Main menu

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၉.၁၀.၂၀၂၅) ရက်နေ့ နံနက်(၁၀:၁၀) နာရီအချိန်တွင် Precious Amber အမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၂၀၆)၊ ခရေပင်လမ်း၊ အမှတ်(၂/ခ)ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်ရှိ အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့်အချက် အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက် အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)