Main menu

မိတ္ထီလာဈေးကွက်တွင် နှင်းဆီပန်းများဈေးတက်

Powered by Drupal

   မိတ္ထီလာမြို့ရှိ ပေါက်ချောင်းဈေးတွင် ဒီဇင်ဘာလဆန်း၌ နှင်းဆီပန်းများ ဈေးမြင့်လာကြောင်း သိရသည်။ နှင်းဆီတွင် အနီရောင်၊ အဝါရောင်၊ ပန်းရောင်၊ ပွင့်ဖက်တွင်ပန်းရောင်ဖျော့ဖျော့နှင့် ပွင့် ဆက်အနားကွက်မှာ အနီရောင်ရှိသည့် ဈေးကွက်အခေါ် ချိုချဉ်ရောင်တို့ကို ရောင်းချကြရာ အနီရောင် မှာ ဈေးအမြင့်ဆုံးဖြစ်ကြောင်းသိရသည်။ နှင်းဆီပန်းမှာ မိတ္ထီလာဈေးကွက်သို့ နေပြည်တော် (တပ် ကုန်း) မှ အများဆုံးဝင်ရောက်ရာ မိတ္ထီလာဈေးကွက်တွင် (၁၀) ပွင့် တစ်စီးလျှင် အနီရောင်မှာ (၅၀၀၀) ကျပ် ရှိပြီး၊ အခြားအရောင်များမှာ (၃၅၀၀) ကျပ်ရှိကြောင်းသိရသည်။ ယခင်လက အနီ ရောင်မှာ (၃၅၀၀) ကျပ်၊ ကျန်အရောင်များမှာ (၂၅၀၀-၃၀၀၀) ကျပ် ဈေးများရှိခဲ့သဖြင့် တစ်စီးလျှင် (၁၀၀၀-၁၅၀၀) ကျပ် ဈေးမြင့်လာပါသည်။ ဈေးမြင့်လာသော်လည်း ဆောင်းရာသီအအေးဓါတ် ကြောင့် ပန်းများ အထားခံကာ ဈေးကွက်တွင် ရောင်းအားပုံမှန်ရှိကြောင်းသိရသည်။

DOCA(မန္တလေး)