Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ကွမ်းခြံကုန်းမြို့နယ်အတွင်း ရောင်းချသောဆေးဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် လူသုံးများသေား ဆေးဝါးများ ဆေးဆိုင်များတွင် ပြတ်လပ် မှုရှိ/မရှိ စစ်ဆေးရန် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ  ဩဂုတ်လ(၂၁)ရက် နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်ဆင်းစိစစ်ခဲ့ကြောင်း သိရှိရ သည်။

          ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွား ဆရာမဒေါ်နှင်းမို့သန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စာရင်းကိုင်-၃အဆင့် ဒေါ်ခိုင်သဇင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဈေးပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက် ကန္ဒာလမ်းမှ ထွန်းဝေဆေးဆိုင်၊ ဈေးပိုင်းရပ်ကွက် သုံးပန်လှလမ်းမှ ရာပြည့်ဆေးဆိုင်၊ ရတနာပုံလမ်းမှ ကောင်းမြတ်ချမ်းသာဆေးဆိုင်၊ ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမှ အေးမေတ္တာဆေးဆိုင်၊ ကံကြီးမကျီးရပ်ကွက် ဗိုလ်ချုပ်လမ်းမှ သစ်ဆန်းဆေးဆိုင်၊ ထွန်းဝေဆေးဆိုင်၊ ဦးစံရွှေ+ ဒေါ်တင်အိ ဆေးဆိုင်တို့တွင် လူသုံးများသောဆေးဝါးများဖြစ်သည့် ဆီချိုဆေး၊ သွေးတိုးကျဆေး၊ သွေးကျဲဆေး၊ နှလုံးဆေး၊ အသဲဆေး၊ အာရုံကြောဆေးများ၊ စပ်ဆေးများနှင့် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးများ၊ အားဆေးများဖြည့်စွက်စာများ ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြကြောင်း သိရှိရပါသည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အထက်ဖော်ပြပါ ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးနှင့် ယခုကာလသည် မိုးရာသီကာလဖြစ်သောကြောင့် စားသုံးသူများ အများအားဖြင့် ဖြစ်တတ်သည့် ဝမ်းရောဂါကာကွယ်ဆေးများ၊ ဖျားနာရောဂါ ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရန် ဈေးနှုန်းမြှင့်ရန် ဈေးကစားရန်ရည်ရွယ်ချက်၍ သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် ဆေးဆိုင်ပိုင်ရှင် တာဝန်ခံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျိုက်မရောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

     ၂၀.၈.၂၀၂၅ ရက်နေ့တွင် မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရော မြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ မြို့မဈေး အတွင်းရှိ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်မရောမြို့နယ်တာဝန်ခံမှ စားသုံးဆီများ ရောင်းချနေသော ကုန်စုံဆိုင်အရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင်ပြဌာန်းချက်နှင့်အညီ  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက် စောင့်ကြည့်စစ်ဆေးပြီးနောက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော စားသုံးဆီများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် ကုန်စည်များအား ဈေးကွက်ကစားလိုသော ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

“ဒေသတစ်ခုမှ တစ်ခုသို့ စပါး၊ဆန်နှင့်ဆန်ထွက်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ စိစစ်မှုဖြင့်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်းအစည်းအဝေး”သို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

     ၂၀.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင် ကျင်းပသည့် “ဒေသတစ်ခုမှ တစ်ခုသို့ စပါး၊ဆန်နှင့်ဆန်ထွက်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ စိစစ်မှုဖြင့်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ကြိုတင် ညှိနှိုင်းအစည်းအဝေး”သို့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ အွန်လိုင်းဖြင့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ အစည်းအဝေးသို့ မွန်ပြည်နယ်ဆန်ကုန်သည်အသင်းမှ တာဝန်ရှိသူများ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (မွန်)

အငြိမ်းစားဝန်ထမ်များအား သက်သာဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

     ၂၀.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၌ အငြိမ်းစားဝန်ထမ်းများအား သက်သာ သောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးခဲ့ကြောင်း သိရှိရသည်။ စားအုန်းဆီ (ဘူးသွပ်) များအား ရောင်းချရာတွင် တစ်ပိဿာလျှင် (၇၈၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်း ဖြင့်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

          မွန်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၌ အငြိမ်းစားဝန်ထမ်းများအား ဆန်၊ ကြက်ဥ၊ ဆေးခြင်ထောင်များ လှူဒါန်းရာ၌ စားသုံးသူရေးရာဦးစီး ဌာနအနေဖြင့် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (မွန်)

“ သုံးခွမြို့နယ်ရှမ်းစုကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲတွင်ကျောင်းမုန့်ဈေးတန်း စစ်ဆေး ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ရှမ်းစုကျေးရွာ အခြေခံပညာအထက် တန်းကျောင်းခွဲရှိ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးနှင့် အသင့်သောက် အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက် ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအား ဩဂုတ်လ(၂၁)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ရှမ်းစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ဆရာမများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းရှိ အသင့်စားမုန့်အမျိုးမျိုးနှင့် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲ လျက်ဖြစ်စေ ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ကျောင်းသား/ကျောင်းသူ ကလေးသူငယ်များ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် စားသောက်ကုန် များအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း မရှိသည့် စားသောက်ကုန်များအား ရောင်းချခြင်းမပြုလုပ်ကြရန် ထိုသို့ပြုလုပ်ပါက စားသုံးသူကာ ကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်ရှမ်းစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ”

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်သည် ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သုံးခွမြို့နယ် ရှမ်းစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် စားသုံးသူရေးရာကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

        ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား လူငယ်ရေးရာအသိပညာပေးဟော ပြောပွဲတွင် မြို့နယ်ဒုတိယပညာရေးမှူး ဦးလှမျိုးထွန်းမှ အခွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပထမဦးစွာ မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်မှ သဘာဝဘေးအန္တရာယ်များအကြောင်း မြို့နယ်အားကစားမှူး ဦးခွမ်စွမ်းခိုင်မှ လူငယ်နှင့်အားကစားရေးရာများအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးမှ ဗလငါးတန်နှင့် ပြည့်စုံစေရန် သုတ၊ ရသ၊ စာပေများအား ဖတ်ရှု့လေ့လာရမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်မှ စားသုံးသူကာကွယ်ရေး အသိပညာပေးရာတွင် ဌာန၏ဆောင်ရွက်လုပ်ကိုင်နေရသော လုပ်ငန်းစဉ် များအကြောင်း၊ စားသုံးသူကာကွယ်ရေး မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ် ရေးအဓိပ္ပါယ်၊ စားသုံးသူအဓိပ္ပါယ်ဖွင့်ဆိုချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ ကုန်အညွှန်းအမှတ်ဖော်ပြခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသင့်ထုပ်ပိုးထားသော ကုန်စည်များတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ပါရှိရမည်ဖြစ်ကြောင်း ဘေးအန္တရာယ်ကင်းရှင်းစေရန် ကုန်စည်များအား ရွေးချယ်ဝယ်ယူတတ်သည့် အလေ့အကျင့်ကောင်းများ ဆောင်ရွက်ကြစေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ သိရှိနားလည်နိုင်စွမ်းရှိ/ မရှိ မေးခွန်းတစ်ချို့ မေးမြန်းခဲ့ရာ ကျောင်းသား/ ကျောင်းသူ(၃)ဦးမှ အဖြေမှန် ဖြေဆိုခဲ့ကြကြောင်း အဆိုပါ အဖြေမှန်ဖြေဆိုနိုင်သည့် ကျောင်းသား/ ကျောင်းသူ(၃)ဦးအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ အသိပညာပေး ဟောပြောပွဲသို့ ဆရာ/ဆရာမ(၂၀)ဦး နှင့် ကျောင်းသား/ကျောင်းသူ(၁၄၃)ဦး စုစုပေါင်း (၁၆၃)ဦး တက်ရောက်ခဲ့ကြကြောင်း အခမ်းအနားအပြီးတွင် ကျောင်းမုန့်ဈေးတန်းအား ဆက်လက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံမှ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    ၂၀.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံသည် ပြည်နယ်ဦး စီးမှူးရုံး၌ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ဆန်စပါးလုပ်ငန်းကိုလုပ်ကိုင်ပါက မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online- MyRo) တွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း (၁ ရက်မှ ၇) ရက်အတွင်း ထည့်သွင်းရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံသက်တမ်းကုန် ဆုံးပါကလည်း သိုလှောင်ရုံသက်တမ်းတိုးခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

DOCA (မွန်)

ပြည်နယ်ဦးစီးမှူးရုံး၌ ဥပ‌ဒေပြန့်ပွားမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

       ၁၉.၈.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၌ ဥပဒေပြန့်ပွားမှုဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးရုံး၊ မော်လမြိုင်ခရိုင်မှ ဝန်ထမ်း များတက်ရောက်ခဲ့ပြီး ကျိုက်ထိုခရိုင်၊ သထုံခရိုင်၊ ရေးခရိုင်ရှိ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများမှ အွန်လိုင်းဖြင့် တက်‌ရောက်ခဲ့သည်။ အဆိုပါ သင်တန်းအား ဩဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက် (၂) ရက်တိုင်တိုင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

          အဆိုပါ သင်တန်းပထမရက်တွင် ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ရှင်းလင်းခြင်း၊ ဦးစီးအရာရှိ ဦးစီးအရာရှိ ‌ဒေါ်မိုးမိုး က ဆိုင်ဘာလုံခြုံရေးဥပဒေအကြောင်း ရှင်းလင်းခြင်း၊ ဦးစီးအရာရှိ ဦးမင်းခိုင်စိုးက ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအား ဆွေးနွေး ခဲ့ကြသည်။ သင်တန်းဒုတိယရက်အား ဆက်လက်ဖွင့်လှစ်ခဲ့ရာ ဦးစီးအရာရှိ ဦးမျိုးလွင်က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အကြောင်း ရှင်းလင်းခြင်း၊ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကျော်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအကြောင်း ရှင်းလင်းခြင်း၊ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က ယှဉ်ပြိုင်မှုဥပ‌ဒေ အကြောင်းရှင်းလင်းခဲ့ကြပြီး သင်တန်းသား (၄၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့၊ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း မုန့်စျေးတန်းအားကွင်းဆင်းစစ်‌ဆေး

      မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း ကျောင်းတွင်း (၁၅.၈.၂၀၂၅) ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ကျောင်းမုန့် စျေးတန်းရှိ မုန့်ဆိုင်များသို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းစေရေး ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ကျောင်းမုန့်စျေးတန်းတွင် ရောင်းချ နေသော မုန့်အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ တို့ကို အဓိကထားစစ်ဆေးခဲ့ပြီး အဆိုပါ မုန့်အမျိုးမျိုးတို့သည် စားသုံးသူများ ဘေးအန္တရာယ် ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပါသည်။ ထို့နောက် ကျောင်းမုန့် စျေးတန်းတွင် မုန့်မျိုးစုံရောင်းချသူများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော မုန့်များကိုသာရောင်းချရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များကိုသာ ရောင်းချစေရန် အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်တွင် စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရန်ကုန်မြို့ Kaung Hlyan New Asia ကုမ္ပဏီနှင့် Myat A Kan ကုမ္ပဏီတို့သည် မြို့နယ်အတွက် တစ်ပတ်စာခွဲတမ်းရရှိသော စားအုန်းဆီ (၄၄) ပေပါအား ဘီးလင်းမြို့ လက်လီကိုယ်စားလှယ်များထံသို့ (၁၅.၈.၂၀၂၅) ရက်နေ့တွင် ပို့ဆောင် ရောက်ရှိခဲ့ပြီး (၁၆.၈.၂၀၂၅) ရက်နေ့မှစတင်၍ လက်လီကိုယ်စားလှယ်များမှ ဘီးလင်းမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများသို့ ခွဲဝေဖြန့်ဖြူးရောင်းချခဲ့ပါသည်။

          ထိုသို့ စားအုန်းဆီလက်လီကိုယ်စားလှယ်များမှ စားသုံးသူများအား ရောင်းချလျက်ရှိရာ တွင် (၁၇.၈.၂၀၂၅) ရက်နေ့၊ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ အခွန်လွတ်ဈေး၌ ရောင်းချနေမှုူအား ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ ခွဲတမ်းရစားအုန်းဆီ များအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိနှင့် စားသုံးသူများပွင့်လင်းမြင်သာမှုရှိစေရေး ရောင်းချ ရက်စွဲ၊ ပိဿာချိန်၊ ဈေးနှုန်းနှင့် ရောင်းချသူအမည်တို့ ဖော်ပြထားသော ဗီနိုင်းချိတ်ဆွဲ ရောင်းချ ခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ