Main menu

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့်တာဝန်များအားသိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိပညာပေးဆောင်ရွက်လျက်ရှိသည်။

      ပခုက္ကူခရိုင်အနေဖြင့် ဇူလိုင်လတွင်း ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ဒု-ခရိုင် ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အ.မ.က(၄)ကျောင်းနှင့် ခရိုင်မီးသတ်ဦးစီးဌာနတွင် ခရိုင်/ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများအား အသိပညာပေးခြင်း၊ ဆိပ်ဖြူမြို့နယ်အနေဖြင့် သံဇလုံကျေးရွာရှိ အ.လ.က ကျောင်းနှင့် ရေလယ်ကျွန်းကျေးရွာရှိ (အ.မ.က)ကျောင်းများတွင် အသိပညာပေးခြင်း၊ ဂန့်ဂေါခရိုင်အနေဖြင့် ဂန့်ဂေါမြို့၊ (အ.ထ.က)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခဲ့ပြီး ပခုက္ကူ ခရိုင်မှ (၅)ကြိမ်နှင့်ဂန့်ဂေါခရိုင်မှ(၁)ကြိမ်၊ စုစုပေါင်း(၆)ကြိမ် ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)