Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စိန်မင်္ဂလာအထည် လက်လီ/ လက်ကား အား Online မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည်(၂၄.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် အမှတ် (၃၆၁)၊ လက်ဝဲသုန္ဒရလမ်း၊ ၃၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ အဝတ်အထည်နှင့်အထည်အလိပ်များ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

        ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်းလုပ် ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိ၊ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်စစ်ဆေးရမည့် အချက် (၁၈) ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/ မရှိကိုစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံ တင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးသူများ အခွင့်အရေးသိရှိဖို့ Talk Show ပြုလုပ်စို့

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာ ဌာနခွဲ တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးသည် (၂၁.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းအား အများပြည်သူသိရှိစေရန်အတွက် Talk Show ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    Talk Show ပွဲတွင် ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ် တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ သတင်းအချက်အလက် ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ (သို့) အထောက်အထားရယူခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်သစ်များအတွက် ပါ ကောင်းမွန် သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက် အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီပေးချေ ခြင်း စသည့်အချက်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဘိုကလေးမြို့ နယ် သစ်ဖြူချောင်း ကျေးရွာ အုပ်စု ကံစုကျေးရွာရှိ အ.လ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာနမှ ဘိုကလေးမြို့နယ် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၇.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သစ်ဖြူချောင်းကျေးရွာအုပ်စု ကံစုကျေးရွာရှိ အ.လ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ဟောပြောရာတွင် ပြန်/ဆက်ဦးစီးမှူးမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာ ပေးဟောပြောပြီး စားသုံးသူရေးရာမြို့နယ်ဦးစီးမှူးမှ ဆိုးဆေးပါသော အစားအသောက်နှင့် သက်တမ်းကုန်အစားအသောက်များ အကြောင်းနှင့် ကုန်အညွှန်းအမှတ်တံဆိပ် ပါသော အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်ကြရန် အသိပညာပေး ဟောပြောခဲ့ပြီး ဆရာ/မ (၁၅) ဦးနှင့် ကျောင်းသား/သူ (၁၅၅) ဦး ၊ စုစုပေါင်း (၁၇၀) ဦးတက်ရောက်ခဲ့သည်ဟု သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

 

ဖျာပုံမြို့နယ် မြို့မဈေးကြီးအတွင်းရှိဆန်ဆိုင်များသို့ ဆန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေး

      ဖျာပုံမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ “မိုးကမ္ဘာ” ဆန်ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့၊ နံနက် ( ၁၁ : ၀၀ ) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုခရိုင်ဦးစီးမှူးမှ ဆန်များ သက်မှတ်ထားသည့်ဈေးနှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန်၊ ရည်ညွန်းဈေးအပေါ် သင့်တင့်မျှတစွာ တွက်ချက်ရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခြင်း၊ ဆန်သိုလှောင်ရုံများ မှတ်ပုံသက်တမ်းပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန် ဆန်လက်ကျန်စာရင်းနှင့်  ဖျာပုံမြို့နယ်မှ ဆန် ဆိုင်ပိုင်ရှင်နှင့် ဆန်ကုန်သည်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရရှိပါသည်။

DOCA(ဧရာဝတီ)

ပုဇွန်တောင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ ဈေးနှုန်း၊ ဈေးကွက်အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          (၂၄.၁၀.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ) နှင့်ဝန်ထမ်းများသည် ပုဇွန်တောင်ဈေးတွင်ရောင်းချနေ သောကုန်စည်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေနှင့်ပစ္စည်းပြတ်လပ်မှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက ဈေးကွက်အတွင်း ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် ယခင်အပတ်ဈေးနှုန်းနှင့်ယခုအပတ်ဈေးနှုန်းများ ကောက်ယူခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းများကန့်သတ်ရောင်းချခြင်းရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ကုန်စ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများကောက်ခံ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဖျာပုံမြို့နယ် မြို့မဈေးကြီးအတွင်းရှိ “ဦးမောင်ခိုင်”ဆန်ဆိုင်သို့ ဆန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေး

     ဖျာပုံမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ “ဦးမောင်ခိုင်” ဆန်ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့၊ နံနက် ( ၁၀ : ၀၀ ) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုခရိုင်ဦးစီးမှူးမှ ဆန်များ သက်မှတ်ထား သည့်ဈေးနှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန်၊ ရည်ညွန်းဈေး အပေါ် သင့်တင့်မျှတစွာ တွက်ချက်ရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခြင်း၊ ဆန်သိုလှောင်ရုံ များ မှတ်ပုံသက်တမ်းပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန် ဆန်လက်ကျန်စာရင်းနှင့်  ဖျာပုံမြို့နယ်မှ ဆန် ဆိုင်ပိုင်ရှင်နှင့် ဆန်ကုန်သည်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ် မြို့မဈေးကြီးအတွင်းရှိ “ကျေးဇူးတော်”ဆန်ဆိုင်သို့ ဆန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေး

     ဖျာပုံမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ “ကျေးဇူးတော်” ဆန်ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့၊ နေ့လယ် ( ၁၅ : ၀၀ ) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုခရိုင်ဦးစီးမှူးမှ ဆန်များ သက်မှတ်ထား သည့်ဈေးနှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန်၊ ရည်ညွန်းဈေး အပေါ် သင့်တင့်မျှတစွာ တွက်ချက်ရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခြင်း၊ ဆန်သိုလှောင်ရုံ များ မှတ်ပုံသက်တမ်းပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန် ဆန်လက်ကျန်စာရင်းနှင့်  ဖျာပုံမြို့နယ်မှ ဆန် ဆိုင်ပိုင်ရှင်နှင့် ဆန်ကုန်သည်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ် မြို့မဈေးကြီးအတွင်းရှိ “ကောင်းသစ်”ဆန်ဆိုင်သို့ ဆန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေး

      ဖျာပုံမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ “ကောင်းသစ်” ဆန်ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့၊ နေ့လယ် ( ၁၄ : ၀၀ ) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုခရိုင်ဦးစီးမှူးမှ ဆန်များ သက်မှတ်ထား သည့်ဈေးနှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန်၊ ရည်ညွန်းဈေး အပေါ် သင့်တင့်မျှတစွာ တွက်ချက်ရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခြင်း၊ ဆန်သိုလှောင်ရုံများ မှတ်ပုံသက်တမ်းပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန် ဆန်လက်ကျန်စာရင်းနှင့်  ဖျာပုံမြို့နယ်မှ ဆန်ဆိုင်ပိုင်ရှင်နှင့် ဆန်ကုန်သည်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ် မြို့မဈေးကြီးအတွင်း ဆန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေး

       ဖျာပုံမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ “ငွေကမ္ဘာ” ဆန်ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့၊ နေ့လယ် ( ၁ : ၀၀ ) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုခရိုင်ဦးစီးမှူးမှ ဆန်များ သက်မှတ်ထား သည့်ဈေးနှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန်၊ ၂၀၂၅ခုနှစ် ရည်ညွန်းဈေး အပေါ် သင့်တင့်မျှတစွာ တွက်ချက်ရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခြင်း၊ ဆန်သိုလှောင်ရုံ များ မှတ်ပုံသက်တမ်းပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန် ဆန်လက်ကျန်စာရင်းနှင့်  ဖျာပုံမြို့နယ်မှ ဆန် ဆိုင်ပိုင်ရှင်နှင့် ဆန်ကုန်သည်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မိုးညိုမြို့ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊  သာယာဝတီခရိုင်  မိုးညိုမြို့၌  ခရိုင်ဦးစီးမှူး၏   လမ်းညွှန်မှုဖြင့်၂၃.၁၀.၂၀၂၅ ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်တွင်ဈေးအတွင်း၊ သခင်လှရှိန်ရပ်ကွက်ရှိ  ဒေါ်ခင်စန်းအေး၊  ကုန်မျိုးးစုံနှင့်  ရောင်းဝယ် ရေးဆိုင်များအား ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာ ဖော်ပြ ခြင်း ရှိ/မရှိ မြို့နယ် တာဝန်ခံဦးမောင်မောင်အေးနှင့်ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံး သူများ   တိကျမှန်ကန်ရှင်းလင်းသောသတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည် အသွေးမြင့်မားသော ကုန်စည် ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ