Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရေကြည်မြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ရေကြည်မြို့နယ်၊ ရေကြည်မြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား (၂.၇.၂၀၂၅) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအတွင်းရှိ ရောင်းချလျက်ရှိသောဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဆေးမျိုးစုံအရောင်းဆိုင်များတွင် ပြည်သူများအတွက်ရောင်းချပေးသော ဆေးနှင့် ဆေးပစ္စည်းများ၌ သက်တမ်းလွန်ဆေးဝါးများရှိ/ မရှိ၊ ဆေးဝါးမှတ်ပုံတင်ထားရှိသော ဆေးများရှိ/ မရှိ၊ စံမမှီဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/ မရှိကို ပူးပေါင်းအဖွဲ့များဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်ရှိ၊ မုန့်ဟင်းခါးနှင့် ညှပ်ခေါက်ဆွဲဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ရေကြည်မြို့နယ်၊ ရေကြည်မြို့ရှိ မုန့်ဟင်းခါး၊ ညှပ်ခေါက်ဆွဲမုန့်ဖိုများသို့ မြို့နယ်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂.၇.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ဗထူးရပ်ကွက်၊ အောင်ဆန်းလမ်းရှိ ဦးအောင်သန်း မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်ဖိုများတွင် အသုံးပြုသော ပစ္စည်းများ သန့်ရှင်းခြင်းရှိ/ မရှိ၊ မုန့်ဖိုနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုနှင့် မုန့်ဟင်းခါးနှင့် ညှပ်ခေါက်ဆွဲများကို Mobile Lap ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

မုဒုံမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း ရွေးကောက်တင်မြှောက်ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များ အသင်း၏ ရွေးကောက်တင်မြှောက်ဖွဲ့စည်းခြင်း အခမ်းအနားကို ၈.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်း (၁၀း၀၀) နာရီအချိန်တွင် မုဒုံမြို့၊ မြို့မ (၁) ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ အခမ်းအနားတွင် မုဒုံမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း နာယကမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌမှ ဆန်စက်လုပ်ငန်းရှင်များအသင်း ရွေးကောက်တင်မြှောက်ရခြင်း၏ စည်းမျဥ်း စည်းကမ်းများ၊ တာဝန်များကိုရှင်းလင်းပြောကြားခဲ့ပြီး၊ မုဒုံမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဆန်စက် လုပ်ငန်းရှင်များအား လိုအပ်သည်များ မှာကြားခဲ့ပြီး တက်ရောက်လာသည့် နာယက၊မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် ဌာနဆိုင်ရာများမှ ဦးဆောင်၍ ၂၀၂၅ ခုနှစ်မှ ၂၀၂၈ခုနှစ်အထိ ဆက်လက်တာဝန်ယူဆောင်ရွက်ကြမည့် မြို့နယ်အမှုဆောင်အဖွဲ့အား စိစစ်ရွေးချယ်ပေးခဲ့ကြပြီး အသင်းသားအားလုံးတို့၏ အတည်ပြုချက်ရယူကာ ဖွဲ့စည်းပေးခဲ့ ကြသည်။ အဆိုပါ အသင်းအမှုဆောင်သစ် အဖွဲ့ကို မုဒုံမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအနက်မှ ဥက္ကဌ၊ ဒုဥက္ကဌ ၁/၂ ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး ၁/၂ ၊ ဘဏ္ဍာရေးမှူး ၊ တွဲဖက် ဘဏ္ဍာရေးမှူး ၊ စာရင်းစစ် ၊တွဲဖက်စာရင်းစစ် (၁၀)ဦးနှင့် အဖွဲ့ဝင် (၃)ဦး စုစုပေါင်း (၁၃) ဦးတို့ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ပါကြောင်း သိရှိရသည်။ DOCA (မွန်)

ချောင်းဆုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ်ရွေးချယ်ပွဲပြုလုပ်

၇.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ဆန်စက် လုပ်ငန်းရှင်များ အသင်း၏ အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ချောင်းဆုံမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားတွင် အသင်းတာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၅ ထိ ယခင်သက်တမ်းကာလ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးကြသည်။ ယင်းနောက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအား ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ဆက်လက်တာဝန်ယူဆောင်ရွက်ကြမည့် အမှုဆောင်အသစ်များကို တက်ရောက်လာသည့် အသင်းဝင်များမှ စိစစ်ရွေးချယ်ခဲ့ကြပြီး အသင်းသား အားလုံးတို့၏ အတည်ပြုချက်ရယူကာ ဖွဲ့စည်းခဲ့ကြပြီး အဆိုပါအသင်း အမှုဆောင်သစ်အဖွဲ့ကို ချောင်းဆုံမြို့နယ် ဆန်စက် လုပ်ငန်းရှင်များ အနက်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်တစ်ဦးစီတို့နှင့် အဖွဲ့ဝင် (၁၁) ဦး စုစုပေါင်း (၁၇) ဦးတို့ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။ DOCA (မွန်)

သာပေါင်းမြို့နယ်၊ စားသုံးဆီ လက်လီလုပ်ငန်းရှင်များအား လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၃.၇.၂၀၂၅) ရက်နေ့၊ မြို့နယ်ဦးစီးမှူးရုံး၌ မြို့ပေါ်(၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၇) အုပ်စု၊ ကျေးရွာပေါင်း (၃၉၄) ရွာရှိ စားသုံးဆီလက်လီအရောင်းဆိုင်များမှ လုပ်ငန်းရှင် (၂၀၅) ဦးတို့အား စားသုံးဆီဖြန့်ဝေမှု၊ ရောင်းချမှုများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အလေးချိန်မှန်ကန်စွာဖြင့် သတ်မှတ်ရည် ညွှန်းဈေးဖြင့်သာရောင်းချရန် ပြောကြားခဲ့ပြီး လုပ်ငန်းရှင်များမှလည်း သိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် “စွမ်းမြန်မာ” ဆီဆိုင်ဆောက်လုပ်မည့်မြေနေရာအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

၇.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် ပြည်နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေး အဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာရှိ “ဟင်္သာ (၉)” ဆီဆိုင်ဆောက်လုပ်မည့်မြေနေရာအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါ “ဟင်္သာ (၉)” ဆီဆိုင်ဆောက်လုပ်မည့် နေရာအား သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်း၊ စည်းကမ်းနှင့် ကိုက်ညီမှုရှိစေရေး စစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အရည်အသွေး မှန်ကန်ရန်၊ ဈေးနှုန်း မှန်ကန်ရန်၊ အချိန်အတွယ်မှန်ကန်ရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှု မရှိစေရေး အလေးထားရန် ဆွေးနွေးခဲ့ပါသည်။ DOCA (မွန်)

သာပေါင်းမြို့နယ်၊ ကံကော် ရေသန့်စက်ရုံသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၃.၇.၂၀၂၅) ရက်နေ့၌ ပိန္နဲကုန်းကျေးရွာရှိ ကံကော်ရေသန့်စက်ရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဦးစီး ဌာနတို့ နှင့် ပူးပေါင်း၍ ရေသန့်ထုတ်လုပ်သော ကံကော်ရေသန့်စက်ရုံသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရေသန့်ထုတ်လုပ်မှုအခြေအနေ၊ ထုတ်ပိုးမှု၊ ထားသိုသိမ်းဆည်းမှုနှင့် ထုတ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိနှင့် မြန်မာဘာသာဖြင့် ဖော်ပြချက်ပါ/မပါ ဈေးကွက်ထဲမရောက်မီ ဆောင်ရွက်ရမည့် အခြေအနေတို့ကို ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

ကျိုက်မရောမြို့နယ်၌ ရပ်ကွက်နှင့်‌ကျေးရွာတို့တွင် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာတို့တွင် စားအုန်းဆီ ရောင်းချပေးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ စားအုန်းဆီ လက်လီအရောင်းကိုယ်စားလှယ်များရောင်းချနေမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ အဆိုပါ ရောင်းချမှုတွင် စားအုန်းဆီလက်လီကိုယ်စားလှယ်များမှ စားသုံးသူပြည်သူများ လက်ဝယ်သို့နိုင်ငံတော်မှ သတ်မှတ်ထားသော သတ်မှတ်ရည်ညွှန်းဈေးနှင့်အမှန်တစ်ကယ် ရောင်းချခြင်း ရှိ/မရှိ၊ အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိတို့အား သွားရောက်ကြီးကြပ်ပေးခဲ့ကြောင်း သိရသည်။ DOCA (မွန်)

ကျိုက်ထိုမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်သစ်ရွေးချယ်ပွဲပြုလုပ်

၇.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ဆန်စက် လုပ်ငန်းရှင်များ အသင်း၏ အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ကျိုက်ထိုမြို့ရှိ ကျိုက်ထိုမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ၏ နေအိမ်၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။ အခမ်းအနားတွင် အသင်းတာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၅ ထိ ယခင်သက်တမ်းကာလ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးကြသည်။ ယင်းနောက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအား ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ဆက်လက်တာဝန်ယူဆောင်ရွက်ကြမည့် အမှုဆောင်အသစ်များကို တက်ရောက်လာသည့် အသင်းဝင်များမှ စိစစ်ရွေးချယ်ခဲ့ကြပြီး အသင်းသား အားလုံးတို့၏ အတည်ပြုချက်ရယူကာ ဖွဲ့စည်းခဲ့ကြပြီး အဆိုပါအသင်း အမှုဆောင်သစ်အဖွဲ့ကို ကျိုက်ထိုမြို့နယ် ဆန်စက် လုပ်ငန်းရှင်များ အနက်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်စစ် တစ်ဦးစီတို့နှင့် အဖွဲ့ဝင် (၆) ဦး စုစုပေါင်း (၉) ဦးတို့ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။ DOCA (မွန်)

မော်လမြိုင်မြို့နယ်တာဝန်ခံမှ ငန်းတေးကျေးရွာရှိ စပါးစိုက်ပျိူးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၇.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် တာဝန်ခံ ဦးအောင်ညီညီခန့်သည် ငန်းတေးအိမ်ရာမှူးနှင့် ပူးပေါင်း၍ ငန်းတေးကျေးရွာရှိ စပါးစိုက်ပျိုးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ငန်းတေးကျေးရွာရှိ စပါးစိုက်ပျိုးမှုမှာ စိုက်ပျိူးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနများ၏ စာရင်းများအတိုင်း ကိုက်ညီမှု ရှိ/မရှိ စစ်ဆေခဲ့ပြီး ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ငန်းတေးကျေးရွာတွင် (၈၆) ဧက စပါးစိုက်ပျိုးပြီးစီးကြောင်း စစ်ဆေးတွေ့ရှိရသည်။ DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ