Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့နယ် စားအုန်းဆီလက်လီကိုယ်စားလှယ်ဆိုင်၌ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် စားအုန်းဆီဖြန့်ဖြူးမှုအားကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၁၇..၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၄:၃၀)အချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ စားအုန်းဆီ လက်လီကိုယ် စားလှယ်ဆိုင်၌ ရပ်ကွက်နေ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီဖြန့်ဖြူးရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ မြန်အောင်ခရိုင် ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ် ဆင့် ခွဲတမ်းရရှိသောဆီများအား အင်ပင်မြို့ရှိ  ဆီထုတ်ကိုယ်စားလှယ်မှတစ်ဆင့် စားသုံးသူများ ထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များထားရှိခြင်း၊ သတ် မှတ်ရည် ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချလျက်ရှိကြောင်း  သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

“ခရမ်းမြို့နယ်တွင်ဓာတ်မြေဩဇာဆိုင်များအားဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တောင်သူများ၏ သီးနှံများ စိုက်ပျိုးရာတွင် လိုအပ်သောဓာတ်မြေဩဇာများအား ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန်၊ ဓာတ်မြေဩဇာများအား သတ်မှတ်ထားသောရည်ညွှန်းဈေးများထက်ကျော်လွန်၍ ဈေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရန်အတွက် ခရမ်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် စက်တင်ဘာလ(၂၂)ရက်နေ့၊ နေ့လည်(၁၃:၀၀) နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ရဲ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးနှင့် ဒေါ်ခင်သန္တာအောင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မန်နေဂျာ ဦးဌေးအောင်၊ မြို့နယ်ကျေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးထိန်းလင်း နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်တို့ ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များဖြစ်သော အပျိုကြီးဆိုင်၊ ရွှေကံကော်ဆိုင်၊ အင်ကြင်းစံ၊ ဖြိုးဓာတ်မြေဩဇာအရောင်းဆိုင်များတွင် ရောင်းချနေသော ဈေးနှုန်းများအား စစ်ဆေးခဲ့ကြပြီး သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီ ရောင်းချကြရန် အသိပေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြန်အောင်မြို့နယ် စက်မှုလုပ်ငန်းသုံးဆီဖြန့်ခွဲထုတ်ယူရေးနှင့်ပတ်သတ်၍အစည်းအဝေးကျင်းပပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၈.၉.၂၀၂၅)ရက် နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် သက်ဆိုင်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  စက်မှုလုပ်ငန်းသုံးဆီထုတ်ယူမည့် လုပ်ငန်းရှင်များ နှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွက် ခွဲဝေရရှိသည့် လုပ်ငန်းသုံးဆီများအား လုပ်ငန်း ကြီး၊ လတ်၊ ငယ် အမျိုးအစားအလိုက် မိမိတို့ အမှန်တစ်ကယ် လိုအပ်သော ဆီများ ထုတ်ယူသုံးစွဲနိုင်ရေး၊   စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူ သုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့အခွင့်အရေးအား အပြည့်အဝရရှိစေရန်  ရည်ရွယ်ကြောင်း၊ မြန်အောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းမှ မိမိတို့မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအတွက် စားအုန်းဆီ များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရရှိအောင် နိုင်ငံတော်မှ ဆောင်ရွက်ပေးထားပြီး ဖြစ်သည့် အတွက် ၎င်းဆီများအား သုံးစွဲရာတွင် မှန်မှန်ကန်ကန်နှင့် သုံးစွဲကြရန်၊ မိမိတို့အတွက် အမှန်တစ်ကယ် လိုအပ်သော ဆီခွဲတမ်းများကို ဝယ်ယူသုံးစွဲကြစေရန် မိမိတို့အတွက် ဝန်ထုတ်ဝန်ပို မဖြစ်စေဘဲ    အမှန်တစ်ကယ်သုံးစွဲ‌နေသော လိုအပ်ချက်စာရင်းကိုသာ တင်ပြလျှောက်ထားရန် ပြောကြားဆွေးနွေး ခဲ့ပြီး၊  သက်ဆိုင်ရာဌာနဝန်ထမ်းများမှ အသီးသီးဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာအဖွဲ့မှ ဆီခွဲတမ်းရရှိမှုအပေါ် ကြီး၊ လတ်၊ငယ် စာရင်းအတိုင်း အညီအမျှ ခွဲဝေခဲ့ကြပြီး အစည်းအဝေးကို  နံနက်(၁၁:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း  သိရှိရ ပါသည်။

EYDNS(DOCA ဧရာဝတီ)

DAGON FINE METAL COMPANY အား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် (၁.၉.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် DAGON FINE METAL COMPANY အား အမှတ် (SH 2A )၊ မရမ်းကုန်းအိမ်ရာ၊ ဘုရင့်နောင်လမ်း၊ ၂၆ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက် အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နှင့်ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

  မြန်အောင်မြို့နယ် စားသုံးသူရေးရာကော်မတီဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးသည်(၁၈.၉.၂၀၂၅) ရက် နေ့ နေ့လယ် (၁၄:၀၀)အချိန်တွင် မြန်အောင်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌    မြန်အောင်မြို့နယ် စားသုံးသူရေးရာ ကော်မ တီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များအကြောင်း အသိပညာပေး Talk Show အစီ အစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ အစီအစဉ်တွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက စားသုံးသူကော်မတီဖွဲ့စည်းခြင်းကို မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင်(၁၇.၉.၂၀၂၅)ရက်နေ့တွင် ဒုတိယကြိမ်မြောက်ဖွဲ့စည်း ဆောင် ရွက်ခဲ့ပါသည်။ ထိုသို့ကော်မတီဖွဲ့စည်းရာတွင် သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ကော်မတီဥက္ကဌ နှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင်ဦးရေ ငါးဦးမှ ကိုးဦးထိ”မ”ဂဏန်းဖြင့် ဖွဲ့စည်းထားပြီး စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန်၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းပေးရန်နှင့် အတည်ပြုဆုံးဖြတ်ပေးနိုင်ရန် တာဝန်ပေးအပ် စသည့်တို့ကို အကျယ်တဝင့်  ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

EYDNS (DOCA ဧရာဝတီ)

Terminal – M (Ocean Super Center) သို့ ကွင်းဆင်းစစ်ဆေးခြင်း

            (၂၂.၉.၂၀၂၅)ရက်နေ့ နေ့လည် (၁:၁၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်္ဂလာဒုံမြို့နယ်ရှိ Terminal – M (Ocean Super Center)ရှိ ဆန်အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး နှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ သိုလှောင်ခြင်းများရှိ/မရှိစစ်ဆေးခဲ့ပြီး ဆန်အမျိုးအစားအလိုက် လက်ကျန်နှင့် ဈေးနှုန်းဈေးကွက် များကို စစ်ဆေးခဲ့ရာ သတ်မှတ်ဈေးနှုန်းဖြင့်  1 Kg မှ 24 Kg ထိ ဈေးနှုန်း ကပ်ထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

လှိုင်သာယာမြို့နယ်ရှိ Ocean Super Center ဆန်အရောင်းကောင်တာသို့ ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် (၂၂.၉.၂၀၂၅)ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် အမှတ်(၂၄၆)၊ မက္ခရာ မင်းသားကြီး မောင်ပျိုလမ်း၊ စက်မှုဇုန်(၂)လှိုင်သာယာမြို့နယ်ရှိ Ocean Super Center ဆန် အရောင်းကောင်တာသို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

            ထိုသို့စစ်ဆေးရာတွင် Ocean Super Center မှ တာဝန်ခံက ပူးပေါင်းပါဝင်လျက် ဆန် အရောင်းကောင်တာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ် ထုတ်ပြန်ပေးလျက်ရှိကြောင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချ ဖြန့်ဖြူး ခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

     DOCA (ရန်ကုန်)

အင်္ဂပူမြို့နယ် စက်မှုလုပ်ငန်းသုံးဆီထုတ်ယူမည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၉.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်း မြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူမည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံက ဦးမိုးကျော်က ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွက် ခွဲဝေရရှိသည့် လုပ်ငန်းသုံးဆီများအား လုပ်ငန်း ကြီး၊ လတ်၊ ငယ် အမျိုးအစားအလိုက် မိမိတို့ အမှန်တစ်ကယ် လိုအပ်သော ဆီများ ထုတ်ယူသုံးစွဲနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊  စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူ သုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတွင်အသုံးပြုလျက်ရှိသော  ဆီလိုအပ် ချက်များတင်ပြရာတွင် မိမိတို့အမှန်တစ်ကယ်သုံးစွဲ‌နေသော လိုအပ်ချက်စာရင်းကိုသာ တင်ပြလျှောက်ထားရန်၊ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်များနှင့် အခွန်ပေးဆောင်မှု အထောက်အထားများ ထားရှိစေ‌ရေး၊ မိမိတို့ လုပ်ငန်းအတွက်သာ သုံးစွဲရန်လိုအပ်ကြောင်း၊ ပြင်ပရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ထို့နောက်လုပ်ငန်းရှင်တစ်ဦးချင်း မိမိတို့နေ့စဉ်သုံးစွဲလျက်ရှိသော ဆီလို အပ်ချက်စာရင်းများအား မေးမြန်းခဲ့ပြီး စနစ်တကျစာရင်းခွဲဝေ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းရှင် (၃၅)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၅:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း  သိရှိရပါသည်။

EYDNS(DOCA ဧရာဝတီ)

 “စုစံ” စက်သုံးဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂.၉.၂၀၂၅) ရက်နေ့ နံနက်(၁၁:၁၅)အချိန်တွင် အမှတ်(၁၁)၊ ဆိပ်ကမ်းသာလမ်း၊ ရွှေပြည်သာစက်မှုဇုန်ရှိ  စုစံစက်သုံးဆီဆိုင်သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီပြတ်လပ်မှု မရှိစေရေး၊ စက်သုံးဆီဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန်၊ (PPRD)စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ်နှင့်အလေးချိန်မှန်ကန်မှုရှိ/မရှိ စစ်ဆေးရာ သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး အချိန်အတွယ်မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စက်သုံးဆီအရောင်း ဆိုင်များအား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။   

  DOCA (ရန်ကုန်)

မနီအိမ်ခြံမြေရောင်းဝယ်ရေး အကျိုးဆောင်လုပ်ငန်းအား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် (၁၆.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မနီအိမ်ခြံမြေရောင်းဝယ် ရေးအကျိုးဆောင်လုပ်ငန်းအား အိမ်အမှတ် (၂၂၄၅)၊ လှော်ကားလမ်း၊ ၁၄၆ ရပ်ကွက်၊ တောင်ဒဂုံ မြို့နယ်သို့သွားရောက်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိကို Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကိုခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်) 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ