
စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်နွေပဲသီးတောင့်များ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ နွေပဲသီးတောင့်များ အရောင်းသွက်ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း နွေပဲသီး ပေါက်စျေးအနေဖြင့် လက္ကားစျေးတစ်ပိဿာလျှင် ၃၅၀၀ ကျပ်နှင့် ၄၀၀၀ ကျပ်၊ လက်လီစျေးတစ်ပိဿာ လျှင် ၄၅၀၀ကျပ်နှင့်၅၀၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေးအတွင်း ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ပဲစိမ်းအစိုမျိုးစုံ အပါအဝင် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၂၈၀)စီး နှင့် (၄၂၀) စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
