
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန် မှုဖြင့် ၂၃.၁၀.၂၀၂၅ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် သာယာဝတီဈေးအတွင်းရှိ ဒေါ်သန်းသန်းချို (ကုန်မျိုးစုံဆိုင်) အား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သာယာဝတီ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန် ရှင်းလင်းသော သတင်းအချက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရန်၊ စိတ်ကျေနပ်မှုရှိ စေရန်အတွက်အာမခံချက်ပေးနိုင်သည့် အရည်အသွေး မြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။
DOCA(ပဲခူး)
