Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၁၄.၇.၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက် အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော ‌‌ဒေါ်နီနီဝင်း (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် MAX POWER အမှတ်တံဆိပ်ပါ သီးစုံအရသာချိုရည် တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း နှင့် ဓါတ်မတည့် ကြောင်းဖော်ပြချက်တို့ပြည့်စုံစွာဖော်ပြပါရှိကြောင်းစစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်နီနီဝင်း အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပညာ ပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။ DOCA(ကချင်)

မော်လမြိုင်မြို့နယ်အတွင်းရှိ ဆိုင်ကယ် Show Room များတွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

၄.၇.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်မြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ ဆိုင်ကယ် Show Room များတွင် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် မော်လမြိုင်မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ အာမခံပေးထားသည့်အတိုင်း ဝန်ဆောင်မှုအပြည့် အဝဆောင်ရွက်ပေးရန် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီမှန်ကန်သော ကုန်စည်များအား ရောင်းချနိုင်ရေး ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဖော်ပြချက်များနှင့် ကိုက်ညီသော ကုန်စည်များအား ရောင်းချစေရေး အာမခံပေးထားသည့်ကာလအတွင်း တစ်စုံတစ်ရာချို့ယွင်း၊ ပျက်စီးထိခိုက်နစ်နာမှုရှိပါက သတ်မှတ်ချက်အတိုင်း အမှန်တကယ် ဆောင်ရွက်ပေးရန်၊ ပြုပြင်ပေးရန်၊ လျော်ကြေးပေးရန်၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကတိပြု ထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ DOCA (မွန်)

သထုံမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း၏ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ပြုပြင်နည်းသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းအရ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အိမ်သုံးလျှပ်စစ် ပစ္စည်းအမျိုးမျိုး ပြုပြင်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၄.၇.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်ခန့်က ‌သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားဗိမာန်တော်၌ ကျင်းပ ပြုလုပ်ခဲ့သည်။ သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုး‌အောင်က သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပေးလိုက်သည့် နည်းပညာများကို လက်တွေ့ နယ်ပယ်၌ ပြန်လည်အသုံးချကာ မိမိတို့မိသားစုနှင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြန်လည် အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကြိုးစားကြရေး အမှာစကား ပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန် ထွန်းထွန်းလှက စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ(၁၅)ဦး တက်ရောက်ကြပြီး ဇွန်လ(၄)ရက်နေ့မှ စတင်ကာ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ပြုပြင်နည်းသင်တန်း (အခြေခံ) ၁၅ ရက်နှင့် မွမ်းမံသင်တန်း ၁၅ ရက် စုစုပေါင်း တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ DOCA (မွန်)

မြစ်ကြီးနားမြို့၊အထက(၃) အခြေခံပညာအထက်တန်းကျောင်း၊ အောင်နန်းရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်း အသိပညာ‌ပေး‌ဟောပြောခြင်း

စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) သည် ၁၄.၇.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ အထက (၃) အခြေခံပညာအထက်တန်းကျောင်း၊ အောင်နန်းရပ်ကွက်ရှိ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူ (၃၇၄)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဟောပြောရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) က၂၀၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေး စတင်ပေါ်ပေါက်လာပုံ၊စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက် ၊ ကုန်စည် / ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ အချိုရည် သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအကြောင်း၊ အစားအသောက်တွင် သုံးစွဲခွင့်မရှိ သောဆိုးဆေးများအကြောင်း၊ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန် မှုရှိသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများအတွက်လည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှုအခြေအနေများ Call Center 1535 သို့ တိုက်ရိုက် ခေါ်ဆို မေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါ သည်။ DOCA(ကချင်)

ပေါင်မြို့နယ်၌ စျေးကွက်အတွင်း "အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး" အား စျေးကွက်စောင့်ကြည့်စစ်ဆေး

၄.၇.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရား ဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပေါင်မြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၄) ခု၌ အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည် ထုပ်အမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူ အသီးသီးတို့က စျေးကွက်အတွင်းတွင် အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးကြရာ အဆိုပါ စျေးကွက်အတွင်း အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်ပါရှိသော အသင့်ဖျော် ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး ရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရသည်။ DOCA (မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၁၄.၇.၂၀၂၅ ရက်နေ့၊ ၀၉:၃၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် အတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော ဒေါ်ယမင်းဦး(ကုန်စုံဆိုင်) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ yum yum အမှတ်တံဆိပ်၊ မာလကြက်သားအရသာ အသင့်စားခေါက်‌ဆွဲတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား အရေအတွက် အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ ပြည့်စုံစွာဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကိုရောင်းချခြင်း မပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ DOCA(ကချင်)

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံ စားသောက်ကုန်စည်များရောင်းချပေးခြင်းကို ၄.၇.၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီက ကဒါရပ်ကွက်၊ မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံ စားသောက်ကုန်စည်များဖြစ်သည့် စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းစျေး (၆၇၈၅) ကျပ်၊ ကြက်ဥ (၄) လုံး (၁၅၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၂၀၀၀၀) ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ စျေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး ၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် စျေးကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ DOCA (မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၁၃.၇.၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက် အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော မနွယ် (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ပါဝင်သည့် MILK BOY အမှတ်တံဆိပ်ပါ နို့ဆီတွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာ ဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းနှင့်ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်ဒေါ်နွယ်အေးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက် အတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း (ရုံးအုပ်)သည် ၁၂.၇.၂၀၂၅ ရက်နေ့၊ ၁၀:၃၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ စက်မှုဇုန်ရပ်ကွက် အတွင်းရှိ လပ်ကီးမုန့်တိုက် သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Lucky မိုချီ ပဲယိုတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက် တို့ ပြည့်စုံစွာ ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မုန့်တိုက်လုပ်ငန်းရှင်အား ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များကို ရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။ DOCA( ကချင်)

တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးထံသွားရောက်တွေ့ဆုံခြင်း

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဗဟိုစာရင်းအင်းအဖွဲ့၊ တိုင်းဒေသကြီးဦးစီးမှူးတို့သည် ပြည် ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ (၁/၂၀၂၅) အစည်းအဝေးတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များမှ ဆွေးနွေးပေးနိုင်ပါရန်အချက်များအား တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးထံ သွားရောက်တင်ပြခဲ့ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ