Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နတ်တလင်းဒေသထွက် ရှောက်ချိူသီး ဈေးနှုန်းဈေးကွက်

   နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မြို့မဈေးကြီးနှင့် ညနေဈေးတို့တွင်ဒေသထွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများနှင့် နတ်တလင်းဒေသထွက် ရှောက်ချိုသီးများ ကိုရောင်းချလျက် ရှိပါသည်။

   ရှောက်ချိုသီးကို နတ်တလင်းမြို့နယ် အနောက်စုကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ ရှားဖြူကုန်းကျေးရွာ၊ ကြွက်နွယ်တောကျေးရွာ စသည့်ကျေးရွာများက ရှောက်ချိုသီးများကို ဈေးကွက် အတွင်း‌ လာရောက်ရောင်းချခြင်းဖြစ်ပြီး ယခုနိုဝင်ဘာလ တတိယပတ်၌ ရှောက်ချိူသီး တစ်လုံးလျှင် အရွယ်အစားကို လိုက်၍ (၂၀၀-၁၅၀)ကျပ်ဖြင့်ရောင်းချကြောင်း ရှောင်ချိူပင်တစ်ပင်လျှင် ရေမြေ အနေအထားပေါ် မှုတည်၍ တစ်နှစ်အလုံးရေ ၃၀၀ နှင့် ၁၀၀၀  ကြားထွက်ရှိပါကြောင်း ဈေးကွက် အနေဖြင့် ကျောင်းဈေးများ အချဉ်ပေါင်းသည်များက ဝယ်ယူပါကြောင်း ကြို့ပင်ကောက်မြို့၊ သုံးဆယ်မြို့များ သို့လည်းတင်ပို့ရောင်းချရသဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပါကြောင်း ရှောက်ချိုသီး ရောင်းဝယ်သူ တစ်ဦးထံမှ သိရသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၏ ဆန်စပါးဈေးကွက်

     ပြည်ခရိုင်အတွင်း စပါးသစ်များ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်ပါသည်။ ပြည်ခရိုင်တွင် စပါး စိုက်ဧက (၂၂၆၄၉၇)စိုက်ပျိုးပြီး ရိတ်သိမ်းပြီးစီးမှုမှာ (၅၂၆၆၇)ဧကရှိပါသည်။ အထွက်နှုန်းအနေဖြင့် (၉၁.၈၉)% ထွက်ရှိပါသည်။ စပါးသစ်များမှာ ယခင်နှစ် စပါးသစ်ပေါ်ချိန်တွင် (၄၆)ပေါင် တင်း(၁၀၀) လျှင် (၁၄၀၀၀၀၀)ကျပ်ဈေးရှိခဲ့ပါသည်။ ယခုနှစ် နိုဝင်ဘာလတွင် စပါးအသစ် (၄၆)ပေါင် ဧည့်မထ စပါးအုပ်စုဈေးမှာ (၄၆)ပေါင် တင်း(၁၀၀)လျှင် ပြည်မြို့နယ်တွင် (၁၂၄၀၀၀၀)ကျပ်၊ ရွှေတောင်မြို့ နယ်တွင် (၁၂၄၀၀၀၀)၊ ပေါက်ခေါင်းမြို့နယ်တွင် (၁၀၆၀၀၀၀)ကျပ်၊ ပန်းတောင်းမြို့နယ်တွင် (၁၂၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး လက်ကားရောင်းချသော ဆန်သစ်ဈေးများမှာ အင်းမ ရဲဘော်ရိုးရိုး (၅၀၀၀၀)၊ အင်းမစူပါ  (၅၃၀၀၀)၊ ကရင်မဆန် (၄၅၀၀၀)၊   ဆင်းသွယ် (၄၃၀၀၀)     ရိုးနီ(အသစ်)(၈၈၀၀၀)၊ ရတနာတိုး (၄၂၀၀၀)၊ မှော်ဘီသစ် (၆၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ လက်လီ ရောင်းချသော ဆန်ဆိုင်များတွင် ဆန်တစ်ပြည်လျှင် (၂၀၀၀) ကျပ်မှ (၄၃၀၀)ကျပ်အထိရောင်းချသော်လည်း ဆန်သစ်ဈေးများမှာ လက်ကားရောင်းချသော ဆန်များဈေးကျဆင်းနေကြောင်းသိရပါသည်။ Export ရောင်းချနိုင်ခြင်းမရှိဘဲ တိုင်းတွင်းနှင့် အခြားတိုင်းများသို့သာ တင်ပို့ရောင်းချရသည့်အတွက် ဆန်ဈေးများကျဆင်းနေရခြင်း ဖြစ်ပါသည်။

          ပြည်ခရိုင် အခြားတိုင်းများဖြစ်သည့် မကွေးတိုင်းသို့ ဆန်အိတ်ရေ (၃၀၀)ခန့်၊ ရန်ကုန်သို့ ဆန်အိတ်ရေ (၈၀၀၀)ခန့်တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင် ရောင်းချနေသော ခရမ်းကစော့သီး

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ခရမ်းကစော့ပင်များ စိုက်ပျိုးထားကြောင်းသိရသည်။ ပြည်မြို့အတွင်းရှိ ဈေးများတွင် ခရမ်းကစော့သီးများ အရောင်း သွက်နေကြောင်းသိရသည်။ ခရမ်းကစော့သီးတွင် ဗီတာမင် A , C  သံဓါတ်စသည်တို့ အကျိုးပြု ဓါတ်ပေါင်းများ ပါဝင်ပြီး အစာစားချင်စိတ်ကိုဖြစ်စေခြင်း၊ အစာချေဖျက်ခြင်းကိုကူညီပေးခြင်း၊ အစာအိမ်အနာကို ပျောက်ကင်းစေခြင်း၊ လည်ချောင်းနာခြင်းကို သက်သာစေခြင်း၊ အသားဝါခြင်းကို ကာကွယ်ပေးခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက်များကို လှုံ့ဆော်ပေးခြင်းစသည့် အစွမ်းသတ္တိများ ရှိကြောင်း သိရသည်။

          ခရမ်းကစော့သီးများကို မီးကင်ပြီးစားလို့ရသလို ပြုတ်ပြီး တို့စရာအဖြစ်စားသုံးကြပါသည်။ ခရမ်းချည်သီးဖြင့်လည်း ချက်ပြုတ်၍စားလို့ရကြောင်းသိရသည်။ ပြည်ဈေးကွက်တွင် ရောင်းချ နေသော ခရမ်းကစော့သီးဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင် (၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်တို့ဖြင့် ရောင်းချနေကြောင်းသိရသည်။

DOCA(ပဲခူး)   

ပြည်ဈေးကွက် ကြက်သွန်နီ အရောင်းသွက်

    ယခုနိုဝင်ဘာ တတိယပတ်အတွင်း မကွေးတိုင်း၊ မန္တလေးတိုင်းတို့၏ အောင်လံ၊ ဆိပ်ဖြူ၊ ရေနံချောင်း၊ ကျောက်ပန်းတောင်းစသည့်မြို့နယ်များမှ ကြက်သွန်နီလက်ကျန်အဟောင်းများ မကြာခင် အညှောင့်များထွက်လာပြီး သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် တောင်သူများမှ သိုလှောင်ကြက်သွန်နီများ ဈေးကွက်တင်ပို့ရောင်းချမှုများရှိလာသည့်အတွက် ပြည်ဈေးကွက်တွင် ကြက်သွန်နီ အဝင်များလျက်ရှိနေသည်။ အဝင်များသည့်အတွက် ဈေးနှုန်းမှာ ကျဆင်းလျက်ရှိပြီး တစ်နေ့လျှင် ပိဿာချိန် ၁၃၀၀၀ ခန့် အဝင်ရှိနေသည်။ စားသုံးသူများမှလည်း ဈေးနှုန်းကျဆင်းလာ သဖြင့် ပိုမိုသုံးစွဲလာသည့်အတွက် ပြည်ဈေးကွက်အတွင်း ပွဲရုံများ၌ ဒေသတွင်း ဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသများများနှင့် နယ်ကျော်စီးဆင်းမှုများအဖြစ် ပန်းတောင်း၊ ဥသျှစ်ပင်၊ နတ်တလင်း၊ ပေါင်းတည်၊ သာယာဝတီတို့သို့ စီးဆင်းမှုများဖြင့် ရောင်းဝယ်မှုသွက်လျက်ရှိနေသည်။ ဈေးနှုန်းမှာ ယခင် အောက်တိုဘာလအတွင်း လက်လီ/လက်ကား တစ်ပိဿာကို ကျပ် (၁၈၀၀ - ၂၀၀၀-၂၂၀၀)ကျပ်နှုန်းရှိခဲ့ပြီး ယခု နိုဝင်ဘာလတွင် ပွဲရုံများ၌ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်း ခွဲခြားရောင်းချမှုများရှိ၍ (ကြီး/လတ်/သေး) လက်ကားဈေး တစ်ပိဿာလျှင် ကျပ် (၁၀၀၀-၁၂၀၀-၁၃၀၀-၁၄၀၀)ကျပ်နှုန်းနှင့် ပြည်မြို့ပေါ် လက်လီဈေးများတွင် ကျပ် (၁၅၀၀ - ၁၆၀၀-၁၇၀၀)ကျပ် နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြောင်းသိရသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့နယ်ထွက် ပန်းဂေါ်ဖီဈေးကွက်

      ရွှေတောင်မြို့ မီးလောင်အုပ်စု အင်္ဂလိုင်ဂန်ကျေးရွာရှိ တောင်သူဦးမျိုးဝင်း၏ ပန်းဂေါ်ဖီစိုက်ခင်းသို့ (၁၃.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီတွင် သွားရောက်ကွင်းဆင်း လေ့လာခဲ့ပါသည်။ ကျောက်စိမ်းမျိုးဖြစ်သော ပန်းဂေါ်ဖီမျိုးများကို တော်သလင်းလတွင် စတင် စိုက်ပျိုးပြီး တန်ဆောင်မုန်းလတွင် ပန်းဂေါ်ဖီများကို ခူးဆွတ်ရောင်းချရပါသည်။ စိုက်ဧကမှာ တစ်ယောက်စိုက်ရှိပြီး အပင်ရေ ၄၅၀၀ ခန့်ရှိပါသည်။ ပန်းဂေါ်ဖီများကို တစ်ခါခူးဆွတ်လျှင် အပွင့် ၃၀၀ ကျော် ခူးဆွတ်ရပြီး ၂ ရက်ခြား တစ်ခါ ခူးဆွတ်ရပါသည်။ တစ်ယောက်စိုက် စိုက်ခင်းမှ ပန်းဂေါ်ဖီများကို ၁၀ ကြိမ်သာ ခူးဆွတ်ရပါသည်။ ပေါ်ခါစတွင် ဈေးကောင်းရ၍ တစ်ပွင့်ကို တစ်ထောင်ကျပ်နှုန်းဖြင့် ဖော်သည်ပေးရပြီး လှိုင်လှိုင်ပေါ်ချိန် တွင် တစ်ပွင့်ကို ၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေပါသည်။ ပွဲစားများမှ လာရောက်ကောက်ယူပြီး တခြား မြို့များနှင့် မြို့တွင်းတွင် ပြန်လည်ရောင်းချရပါသည်။ ကုန်ကျစရိတ်မှာ ၅သိန်းခန့်ရှိပြီး အကျိုးအမြတ်မှာ ဈေးနှုန်းအတက် အကျပေါ်မူတည်၍ ပြောင်းလဲနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

မုံရွာမြို့ပေါ်တွင်ရောင်းချနေသော ပန်းဖယ်လိမ္မော်သီးနှင့်ဆန်းကစ်သီး ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာအတွင်းတွင် ပန်းဖယ်လိမ္မော်သီးနှင့် ဆန်းကစ်သီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းဖယ်လိမ္မော်သီးနှင့် ဆန်းကစ်သီးများကို အေး၍စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထအပတ်အတွင်းတွင် ရောင်းချနေသော ပန်းဖယ်လိမ္မော်သီးနှင့် ဆန်းကစ်သီးဈေးနှုန်းမှာ ပန်းဖယ်လိမ္မော်သီး ၂၅ ကျပ်သား (၂၀၀၀)ကျပ်၊ ၅၀ ကျပ်သား (၄၀၀၀) ကျပ် နှင့် ၁ ပိဿာ လျှင် (၁၀၀၀၀) ကျပ်၊ အလားတူ ဆန်းကစ်သီးဈေးနှုန်းမှာ ၂၅ ကျပ်သား (၁၇၀၀)ကျပ်၊ ၅၀ကျပ်သား (၃၅၀၀)ကျပ်နှင့် ၁ပိဿာလျှင် (၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံမျိုးစုံရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ ထောပတ်သီး ဈေးနှုန်းဈေးကွက်

          ရွှေဘိုခရိုင်၊ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းတွင် သစ်သီးမျိုးစုံရောင်းချသော ဆိုင်ပေါင်း (၈)ဆိုင်ခန့်ရှိပြီး နေ့စဉ်ပိတ်ရက်မရှိ နံနက် (၀၆:၀၀)နာရီအချိန်မှ နေ့လယ် (၁၄:၀၀)နာရီအထိ ရောင်းချလျက်ရှိပြီး ရာသီအလိုက် ကဗ္ဗလာသီး၊ နဂါးမောက်သီး၊ သင်္ဘောသီး၊ ထောပတ်သီး၊ ပျားလိမ္မော်၊ ပန်းသီး စသည့် သီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများမှ တစ်ဆင့်ယူ၍ ရောင်းချကြောင်း သိရပါသည်။

          ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းတွင် ရောင်းချလျက်ရှိသော ထောပတ်သီးများမှာ တောင်ကြီးမြို့မှ လာသောထောပတ်သီး၊ ပြင်ဦးလွင်မြို့အနီးရှိ ကျေးရွာများမှ လာသောထောပတ်သီးများဖြစ်ပြီး မန္တလေးမြို့ ပွဲရုံများမှလည်း တစ်ဆင့် မှာယူရကြောင်း၊ ထောပတ်သီး တစ်အိတ်လျင် အကြီး/ အသေး ပေါ် မူတည်၍ အလုံး (၈၀)မှ (၁၀၀)ထိ ပါပြီး၊ တစ်အိတ်လျင် (၁၂၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ထောပတ်သီးများကို အလုံးအကြီး အသေးခွဲ၍  လက်လီတစ်လုံးလျင် အကြီး ၁၅၀၀ ကျပ်၊ အလတ် ၁၀၀၀ကျပ်၊ အသေး  ၈၀၀ကျပ်၊ထောပတ်သီး မျိုးကွဲ (Hass)သီး 1Kg လျှင်  (၅၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်ထိ ရောင်းချရပြီး ထောပတ်သီးများကို အအေးဆိုင်များ၊ တစ်ဆင့်လှည့်လည်ရောင်းချသော ဈေးသယ်များ ၊ စားသုံးသူများမှ ဝယ်ယူကြ၍ အရောင်းအဝယ်‌ဖြစ်လျက်ရှိကြောင်း သစ်သီးစုံလက္ကား ရောင်းချသည့် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားသုံးဆီဈေးနှုန်းအခြေအနေ

          စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

          ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၅)ဆိုင်ရှိပြီး နိုဝင်ဘာလ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၉၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု နိုဝင်ဘာလ ‌နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၉၅၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် နှမ်းဆီသန့် တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး၊  စားအုန်းဆီနှင့် ပဲဆီသန့်  တစ်ပိဿာဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီလက်ကား အရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် နိုဝင်ဘာလ နောက်ဆုံးပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၇၄၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၈၂၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၇၀၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၂၄၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

       ယခု ၂၀၂၅ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၆၃၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၇၁၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၆၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၁၇၅)ကျပ် ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၁၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၁၀၅)ကျပ်၊  ဒီဇယ် (ရိုးရိုး)တစ်လီတာလျှင် (၄၀)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၆၅)ကျပ်  ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် ရာသီစာ ချဉ်ပေါင်ဖူးဈေးနှုန်း

          ရွှေဘိုမြို့ရှိ ဈေးများတွင် ရာသီပေါ်အသီးအနှံများကို ရောင်းချလျက်ရှိရာ ပေါ်ဦးပေါ်ဖျားဖြစ်သည့် ရာသီစာ ချဉ်ပေါင်ဖူးများကိုလည်း ရောင်းချလျက်ရှိပါသည်။ ချဉ်ပေါင်ဖူးမှာ ချဉ်ပေါင်ပင်မှ သီးသည်ဖြစ်၍ အညာအစားအစာဖြစ်သည့် ရာသီစာချဉ်ပေါင်ဖူးကို မြေပဲဆံ၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်တို့ဖြင့်ထောင်းကာ အချဉ်သုပ်အဖြစ်သော်လည်းကောင်း၊ ချိုချဉ်အရဿာဖြစ်အောင် ချဉ်ပေါင်ဖူးကိုအခြောက်လှမ်းပြီး သကြားနှင့် ယိုထိုးကာ ချဉ်ပေါင်ယိုသော်လည်းကောင်း စားသုံးကြပါသည်။ ပေါ်ဥပါ်ဦးဖျား ချဉ်ပေါင်ဖူးဈေးနှုန်းမှာ (၅)ကျပ်သားလျှင် (၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း အသီးအနှံရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း