Main menu

ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များအား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက် နံနက် ၀၉:၀၀ နာရီအချိန် တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အကြီးတန်းစာရေး)တို့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့မဈေးရှိ “မော်မော်နိုင်”ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့စစ်ဆေးရာတွင် ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသော ပစ္စည်းအမျိုးမျိုးအား ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြ ထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိ/မရှိ နှင့် သက်တမ်းလွန်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများ ကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)