
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် မိုးညိုမြို့နယ်အတွင်း စားအုန်းဆီလက်လီ/လက်ကားရောင်းချနေသော ပြည်တော်အေးလမ်း၊ ရွှေဥဒေါင်းရပ်ကွက်ရှိ ဦးအေးလွင် ကုန်စုံဆိုင်အား ၂၄.၁၀.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် ရှောင်တခင်ဝင်ရောက် စစ်ဆေး ခဲ့ကြပါသည်။
ထိုသို့စစ်ဆေးရာတွင် မိုးညိုမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေသော ဆိုင်များအနေ ဖြင့်သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဗွီနိုင်းများချိတ်ဆွဲရောင်းချကြောင်းသတ်မှတ်ဈေးနှုန်းများအတိုင်း အိမ်ထောင်စုအလိုက်၊ စားအုန်းဆီဝယ်ယူခွင့်၊ စားအုပ်များဖြင့်ရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိရပါသည်။
DOCA(ပဲခူး)
