Main menu

မန္တလေးတိုင်းဒေသကြီးမှ စက်တင်ဘာလတွင် ဆက်သွယ်ရေး(အင်တာနက်)ဝန်ဆောင်မှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများ အဆင်ပြေ စေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား စစ်ဆေးရေးအရာရှိများအား ခန့်အပ်စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ၁-၉-၂၀၂၅ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီ အချိန်တွင် ၃၃လမ်းနှင့် ၈၁x၈၂ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်ရှိ “FORTUNE International Group” အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းအား စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမင်းလွင် ဦးဆောင်သော စစ်ဆေးအရာရှိများနှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန(မန္တလေးရုံးခွဲ)တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင် ယနေ့ခေတ်သည် ITခေတ် ဖြစ်သည့်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လိုင်စင်ရဆက်သွယ်ရေး အော်ပရေ တာ(၁)ခုအား ဝန်ဆောင်မှုဈေးကွက်စောင့်ကြည့်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် လုပ်ငန်းတစ်ခုချင်းစီ အလိုက် သတင်းအချက်အလက်များအား စားသုံးသူပြည်သူများ သိရှိရန်အတွက် ဆိုရှယ်မီဒီယာများ၌ ဖော်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်၍ ကြော်ငြာခြင်း၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိထားသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်(၁၁)ချက်ကို အခြေခံ၍ စားသုံးသူများသို့ ဆက်သွယ်ရေး (အင်တာနက်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များကို ကြိုတင်သတိ ပေးရန်နှင့် သတင်းအချက်အလက်ပေးထားသည့်အတိုင်း တာဝန်ယူ ဆောင်ရွက်ပေးစေရန် အဓိက ထားစစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ၊ ဆက်သွယ်ရေး ဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)