Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်ခရိုင်ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်အသစ်များကြိုဆိုခြင်းနှင့် မိတ်ဆုံညစာစားပွဲအခမ်းအနားအား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

   ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့၊ ည (၇း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ ထားဝယ် ဟိုတယ်တွင် ကျင်းပပြုလုပ်သော ထားဝယ်ခရိုင်ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်အသစ်ကြိုဆိုခြင်းနှင့် မိတ်ဆုံညစာစားပွဲအခမ်းအနားအား တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးနှင့်အတူ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

     အခမ်းအနားတွင် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ရှင်းလင်းပြောကြားခြင်း၊ ထားဝယ်ခရိုင်ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသော တိုင်းဒေသ ကြီးအဆင့်ဌာနဆိုင်ရာများမှ ရှင်းလင်းပြောကြားခြင်း၊ မိတ်ဆုံစားခြင်းနှင့် စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကျင်းပသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီတင်သွင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

   ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့၊ နေ့လည် (၂း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်ကျင်းပသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီတင်သွင်း၊ ဖြန့်ဖြူး ခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးမှ Virtual စနစ်ဖြင့်တက်ရောက် ခဲ့ပါ သည်။

          အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာ နိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူမှ ရှင်းလင်းဆွေးနွေးခြင်း၊ တိုင်းဒေသကြီး ပြည်နယ်များမှ ရှင်းလင်းဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌနှင့်တွေ့ဆုံခြင်း

  ၂၀၂၅  ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၊ ညနေ (၄း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါ သည်။

          တွေ့ဆုံရာတွင် ထားဝယ်ခရိုင်ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌမှ လမ်းခရီးအခြေအနေ များအရ ဆန်စပါးသယ်ယူမည့်ကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဦးစီးမှူးမှ လိုအပ် သည်များအား ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရုံးချုပ်မှ ကျင်းပပြုလုပ်သော MyRo တွင် ဆန်စပါးသိုလှောင်ရုံများမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခွင့်လျှောက်ထားခြင်းနှင့်စပ်လျဥ်းသည့် အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှတက်ရောက်

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၅ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၊ နေပြည်တော်မှ ကျင်းပပြုလုပ်သည့် မြန်မာဆန်စပါးအွန်လိုင်း MyRo တွင် ဆန်စပါးသိုလှောင် ရုံများမှတ်ပုံတင်စာရင်းမှပယ်ဖျက်ခွင့်လျှောက်ထားခြင်းနှင့်စပ်လျဥ်းသည့်အစည်းအဝေးသို့ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးနှင့် MyRo တာဝန်ခံ ဦးစီးအရာရှိတို့မှ Online Virtual စနစ်ဖြင့်တက်ရောက်ခဲ့ ပါသည်။

          အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့် အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးမှ MyRo စနစ်တွင် သိုလှောင်ရုံမှတ်ပုံတင် ပယ်ဖျက်ခြင်း၊ လစဥ် ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများ ဖြည့်သွင်း နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးခြင်း တက်ရက်လာကြသော တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများမှ အထွေထွေဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ ဆီကားရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

   တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွက် စားသုံးဆီများကို မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ် မှ ရန်ကုန်မြို့ဆီကုမ္ပဏီများမှဝယ်ယူလျက်ရှိပြီး Global Good Pure Group ကုမ္ပဏီမှ (၂၉.၁၁.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၂၈) သည် မော်တော်ယာဉ်အမှတ် 5R-8298 ဖြင့် (၆.၁၂.၂၀၂၅) ရက်နေ့တွင်ရောက်ရှိလာပြီး  Myanmar Oil Alliance ကုမ္ပဏီမှ (၃.၁၂. ၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၆၆) သည် မော်တော်ယာဉ် အမှတ် 4S-7078 ဖြင့် (၈.၁၂. ၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့သဖြင့် ၎င်းစားအုန်းဆီများကို မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးချက်အရ မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်မှ ၂% အမြတ်ဖြင့် မြိတ်မြို့ဆီအရောင်းဆိုင်များသို့ ရောင်းချပေး မည်ဖြစ်ကြောင်း၊ ၎င်းတို့မှ တစ်ဆင့် ပြည်သူများသို့ ဖြန့်ဝေရောင်းချပေးမည်ဖြစ်ကြောင်းသိရှိရပါ သည်။

DOCA(တနင်္သာရီ)

“ မိတ္ထီလာမြို့နယ်တွင် စိန်လူသုံးကုန် Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးစီးအရာရှိ ဒေါ်မြို့ရီ၊ ဒု-ဦးစီးမှူးပါ (၂)ဦးတို့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ဈေးအရှေ့ပြင်ရှိ (စိန်) လူသုံးကုန် Online Sale  ရောင်းချသည့်ဆိုင်သို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် Online စနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့်ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ချက်များနှင့် အခြားသိကောင်းစရာများအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တောင်ကြီးမြို့ရှိ အွန်လိုင်းရောင်းဝယ်မှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

    ၄.၁.၂၀၂၅ ရက်နေ့ နေ့လယ်  (၁၄း၀၀) နာရီအချိန်တွင် စစ်ဆေးရေးအရာရှိ  ဒေါ်တင်တင်အေး ဒုတိယဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည် တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ အိမ်အမှတ်(/၂၄၁)နေ ဒေါ်မေလွင်ဦး တရုတ်လမုန့်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီးမျိုးစုံ ရောင်းဝယ်ရေးအွန်လိုင်းလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာ ဒေါ်တင်တင်အေး ဒုတိယဦးစီးမှူးမှ အွန်လိုင်းစနစ် ဖြင့်ရောင်းချ သောလုပ်ငန်းအား မှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း မြေပြင်တွင် လုပ်ငန်းအမှန်တကယ် ရှိ/မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု အမှန်တကယ် ရှိ/မရှိ တို့အား မေးမြန်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

တောင်ကြီးမြို့တွင် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ရှိ ဈေးကွက် အတွင်းသို့  ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးလှမင်းထွန်း ဦးဆောင်သော ဝန်ထမ်းများသည် တောင်ကြီးမြို့အတွင်း နေထိုင်ကြသောပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာ ချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဆေးနှင့်ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/မရှိ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ၊ ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ စပ်ဆေးများရောင်းချခြင်း ရှိ/မရှိ၊ ဈေးကွက်အတွင်း ဆေးများ ပြတ်လပ်ခြင်း ရှိ/မရှိနှင့် သက်ဆိုင်ရာအစိုးရဌာနမှ အသိအမှတ်ပြုသည့် ဆေးနှင့် ဆေးပစ္စည်းတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

တောင်ကြီးမြို့တွင် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ရှိ ဈေးကွက် အတွင်းသို့  ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးလှမင်းထွန်း ဦးဆောင်သော ဝန်ထမ်းများသည် တောင်ကြီးမြို့အတွင်း နေထိုင်ကြသောပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာ ချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဆေးနှင့်ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/မရှိ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ၊ ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ စပ်ဆေးများရောင်းချခြင်း ရှိ/မရှိ၊ ဈေးကွက်အတွင်း ဆေးများ ပြတ်လပ်ခြင်း ရှိ/မရှိနှင့် သက်ဆိုင်ရာအစိုးရဌာနမှ အသိအမှတ်ပြုသည့် ဆေးနှင့် ဆေးပစ္စည်းတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ရှမ်းပြည်နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်နှင့် စားသုံးဆီများ ရောင်းချပေးလျက်ရှိ

     တောင်ကြီးမြို့တွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်ကြီးများ အသင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရှမ်းပြည်နယ်ဆီဖြန့်ဖြူးရောင်းချရေး ဆီကိုယ်စားလှယ်များ ပူးပေါင်း၍ ဆန်နှင့်စားသုံးဆီများကို နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၁)ဦးလျှင် ဆီ(၁.၅)ပိဿာနှင့် ဆန်(၈) ပြည်တို့အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ နံနက်(၀၈:၃၀)နာရီ အချိန်မှစ၍ ညနေ (၀၄း၀၀)အချိန်အထိ ရောင်းချပေးခဲ့ပါသည်။ ထိုသို့ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မြို့ပြ(၁၆၉၈)ဦး၊ ကာကွယ်ရေး(၁၀၄၅) အငြိမ်းစားဝန်ထမ်း စုစုပေါင်း(၂၇၄၃)အား ဧရာဝတီပေါ်ဆန်း (၁၈၅)အိတ်၊ ဧည့်မထဆန်(၁၉၁)အိတ် ဆန်အိတ်ပေါင်း(၃၇၆)အိတ်နှင့် စားသုံးဆီပိဿာပေါင်း (၄၁၁၄.၅)ပိဿာတို့အား ရှမ်းပြည်နယ်၊ ပြည်နယ်အားကစားလေ့ကျင့်ရေးဝင်းတွင် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ