Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း အမှုထမ်းများအား ၁၆.၅.၂၀၂၆ ရက်နေ့နေ့လည် ၁၁:၀၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံ၍  အမှာစကားပြောကြားရာ နိုင်ငံတော်မှ ချမှတ်ထားသော ဥပဒေ၊နည်းဥပဒေ၊ လုပ်ငန်းထုံးလုပ်နည်း၊ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်၊လူပုဂ္ဂိုလ်လုံခြုံရေး၊ စာရွက်စာတမ်းလုံခြုံ ရေး၊အဆောက်အဦလုံခြုံရေး နှင့် သတင်းလုံခြုံရေးအလေးထားဆောင်ရွက်ကြရန်၊ည” ၃လုံး ရှောင် ရန်နှင့်နိုင်ငံ့ဝန်ထမ်း ဥပဒေ အခန်း ၄ ပါ တာဝန်နှင့်အခွင့်အရေးများတွင် ဝန်ထမ်းများလိုက်နာရမည့်တာဝန်(၁၂)ချက် အတိုင်း လိုက်နာဆောင်ရွက်ကြရန်၊လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများတွင် ပို့ကုန်နှစ်ဆမြှင့် တင်ရေး လုပ်ငန်းစဉ်များအလိုက် ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန်နှင့် ဌာန အသီးသီး၏ တင်ပြချက်များအပေါ်  လုပ်ငန်း လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။ ပြည်ထောင်စုဝန်ကြီး၊ ဦးထွန်းအုံသည် အစည်းအဝေးတက်ရောက်လာသည့် အရာထမ်းအမှုထမ်းများအား တစ်ဦးလျှင်  စားဆီတစ်ပိဿာနှုန်းဖြင့် ဌာနအလိုက်ဝန်ထမ်း(၁၆၈)ဦးသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(မန္တလေး)                                

အာလူးကြော်လုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ သည်(၁၂.၅.၂၀၂၆) ရက်နေ့၊ နံနက်  ၀၉:၀၀ နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ် ကွက်ရှိ “ပိုင်ဇမ္ဗူ” အာလူးကြော်လုပ်ငန်းသို့ ကွင်းဆင်း၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား နိုင်ငံတော်မှသင့်တင့် မျှတသောနှုန်းထားဖြင့် ရောင်းချပေးနေသော လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲမှုရှိစေရေး၊ လုပ်ငန်းခွင်များတွင် သုံးစွဲမှုပမာဏနှင့်လျှောက်ထားသည့်ပမာဏများ မှန်ကန်မှုရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေရေး၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ် စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေး၊ မိမိရောင်းချလျက်ရှိသည့် ကုန်ပစ္စည်း နှင့် စပ်လျဉ်းပြီး အာမခံချက်၊ သတ်မှတ်ချက်များနှင့် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီထုတ်ပြန်စေရေး၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များ ပါရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာ လုပ်ငန်းရှင်များမှလည်း ဥပဒေပါပြဌာန်းချက်များနှင့်အညီလိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဟောပြောပွဲဆောင်ရွက်

                မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာပါရှိရေးနှင့် MSME စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ လုပ်ငန်းခွင်များတွင် အမှန် တကယ်အသုံးပြုစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ရုံးတွင် မြို့နယ်တာဝန်ခံနှင့် မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားအား ၂၀၂၆ ခုနစ်၊ မေလ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က MSME လုပ်ငန်းများအတွက်အသုံးပြုရန် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှ ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်းဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး၊ MSME လုပ်ငန်းများ တွင်  အမှန်တကယ်အသုံးပြုရမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည် အမျိုးအစား တွင် ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည်သယ်ယူရောင်းချခွင့် မရှိ ပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်လစဉ် လိုအပ်ချက်စားအုန်းဆီများကိုလည်း ကွင်းဆင်း စိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင် စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများ ကြီးထွားလာစေရန်၊ လုပ်ငန်း အမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာ များ၊ အရင်းအနှီးချေးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲတွင်ပါဝင်ပြသနိုင်ရေး စသည့်လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိ ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

          ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များဆွေးနွေး မေးမြန်းရာ မြို့နယ်တာဝန်ခံက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်(၆၅) ဦးတက်ရောက် ခဲ့ကြောင်းနှင့်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေး နွေးပွဲအခမ်းအနားကို နံနက် ၁၀:၄၅  နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ဖဒိုမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချသူ လုပ်ငန်းရှင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချြခင်း မရှိစေရေး ခေါ်ယူဆွေးနွေး

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ် ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား လုပ်ဆောင်လျက်ရှိရာ ၄.၅.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင် ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်သည် ဖဒိုမြို့ရှိ စားအုန်းဆီလက်လီ လက်ကားရောင်းချသူများအား  ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး  ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

              ညောင်လေးပင်ခရိုင်ဦးစီးမှူးသည် ဖဒိုမြို့ရှိ စားအုန်းဆီ ရောင်းချသည့် လုပ်ငန်းရှင် “ ဒေါ်နုနုခိုင် ” အား စားအုန်းဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန်၊ သတ်မှတ်ထားသော သတ်မှတ်ရည်ညွှန်း ဈေးအတိုင်းသာ ရောင်းချရန်၊ အလေးချိန်၊ အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရန်နှင့် ရောင်းချရာတွင်လည်း မှန် (၆) မှန်ဖြင့် ရောင်းချရန်၊ ရောင်းချရာတွင် ဗီနိုင်း ချိတ်ဆွဲ ရောင်းချရန်၊ သတ်မှတ်ပမာဏအတိုင်း ပြည်သူများလက်ဝယ်အရောက် စနစ်တကျ ဖြန့်ဖြူး ရောင်းချပေးရေး၊ ဆီစာအုပ်များအတိုင်း အကြိမ်ရေ မှန်ကန်စွာ ရောင်းချရန်၊  အသိပညာပေး ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)                                         

ညောင်လေးပင်မြို့၊ မြို့မ (၁) ရပ်ကွက်အတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

               ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၄.၅.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်စာရေးဒေါ်စန္ဒာဦး၊ အငယ်တန်းစာရေး ဒေါ်ရွှန်းလဲ့ခင်အောင်၊ နေ့စား ဝန်ထမ်း ဦးခန့်နောင်ဦးတို့သည် ညောင်လေးပင်မြို့၊ မြို့မ (၁) ရပ်ကွက်တွင် စားသုံးသူ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

            ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အဖွဲ့သည် ညောင်လေးပင်မြို့၊ မြို့မ (၁) ရပ်ကွက်တွင် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်အလက် များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန် များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ စားသုံးသူပြည်သူ (၃၀)ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)                      

 

အွန်လိုင်းစနစ်ရောင်းချခြင်းဆိုင်ရာလုပ်ငန်းများအား အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဝင်းသိန်းဦး (ခရိုင်တာဝန်ခံ)ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင်တို့သည် ၁၉--၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့ရှိ ဆန်ကုန်သည်ကြီး များအသင်းအဖွဲ့ (၉) ဦးတို့အား နားခါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံ၍  အသိပညာပေးဟော ပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် ဦး‌ဝင်းသိန်းဦး (ခရိုင်တာဝန်ခံ)က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၏ အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်နှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏  အားသာချက်၊ အားနည်းချက်၊ အွန်လိုင်းမှလိမ်လည်မှုပုံစံအမျိူးမျိုး၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များအကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏  အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာဆောင်ရွက်ရန်၊ ကုန်သွယ်ရေး  ဦးစီးဌာန၏ eComReg System Report နှင့်ပတ်သက်သည့် အသုံးပြုရန် နည်းလမ်းများအကြောင်း၊ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချခြင်းပြုရန်၊ အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့အား အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

 ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင်တို့သည် ၁၉-၅-၂၀၂၆ ရက်နေ့တွင် အုတ်ကျင်းရပ်ကွက်ရှိ ရတနာထွန်း (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ CARTOON အမှတ်တံဆိပ်ပါ နို့စိမ်းကိတ်ခြောက်သည် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ  ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြ ထားမှုမရှိသော ကုန်ပစ္စည်းများကို ဝယ်ယူဖြန့်ဖြူး ရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမား အတုအပအမှတ် တံဆိပ်များ ရောင်းဝယ်ခြင်းမပြုလုပ်ကြရန်တို့ကို  အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့‌ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ထားဝယ်မြို့တွင်းရှိ ကုန်တိုက်များနှင့်ကုန်စုံဆိုင်များတွင် Mavius Original Blue ဆေးလိပ်အတုများ ရောင်းချမှုများမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ရုံးချုပ်၊ နေပြည်တော်၏ ညွှန်ကြားချက်အ‌ရ စျေးကွက်အတွင်း ဆေးလိပ်အတုထုတ်ကုန်များအား စျေးကွက်အတွင်း တွေ့ရှိ လာသည့်အတွက် သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားရန် ညွှန်ကြားလာသဖြင့် ထားဝယ်မြို့တွင်းရှိ ကုန်တိုက်များနှင့် ကုန်စုံဆိုင်များအား ပြည်တွင်းအခွန်များဦးစီးဌာန အကောက်ခွန်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ စသည့် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် စျေးကွက်အတွင်း Myanmar Japan Tobacco Co. Ltd မှ တရားဝင် ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် Mavius Original Blue အမှတ်တံဆိပ်အား တုပ၍ အစိုးရ အခွန်တံဆိပ်အတုအသုံးပြုထားသော တရားမဝင်ဆေးလိပ်အတုများ ရောင်းချမှုများ ရှိ/မရှိ စစ်ဆေး ခြင်းနှင့် လုပ်ငန်းရှင်များအား သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ ခွင့်ပြုချက်များ မပါရှိသော တရားမဝင် ကုန်စည်များ ရောင်းချမှုမရှိစေရေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်

    ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍  အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌ ‌ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၈-၅-၂၀၂၆ ရက်နေ့(၁၁:၀၀)နာရီအချိန်တွင် သတ္တုတွင်းဦးစီး ဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်(စည်ပင်သာယာဈေး)ရှိ  ရွှေဆိုင်လုပ်ငန်းရှင် (၁)ဦး နှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် တာဝန်များအကြောင်း၊ စားသုံးသူအခွင့် အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ် ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ် ဖွင့်ဆိုချက်အကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ အမှတ်၅၁/၂၀၂၃အရ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်လျှောက်ထားမှုအတွက် သတ်မှတ်ချက်၊ ပြင်ဆင် လျှောက်ထားခြင်းအကြောင်း၊ သက်တမ်းတိုးလျှောက်ထားခြင်းအကြောင်း၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်နှင့်အခွင့်အရေးများအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိထားသော်လည်း သတ်မှတ် ချက်နှင့်ကိုက်ညီမှုမရှိပါကဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်သည့်အကြောင်း၊ eComReg SystemReportနှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မြင့်တို့သည် ၁၈-၅-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ စည်ပင်သာယာဈေး(၁) ရှိ ဒေါ်နိုင်နိုင်ဆွေ (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Sprite အမှတ်တံဆိပ်ပါ ရှောက်-သံပုရာသီး အနံ့အရသာ အချိုရည်သည် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့် ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင် လုပ်ငန်းရှင်အား ကုန်စည်အမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန်နှင့် ဆင်တူရိုးမား အတုအပအမှတ် တံဆိပ်များ ရောင်းဝယ်ခြင်းမပြုလုပ်ကြရန်တို့ကို  အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ