Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် စိုက်ပျိုးကြီးကြပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ

(၁၀.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးခန်းမတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့သည် စိုက်ပျိုးကြီးကြပ်အဖွဲ့ ဖွဲ့စည်းတာဝန်ပေး အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဌက တောင်သူများအား အောင်နိုင်တိုး စပါးစိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံလျှော်ပင်များ ကန်သင်းပေါင်များတွင် စိုက်ပျိုးနိုင်ရေး၊ Seeder စနစ်၊ ကောက်စိုက်စနစ်ကို ကောက်စိုက်စက်ဖြင့် အဓိကစိုက်ပျိုးရန်နှင့်ကြဲခင်းစိုက်ပျိုးခြင်းကို တတ်နိုင် သမျှမစိုက်ပျိုးရန် စားသုံးသူရေးရာဦးစီးဌာနအပါအဝင် စိုက်ကြပ်ဌာနများက မိမိကျရာကျေးရွာအလိုက် စိုက်ပျိုးရေးဌာနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ပြောကြားခဲ့ပြီး အစည်းအဝေးကို (၁၀:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

တိုက်ကြီးမြို့နယ်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ (၉.၇.၂၀၂၅)ရက်နေ့ ဝါဆိုလပြည့်နေ့ နံနက်(၀၅:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့၊ အိုးတန်းရပ်ကွက်၊ မြို့နယ်သာသနာ့ဗိမ္မာန်တော်၌ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းနှင့် အလှူရှင်စုစုပေါင်း (၂၅၀)ဦးခန့်တက်ရောက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ၊ ပြည်သဒ္ဒမ္မဇောတိကာရုံ စာသင်တိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ ပညာဝံသအမှူးပြုသော သံဃာတော်အရှင်မြတ်(၉၉)ပါး ကြွရောက်ချီးမြှင့်တော်မူပြီး မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး အခမ်းအနားကို နံနက်(၀၇:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

လှည်းကူးမြို့နယ်၊ မြို့မဈေးတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

(၁၀.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦး၊ ဒုကြီးကြပ်ရေးမှူးသည် မြို့မဈေးအတွင်းရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးအတွင်းရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ကိုအောင်၊ ကိုလင်းမောင်မောင်ဆိုင်များတွင် အမှတ်တံဆိပ်မျိုးစုံမှ ထမင်းပေါင်းအိုး၊ ဟင်းချက် အိုး၊ ပန်ကာ၊ ရေနွေးအိုးစသည့်အိမ်သုံးလျှပ်စစ်ပစ္စည်းများတွင် အခန်း(၁၈)၌ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းတွင် သိသားထင်ရှားစွာဖော်ပြရမည့်အမျိုးအမည်၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာလိုဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ယခုကဲ့သို့ အမှတ်တံဆိပ်ပြည့်စုံသော ပစ္စည်းများကိုသာ ရောင်းချရန်နှင့် အမှတ်တံဆိပ်မပြည့်စုံသော ပစ္စည်းများဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

(Seeder) စိုက်ပျိုးမှုစွမ်းရည်သရုပ်ပြယှဉ်ပြိုင်စိုက်ပျိုးပွဲ

တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုကျေးရွာအုပ်စုနှင့်ဥတိုကျေးရွာအုပ်စု လယ်မြေတွင် စက်မှုလယ်ယာဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ ခင်းကျင်းပြသထားသည့် မိုးစပါးတိုက်ရိုက် အစေ့ချကိရိယာ(Seeder)ပြိုင်ပွဲကို (၅.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး၊ ဌာနဆိုင်ရာများနှင့် စပါးစိုက် တောင်သူများ တက်ရောက်ခဲ့ပါသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ လယ်မြေအတွင်း မိုးစပါးတိုက်ရိုက်အစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးနေမှုအားလည်းကောင်း၊ လယ်ယာထွန်စက်ကြီးများဖြင့် ထွန်ယက်နေမှုအားလည်းကောင်း၊ လယ်ယာလုပ်ငန်းခွင်သုံးစက်ကိရိယာများနှင့် ဓါတ်မြေဩဇာများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး (Seeder)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုရရှိသော အသင်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်၍ တက်ရောက်လာကြ သည့်တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ (၁၁:၀၀)နာရီအချိန်တွင် အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

ဓါတ်မြေဩဇာထောက်ပံ့ခြင်းနှင့်စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

(၅.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုကျေးရွာအုပ်စုနှင့် ဥတိုကျေးရွာအုပ်စုအကြား ရန်ကုန်-ပြည်ကားလမ်းဘေး ခွေးအိပ်ချောင်းတံတားအနီးရှိ ကွင်းအမှတ်(၇၇၄)၊ ကံကလေးကွင်း၊ ဦးပိုင်အမှတ်(၆၉-ခ) တောင်သူဉီးတင်လှ၏ လယ်မြေ (၁၀)ဧက၌ ဓါတ်မြေဩဇာထောက်ပံ့ခြင်းနှင့်စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီး မြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း(၃၅၀)ဉီးခန့်တက်ရောက်ကြပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာက စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ မြန်မာ့အာမခံလုပ်ငန်း၊ သီးနှံအာမခံဌာန ဒုတိယအထွေထွေမန်နေဂျာက သီးနှံအာမခံနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများက တောင်သူများထံ ဓါတ်မြေဩဇာနှင့်စိုက်ပျိုးစရိတ်ချေး ငွေများပေးအပ်၍ တောင်သူများကိုယ်စားတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊လခွဲအမှတ်(၉)အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၈.၇.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၂:၀၀)အချိန်တွင် လပွတ္တာမြို့နယ်၊လခွဲအမှတ်(၉)အခြေခံပညာ အလယ်တန်း ကျောင်းရှိကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများအား စားသုံးသူအသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံမှ မိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းတွင် သက်တမ်းလွန် မုန့်များနှင့်ကုန်ညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက် အလက်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာ ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.mm.website တွင် လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းဖြင့် ဖြစ်စေတိုင်ကြားနိုင်ပါကြောင်း အသိပေးဟောပြောခဲ့ပြီး ၊ ထိုဟောပြောပွဲသို့ ဆရာ/ဆရာမများ ၊ ကျောင်းသား/ ကျောင်းသူ(၆၅)ဦး တက်ရောက်ခဲ့ပါသည်။ DOCA( ဧရာဝတီ)

မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား(၃)မြို့နယ်အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြို့မအားကစားကွင်းတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ဥက္ကဌ ဖလား(၃)မြို့နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲအား (၅.၇.၂၀၂၅)နေ့၊ ညနေ(၁၅:၀၀)နာရီ အချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရးဥက္ကဌမှ ဖွင့်လှစ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ ခရိုင်အဆင့် ဌာနဆိုင်ရာများမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဥက္ကဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး (၃)မြို့နယ်မှအမျိုးသမီးဘောလုံးပွဲအသင်း(၇)သင်းမှ အားကစားသမားများ တက်ရောက်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဌမှအဖွင့်အမှာစကားပြောကြား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

STAR HIGH-2 စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲ ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၀.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်ရှိ “STAR HIGH-2 (မှော်ဘီ)” စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် GE မှတ်တိုင်၊ လေတပ်အနီးရှိ “STAR HIGH-2 (မှော်ဘီ)” စက်သုံးဆီအရောင်းဆိုင်သို့ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးမှ စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်အား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်း ရောင်းချရန်၊ ရည်ညွှန်းဈေးထက်ပိုမို၍ ရောင်းချပါက သက်ဆိုင်ရာဌာနတို့၏ ဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ရောင်းချနေသော စက်သုံးဆီအမျိုးအစားများကို အချိန်အတွယ်ပြည့်ဝစွာရောင်းချကြရန် အသိပညာပေးပြော ကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ၂၀၂၅-၂၀၂၈အတွက်အလုပ်အမှုဆောင်အသစ်များ ပြန်လည်ရွေးချယ်တင်မြောက်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ (၇.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)တွင် ဆန်စက်အသင်းရုံးအစည်းအဝေးခန်းမတွင် ၂၀၂၅-၂၀၂၈ခုနှစ်အတွက် အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်ရှင်အသစ်ပြန်လည် ဖွဲ့စည်းရခြင်းနှင့်ပတ်သက်ပြီး ဆန်စက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ အသင်းသားများအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်မှသာ အောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အသင်းသားများ၏သဘောတူညီချက်ဖြင့် အသင်း၏ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး စာရင်းစစ်၊ ဘဏ္ဍရေးမှူးနှင့် အမှုဆောင်(၁၃)ဦးဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး၊ ဆက်လတ်၍ တိုင်းအသင်းကိုယ်စားလှယ် ရွေးချယ်ခဲ့ရာဥက္ကဌနှင့် အတွင်းရေးမှူးနှစ်ဦး ရွေးချယ်တင်မြောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်(၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။ ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊ ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၆၈၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ