယ်ယူကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ဂေါ်ဖီထုပ်အကြီး(၁)ထုပ်လျှင် (၅၀၀၀)ကျပ်၊ အသေး(၁)ထုပ်လျှင် (၄၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၄၀၀၀)ကျပ်နှင့် ပန်းဂေါ်ဖီအသေး(၁)ပွင့်လျှင် (၃၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ၊ နိုဝင်ဘာလ စတုတ္ထပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဒီဇင်ဘာ ပထမပတ်အတွင်း ဂေါ်ဖီထုပ်(၁)ထုပ်လျှင် (၅၀၀)ကျပ် ဈေးနှုန်းဆက်လက်မြင့်တက်လာကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)