Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်မြို့နယ်အတွင်း စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်ဈေးဖြင့် ရောင်းချမှု ရှိမရှိ မြေပြင်ကွင်းဆင်းစစ်ဆေး

  (၂၆.၁.၂၀၂၆)ရက်နေ့ နံနက် (၀၉:၃၀)နာရီတွင် မအူပင်ခရိုင်၊ မအူပင်မြိုနယ် စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တွင်ပါဝင်သော မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့၊ ဆီလုပ်ငန်းရှင်၊ဆီလက်ကားကိုယ်စားလှယ်နှင့်စားသုံးသူရေးရာဦးစီးဌာနများ ပါဝင်သောပူးပေါင်းအဖွဲ့သည် မအူပင် မြိုနယ်အတွင်း စားအုန်းဆီလက်လီ/လက်ကား အရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်း၊နေ့စဉ်ရရှိသည့်ခွဲတမ်းအား စားအုန်းဆီဝယ်ယူ ခွင့်စာအုပ်ဖြင့် ရောင်းချခြင်း၊ အလေးချိန်နှင့်အရည်အသွေးမှန်ကန်မှုရှိမရှိတိုအား ကွင်းဆင်းစစ်ဆေးခဲ့ရာ လက်လီဆိုင်များအနေဖြင့် ထုတ်ပြန်ထားသည့် စားအုန်းဆီ‌ဖြန့်ဖြူးမှုမှတ်တမ်း (၆)မျိုး၊ မှန်(၆)မှန်နှင့်အညီ ရောင်းချနေကြောင်းစစ်ဆေးတွေရှိရပြီး၊ လာရောက်ဝယ်ယူသူများမှ ဈေးနှုန်း၊အလေးချိန်နှင့် တလ(၃)ကြိမ်ဝယ်ယူရရှိပါကြောင်း သိရှိရပြီး အဖွဲ့အနေဖြင့်ရောင်းချသည့် လက်လီဆိုင်များအား မှန်ကန်စွာရောင်းချရန်နှင့်ရောင်းချမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အုတ်ဖိုမြို့တွင် မုန့်ရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် သီတင်းကျွတ်ကာလသည် မုန့်ရောင်းချသည့်ဆိုင်များ အရောင်းအဝယ်သွက်သည့်အခါဖြစ်သဖြင့် ရောင်းချသည့်မုန့်များတွင် စားသုံးသူအန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရန်အတွက် အုတ်ဖိုမြို့နယ် စားသုံးသူရေးရာမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အုတ်ဖိုမြို့နယ်အတွင်း မုန့်ရောင်းချသည့် ဆိုင်များသို့ရှောင်တခင် ကွင်းဆင်းစစ်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် မုန့်ရောင်းချသည့်ဆိုင်များသည် သက်တမ်းကျော်လွန်သည့်မုန့်များ ရောနှောရောင်းချခြင်းမပြုကြရန် မြန်မာစာကုန်အညွှန်းအမှတ်အသားပါမှသာ ရောင်းချကြရန် ကုန်အညွှန်းအမှတ်အသားပါ အရေအတွက်အတိုင်းရောင်းချကြရန် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို  အပြည့်အဝလိုက်နာကြပါရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့နယ်တွင်   စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ်  လုပ်ဆောင်လျက်ရှိပါသည်။ ထို့သို့ဆောင်ရွက်ရာတွင် သာယာဝတီမြို့နယ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့မှ ၂၂.၁.၂၀၂၆ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် သာယာဝတီ မြို့မဈေးကြီးအတွင်း စားသုံးဆီရောင်းချနေသော လက်လီ/ လက်ကား ကိုယ်စားလှယ်ဆိုင်များအား  ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအခြေအနေများ၊ စားအုန်း ဆီရောင်းချမှုဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာအတိုင်း ရောင်းချမှုရှိ/ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/ မရှိ ၊ ရောနှောဆီများရောင်းချခြင်းမပြုရန် မှာကြားခဲ့ပါသည်။ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှုရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့တွင် ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သာယာဝတီမြို့နယ်တွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေး၊ သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် သာယာဝတီမြို့ နယ်အတွင်းရှိ ဆန်လက်လီ/ လက်ကား အရောင်းဆိုင်များ၊ သိုလှောင်ရုံများ၊ ဆန်စက်များသို့ အပတ်စဉ်အင်္ဂါနေ့တိုင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ (၂၂.၁.၂၀၂၆) ရက်နေ့တွင် သာယာဝတီ မြို့နယ်ရှိ ဦးလှမင်းဆန်ဆိုင်သို့  သွားရောက်ကွင်းဆင်းခဲ့ရာ ဒေသထွက် ဧည့်မထစပါးများကို ဝယ်ယူကြိတ်ခွဲလျက်ရှိပါကြောင်း၊ ဆန်ဈေးနှုန်းအနေဖြင့် (၁၀၈)ပေါင် တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့တွင် မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၆ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  မြို့မဈေးအတွင်းရှိ ဦးသန်းဝင်းမုန့်ဆိုင်အား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်းရှိ/ မရှိ၊ လက်ပံတန်း မြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်းနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည် အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့တွင် ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးဟောပြောခြင်း

             ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့နယ်  ဝေဠုန်ဝန်လမ်းရှိ AROMA သောက်ရေသန့်လုပ်ငန်းရှင် ဦးအောင်သက်ခိုင်နှင့် ၂၀၂၆ခုနှစ်ဇန်နဝါရီလ ၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ် တာဝန်ခံဦးကျော်မျိုးထွန်း၊  စားသုံး/ ထုတ်လုံတာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများမှ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ဥပဒေအခန်း(၁၁) ပါကုန်စည်နှင့် စပ်လျဉ်း၍ စားသုံးလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့တွင် ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သာယာဝတီမြို့နယ်တွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေး၊ သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် သာယာဝတီမြို့ နယ်အတွင်းရှိ ဆန်လက်လီ/ လက်ကား အရောင်းဆိုင်များ၊ သိုလှောင်ရုံများ၊ ဆန်စက်များသို့ အပတ်စဉ်အင်္ဂါနေ့တိုင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ (၂၂.၁.၂၀၂၆) ရက်နေ့တွင် သာယာဝတီမြို့နယ်ရှိ စိန်လျှံဖြိုးဆန်ဆိုင်သို့  သွားရောက်ကွင်းဆင်းခဲ့ရာ ဒေသထွက် ဧည့်မထစပါးများကို ဝယ်ယူကြိတ်ခွဲလျက်ရှိပါကြောင်း၊ ဆန်ဈေးနှုန်းအနေဖြင့် (၁၀၈)ပေါင် တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့တွင် စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

                ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ အုတ်ဖိုမြို့နယ်  ဈေးလမ်းရှိစားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးမြင့်ဦးနှင့် ၂၀၂၆ခုနှစ်၊  ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ်တာဝန်ခံဦးအေးဇော်ထိုက်နှင့်   ဝန်ထမ်းများမှ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊  သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁) ပါကုန်စည်နှင့် စပ်လျဉ်း၍ စားသုံးလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ကိတ်မုန့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေအမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် လစဉ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ဇီးကုန်းမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ ဇီးကုန်းမြို့နယ်အတွင်းရှိ ကိတ်မုန့်လုပ်ငန်းများအား (၂၆.၁.၂၀၂၆ ) ရက်နေ့ ဈေးကွက်မရောက်မှီ သွားရောက်စစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းမြိုပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်(၂) ဆိုင်အား ကွင်းဆင်းစစ်ဆေး

                       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် စစ်ကိုင်းခရိုင်     စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ  ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မန္တလေးမြို့ရှိ Mandalay Global Network Distribution  ကုမ္ပဏီမှ ခွဲတမ်းရရှိသော စစ်ကိုင်းမြိုပေါ်ရှိ   စားအုန်းဆီအရောင်းဆိုင် (၂ ) ဆိုင်ဖြစ်သော ဖြိုးဆီဆိုင်နှင့် သစ္စာဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဖြိုးဆီဆိုင်နှင့် သစ္စာဆီဆိုင် များအနေဖြင့် သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေး စားအုန်းဆီ တစ်ပိဿာ (၆၉၀ဝိ/-) ဖြင့်ဖြိုးဆီဆိုင်မှသောတာပန်တိုက်နယ်နှင့် သစ္စာဆီဆိုင်မှ ဒါးဝယ်ဈေးတိုက်နယ်များသို့ စာအုပ်စနစ်ဖြင့်ရောင်းချကြောင်း၊နေ့အလိုက်သတ်မှတ်ပေးထားသော ဗီနိုင်းလ်များနှင့် မှန်(၆)မှန်(စာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ဈေးနှုန်းမှန်၊အရေအတွက်မှန်၊အချိန်အတွယ်နှင့် အရည်အသွေးမှန်) ဗီနိုင်းများ ချိတ်ဆွဲထားကြောင်း တွေ့ရှိရပြီး သတ်မှတ်ထားသောရည်ညွှန်းဈေး ထက်ဈေးမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်း၊ ပြည်သူစားအုန်းဆီ (၂%) နှင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီ များအား ခွဲခြားပြီး ဖြန့်ဖြူးရန်နှင့် မြင်သာသော ဗီနိုင်းလ်များ ချိတ်ဆွဲ၍ ရောင်းချမည့် ဈေးနှုန်းများ ချိတ်ဆွဲထားရန်၊ အစိုးရဌာနများက မေးမြန်းမှုရှိသောအခါ ဂဃနဏ ရှင်းပြနိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

                                                                                    

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ