Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးမြို့၌ ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသောသော ကုန်စည်များ ပပျောက်စေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း(၄)ဦး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှဝန်ထမ်း(၃)ဦးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်း(၁)ဦးတို့သည် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၄.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိဆေးဆိုင်များ၊ စတိုးဆိုင်များနှင့် ကုန်စုံဆိုင်များ၌ DUMEX Dupro အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း DUMEX Dupro အမှတ်  တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ တင်သွင်းရောင်းချခြင်းမရှိကြောင်း၊ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြထားရှိပြီး သက်ဆိုင်ရာခွင့်ပြု ထောက်ခံချက်ပါရှိသော ကလေးငယ် ဖော်စပ် စာများကိုသာ ရောင်းချကြောင်းတွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ ထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေး ဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်းတို့ကို ဆွေးနွေး၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရသည်။

DOCA(မကွေး)

မှော်ဘီမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စား(အငြိမ်းစား)ဝန်ထမ်းများအား စားအုန်းဆီဖြန့်ဖြူးရောင်းချပေး

          ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ် ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားအငြိမ်းစားများအား စားအုန်းဆီများကို ရောင်းချ ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရှိ ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအား ၂၄.၉.၂၀၂၅ ရက်နေ့၊ နံနက်(၆:၀၀)နာရီအချိန်မှစ၍ စားအုန်းဆီများ ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားအငြိမ်းစား ဝန်ထမ်း (၁)ဦးလျှင် ဆီ(၂.၅၀)ပိဿာ၊ (၁)ဗူးစီရောင်းချပေးခဲ့ရာ ဗူးပေါင်း(၂၉၈၀) ရောင်းချပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်းအဖွဲ့ဝင် ကိုယ်စားလှယ်များက လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြောက်ပိုင်းခရိုင်အတွင်း‌ ဈေးများရှိစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် Modern Mart များအလိုက် ရောင်းချလျက်ရှိသော ဈေးနှုန်းများ၏အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် (၂၃.၉.၂၀၂၅)ရက်နေ့တွင် မြောက်ပိုင်း ခရိုင်အတွင်း ဈေးများရှိ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများရောင်းချနေသော ဆိုင်များသို့ ဈေးနှုန်း၊ ဈေးကွက် အခြေအနေနှင့်ပစ္စည်းပြတ်လပ်မှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် မြောက်ပိုင်းခရိုင်အတွင်း မြို့နယ်များရှိ Modern Mart များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေ သည့် ကုန်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင် ရွက်ရန်၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံမှုရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပစ္စည်းများပြတ်လပ်မှုရှိ/မရှိနှင့် ယခင်အပတ် ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများ ကောက်ယူခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/မရှိ၊ ကုန်ပစ္စည်းများ ကန့်သတ်ရောင်းချခြင်းရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ကုန်စ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ယခင်အပတ် ဈေးနှုန်းနှင့် ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများ ကောက်ခံ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရွှေမင်းသားဆပ်ပြာလုပ်ငန်းစက်ရုံသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် (၁၆.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အမှတ်(၈၀)၊ ပန်းတဉ်း ဝန်ဦးရွှေဘင်လမ်း၊ စက်မှုဇုန်(၁)၊ လှိုင်သာယာမြို့နယ်ရှိ ရွှေမင်းသားဆပ်ပြာလုပ်ငန်းစက်ရုံသို့ သွားရောက်၍ ဆပ်ပြာအမျိုးမျိုးအား ဈေးကွက်မရောက်မီ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ် ရေးမှူးပါ(၂)ဦးနှင့် ဇုန်ကော်မတီရုံးမှ ဦးနေမျိုးဦးတို့မှပူးပေါင်းပါဝင်လျက် ဒေါ်နီလာဦးဦးစီးမှူးမှ ရွှေမင်းသားတံဆိပ်ဖြင့် ဆပ်ပြာလုပ်ငန်းတွင်ထုတ်လုပ်သော အဝတ်လျှော်ဆပ်ပြာတောင့်နှင့် ဆပ်ပြာရည်တို့ဖြစ်ပြီး ကုန်ပစ္စည်းအားလုံးတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု/ ပြစ်ဒဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ရာ (၆)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို (၁၃:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မဝါအထည်ဆိုင်သို့ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၆.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် အမှတ်(၈၈၅)၊ ရွှေမော်တင်ဘုရားကြီးလမ်း၊ မှော်ဘီမြို့နယ်ရှိ မဝါအထည်ဆိုင်သို့ သွားရောက်၍ Online Slae မှတ်ပုံတင်မြေပြင် စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များမေးမြန်းခြင်း၊ မြေပြင်စစ်ဆေးရာတွင် အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အသိပညာပေးဟောပြောခြင်း

            ၁၆.၉.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ် အ.လ.က(၄) အလယ်တန်းကျောင်းသို့ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် စားသုံးသူအကာအကွယ်ပေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ကျော်နှင့် ဆရာမများနှင့် ကျောင်းသား/သူ (၁၃၀) တို့အား စားသုံးသူကာကွယ်ရေးဥပဒေ စတင်အာဏာတည်သည့်နေ့နှင့် စားသုံးသူအဓိပ္ပါယ်၊ နေ့စဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား  ရွေးချယ်စားသောက်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များအား စားသုံးရန်၊ ဆေးဝါးများသုံးစွဲရာတွင် ဆရာဝန်ညွှန် ကြားချက်ရှိသော ဆေးများကိုသာဝယ်ယူသောက်သုံးရန်၊ မသန့်ရှင်းမလတ်ဆတ်သော အစားအစာများအားစားသောက်မိပါက ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားတက်ကြောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/သူများအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အသိပညာပေးဟောပြောခြင်း

             ၁၅.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကမာရွတ်မြို့နယ် အ.ထ.က(၂) အထက်တန်းကျောင်းသို့ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် စားသုံးသူအကာအကွယ်ပေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်မင်းနှင့် ဆရာမများနှင့် ကျောင်းသား/သူ (၁၃၀) တို့အား စားသုံးသူကာကွယ်ရေးဥပဒေ စတင်အာဏာတည်သည့်နေ့နှင့် စားသုံးသူအဓိပ္ပါယ်၊ နေ့စဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား  ရွေးချယ်စားသောက်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များအား စားသုံးရန်၊ ဆေးဝါးများသုံးစွဲရာတွင် ဆရာဝန်ညွှန်ကြားချက်ရှိသော ဆေးများကိုသာဝယ်ယူသောက်သုံးရန်၊ မသန့်ရှင်းမလတ်ဆတ်သော အစားအစာများအားစားသောက်မိပါက ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားတက်ကြောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/သူများအား အသိပညာ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အသိပညာပေးဟောပြောခြင်း

            ၁၅.၉.၂၀၂၅ ရက်နေ့ နံနက် (၁၂:၃၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ် အ.မ.က(၁၇) မူလတန်းကျောင်းသို့ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် စားသုံးသူအကာအကွယ်ပေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စန်းနှင့် ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၇၀) တို့အား စားသုံးသူကာကွယ်ရေးဥပဒေ စတင်အာဏာတည်သည့်နေ့နှင့် စားသုံးသူအဓိပ္ပါယ်၊ နေ့စဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား  ရွေးချယ်စားသောက်ရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များအား စားသုံးရန်၊ ဆေးဝါးများသုံးစွဲရာတွင် ဆရာဝန်ညွှန်ကြားချက်ရှိသော ဆေးများကိုသာဝယ်ယူသောက်သုံးရန်၊ မသန့်ရှင်းမလတ်ဆတ်သော အစားအစာများအားစားသောက်မိပါက ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားတက်ကြောင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/သူများအား အသိပညာ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တနင်္သာရီတိုင်းဒေသကြီးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်းပို့ချခြင်း

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ Online Virtual စနစ်ဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်းကျင်းပပြုလုပ်ခဲ့ရာ တိုင်းဦးစီးမှူးရုံး၊ မြိတ်၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးများမှဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

      အဆိုပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ Online သင်တန်း ကျင်းပပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ MC (12/2025-2026) အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meeting ဖြင့်တက်ရောက်

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီ MC (12/2025-2026)အစည်းအဝေး သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး မှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

      ထိုအစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်းနှင့် MC အဖွဲ့ဝင်များမှ အသီးသီးတင်ပြဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လယ်(၁၁း၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ