Main menu

မအူပင်မြို့နယ်၌ အသင့်စားမုန့်ဆိုင်များနှင့် ရေသန့်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

        (၁၅-၇-၂၀၂၆) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်ရှိ အသင့်စားမုန့်ဆိုင်များနှင့် ရေသန့်အမျိုးမျိုး ရောင်းချသည့်ဆိုင်များအား မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးမှ ရောင်းချလျက်ရှိသော အသင့်စားစားသောက်ကုန်များနှင့် ရေသန့်ထုတ်ကုန်များ၏ သက်တမ်းကုန်ဆုံးရက် (Expiry Date)၊ ထုတ်လုပ်သည့်နေ့စွဲ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု၊ ထုတ်လုပ်သူနှင့် ဖြန့်ဖြူးသူအချက်အလက်များ၊ ထုတ်ပိုးမှုအခြေအနေနှင့် ဈေးနှုန်းအညွှန်းများကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထို့ပြင် ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ သက်တမ်းလွန် ကုန်ပစ္စည်းများမရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ စားသောက်ကုန်များကို သန့်ရှင်းသပ်ရပ်စွာ သိုလှောင်ရောင်းချရန်နှင့် စားသုံးသူများအား မှန်ကန်ပြည့်စုံသော ကုန်ပစ္စည်းအချက်အလက်များဖြင့် ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးမှုသည် ဈေးကွက်အတွင်း အရည်အသွေးပြည့်မီ၍ စားသုံးရန် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များနှင့် သောက်သုံးရေများကိုသာ ရောင်းချအသုံးပြုနိုင်စေရေး၊ စားသုံးသူအခွင့်အရေးများကို ကာကွယ်မြှင့်တင်ရေးနှင့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်စေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)