Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ကျင်းပပြုလုပ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်သင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ (၈.၇.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် အိုင်ကလောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ခရိုင်ဉီးစီးမှူး ဉီးလှမျိုးအောင်၊ စားသုံးသူရေးရာဉီးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးနှင့် ဌာန ဆိုင်ရာများပူးပေါင်းတက်ရောက်ခဲ့ပြီး ခရိုင်ဉီးစီးမှူး ဉီးလှမျိုးအောင်က ကျေးလက်နေအမျိုးသမီးများ မိမိတို့ဝါသနာပါသည့်ပညာရပ်ကို လေ့လာသင်ယူခွင့်ရရှိသဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားလာမည်ဖြစ်ကြောင်း၊ သင်ကြားပေးသည့်ပညာရပ်အား ကြိုးစားသင်ယူ၍ အကျိုးရှိရှိ အသုံးချစေလိုကြောင်း ပြောကြားပြီး မြို့နယ်ဉီးစီးမှူး ဒေါ်ဥမ္မာရွှေက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များကို ရှင်းလင်း ပြောကြားပြီး သင်တန်းသူများထံ သင်ထောက်ကူပစ္စည်းများလွှဲပြောင်းပေးအပ်ကာ သင်တန်းသူ(၂၀) ဉီးတက်ရောက်ခဲ့ပြီး သင်တန်းကို ဇူလိုင်လ (၁)ရက်နေ့မှ ဩဂုတ်လ(၁၄)ရက်နေ့ထိ (၄၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက် ကုန်ပစ္စည်းများရောင်းချပေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၇:၃၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။ ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊ ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းဖြစ်ပေါ်နေသည့်ဆေးဝါးများ၏ဈေးနှုန်းအခြေအနေ ကွင်းဆင်းစစ်ဆေး”

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ဇူလိုင်လ (၁၀) ရက်နေ့၊ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင် တို့သည် မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း/ အပြင်ရှိ ဆေးဆိုင်များဖြစ်သော မေခလာဆေး ဆိုင်၊ အေးမင်းစိုးဆေးဆိုင်၊ ဒေါ်အိအိနိုင် ဆေးဆိုင်၊ ဒေါ်ဝင်းလဲ့ရည်စိုး ဆေးဆိုင်တို့တွင် စားသုံးသူ ပြည်သူများအား နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော သွေးကျဲဆေးအမျိုးမျိုး၊ သွေးကျဆေး အမျိုးမျိုး၊ အကိုက်အခဲပျောက်ဆေးအမျိုးမျိုး၊ အာရုံကြောဆေး၊ လေဆေး၊ အားဆေးအမျိုးမျိုး စသည့်ဆေးဝါးများ၏ ဈေးနှုန်းအတက်အကျ ပြောင်းလဲဖြစ်ပေါ်နေမှု အခြေအနေ စံနှုန်းမညီ ဆေးဝါးများ၊ သက်တန်းလွန်ဆေးဝါးများ၊ စပ်ဆေးများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ဆေးဝါးများ၏ ဈေးနှုန်းများအား စာရင်းကောက်ယူ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်း နှင့် ဝန်ထမ်းများသည်(၇.၇.၂၀၂၅) ရက်နေ့၊ညနေ(၁၆:၀၀) အချိန်တွင် မြို့နယ် တာဝန်ခံရုံး၌ စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါ သည်။ ထို့သို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းကြီးမြင့်ခြင်းနှင့် ပတ်သက်ပြီး စားသုံးဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြု လုပ်ကြရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်းစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၁၈) ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြရန်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး စားသုံးဆီလုပ်ငန်းရှင်များအား အသိပေးဆွေးနွေးဟောပြောခဲ့ပါသည်။ တက်ရောက်လာ သောဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့်မေးမြန်းချက်များအား မြို့နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။ ဟောပြောပွဲသို့ စားသုံးဆီ စီးပွားရေးလုပ်ငန်းရှင် (၃၀)ဦး တက်ရောက်ခဲ့ပါသည်။ DOCA( ဧရာဝတီ)

“လျှပ်စစ်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များသို့သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး”

အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များသို့ သတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဇူလိုင်လ(၁၀)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ စည်ပင်သာယာဈေးတွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်း ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာမြို့မဈေး ရုံ(က) အမှတ်(၁/၂)ရှိ အလင်းရောင် အိမ်သုံးလျှပ်စစ်ပစ္စည်းစတိုးဆိုင်တို့တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်း ရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရရှိစေရေးတို့အတွက် အိမ်သုံးလျှပ်စစ်ပစ္စည်း အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြပါရှိရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကြိုတင်သတိပေးချက်တို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ညောင်တုန်းမြို့နယ် ရှိ အ.ထ.က.-၂ ကျောင်းမြန့်ဈေးအား ကွင်းဆင်းစစ်ဆေးခြင်း

ညောင်တုန်း မြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် ရောင်းချနေသည့် ကျောက်မုန့်ဈေးတန်း အစားအသောက်ဘေး အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက်ကာလကို ရေးဆွဲ၍ ကျောင်းဖွင့်ရာသီများတွင် လစဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း တို့ပူးပေါင်း၍ ညောင်တုန်းမြို့နယ် အ.ထ.က.-၂ ကျောင်းမုန့်ဈေး တန်းကို ၇-၇-၂၀၂၅ နေ့လယ် ( ၁၂:၁၅) နာရီက စစ်ဆေးခဲ့ကြသည်။ စစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရူံးမှ ဒေါ်ချိုမီဇင် က ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသည့် မုန့်များတွင် FDA တံဆိပ် ထောက်ခံချက် ပါမှသာ ရောင်းချခွင့်ပြုသွားရန်၊ ဈေးတာဝန်ခံများကိုမှာကြားပြီး၊ အန္တရာယ်ရှိသည့် ဓာတုဗေဒဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ ရောင်းချနေမှုမရှိစေရန် ကြပ်မတ်ဆောင်ရွက်ရန်ကို လည်းကောင်းအသိပေးပြောကြားခဲ့ပြီး၊ မုန့်ဈေးတန်းပတ်ဝန်ကျင်သန့်ရှင်ရေးကို အထူးဂရုပြုရန်မှာကြားခဲ့ပြီး အ.ထ.က.-၂တွင် ရောင်းချနေသော လေဖောင်းမုန့်များ၊ အချို ရည်ဗူးများ၊ ပေါင်မုန့်မျိုးစုံနှင့် ဝေဖာချောင်းများတွင် စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဌာန်းထား သည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ ကိုက်ညီပြည့်စုံမှုရှိပြီး မြန်မာ့ရိုးရာ မုန့်များကိုလည်း ရောင်းချကြောင်းစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ DOCA(ဧရာဝတီ)

“ ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးအခန်းမ၌ကျေးလက်လမ်း ဖွံ့ဖြိုးရေးဥပဒေအကြောင်းဆွေးနွေး”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဇူလိုင်လ (၈)ရက်နေ့၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှကျေး လက်လမ်းဖွံ့ဖြိုးရေး ဥပဒေအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေး ဆွေးနွေးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုး ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသက်ဇော်က ကျေးလက်လမ်း ဖွံ့ဖြိုးရေးဥပဒေကို နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၃၈/၂၀၂၅) ၂၀၂၅ခုနှစ် မေလ (၁၆)ရက်နေ့ တွင် ပြဌာန်းခဲ့ကြောင်း အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြစ်မှုပြစ်ဒဏ်များနှင့် အထွေထွေ ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသုများက သိရှိလိုသည် များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တွံတေးခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး၊ ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ အင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ညောင်တုန်းမြိုနယ်တွင် အသင်း၊ အစုအဖွဲ့ အမှုဆောင်အဖွဲ့ ဖွဲ့စည်းနိုင်ရေး တွေ့ဆုံဆွေးနွေး

စားသုံးသူရေးရာဦးစီးဌာနသည်၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအပြငသ်၊ ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်း ထွက်ကုန်များမှ ပြည်ပတင်ပို့နိုင်ရေး လုပ်ငန်းများ၊ အရည်အသွေးမြှင့်တင်ပို့နိုင်ရေး၊ ထုတ်လုပ်ကုန်စည်များ ရှင်သန်နိုင်ရေး၊ ငွေကြေး၊ အရင်းအနှီး၊ ဈေးကွက်နည်းပညာ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန် အခြေခံကျသောအပိုင်းဖြစ်သဖြင့် အသင်းအဖွဲ့များ၊ ဆက်လက်ရှင်သန်ဖွံ့ဖြိုးအောင် ဖွဲ့စည်း ပြင်ဆင်ရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များဖြင့် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးတွင် ၇-၇-၂၀၂၅ ရက်နေန့ နေ့လယ်(၁၃:၀၀) နာရီက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးရာတွင် ဆန်စက်လုပ်ငန်းရှင်၊ ဆီလုပ်ငန်းရှင်၊ ပဲနှမ်းနှင့် အခြားသော အသင်းအဖွဲ့များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်တွေ့ဆုံ၍ အသင်းအဖွဲ့များ ပြန်လည် ဖွဲ့စည်းရန် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အားလုံး ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ညောင်တုန်းမြို့နယ်တွင် အသင်းအဖွဲ့ ၁၀ခုရှိပြီး ၉ခုမှာ ရှင်သန်နေပြီး ၁ခုမှ ရှင်သန်မှုမရှိကြောင်း၊ ရှင်သန်သောအဖွဲ့များ ပြန်လည် ပြင်ဆင်ဖွဲ့စည်း၍ လုပ်ငန်း များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန် အသင်းအဖွဲ့ တည်ထောင်ခြင်း၏ အဆင့် ၅ဆင့်တည်ဆောက်မှု ဖြင့် အားကောင်းအောင် ဆောင်ရွက်ရန်၊ အသင်းအဖွဲ့၊ အစုအဖွဲ့၏ အသက်မွေးဝမ်းကြောင်းလမ်းတစ်လျှောက်မှာ အဖွဲ့ကို အားကောင်းအောင်လုပ်ဆောင်ပါက ပိုမိုကောင်းမွန်တဲ့အဖွဲ့တစ်ဖွဲ့အောင် လုပ်ဆောင်သင့်ကြောင်း၊ သိုမှသာ ဒေသတွင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း အသင်းအဖွဲ့ပြင်ဆင်နိုင်ရေးအတွက် ၂၀၂၅-၂၀၂၈ ကာလအတွက် ပြန်လည်ရွေးချယ်ဖွဲ့စည်းရာတွင် မြင်သာသော စည်ကမ်းချက်များနှင့်အညီ ဖွဲ့စည်းနိုင်ရန် ဖွဲစည်းပြီးလျင် အဆင့်ဆင်တင်ပြဆောင်ရွက်ပြီး စည်မျည်း စည်းကမ်းများနှင့်အညီ ဖွဲစည်းဆောင်ရွက်ရန်နှင့် ၁၃-၇-၂၀၂၅ ရက်နေ့တွင် ညောင်တုန်းမြို့နယ် ဆန်စက်အသင့်ရုံးတွင် ဆန်စက်လုပ်ငန်း၇ှင်များအသင့်ကို ဖွဲ့စည်း သွားမည်ဖြစ်ကြောင်းနှင့် ညောင်တုန်းမြို့နယ် အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းကော်မတီကိုလည်း အဖွဲ့ဝင် ၅ဦးနှင့်အတူ ဖွဲ့စည်းပြီးစီးမှူးကို တင်ပြဆောင်ရွက်ပီဲးဖြစ်ကြောင်း တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ DOCA(ဧရာဝတီ)

“ ကော့မှူးမြို့နယ်၌အခွန်ထမ်းဆောင်မှုဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ”

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးအခန်းမ၌ ဇူလိုင်လ (၈)ရက်နေ့၊ နေ့လည်(၁၄:၀၀) နာရီအချိန်တွင်အခွန်ထမ်းဆောင်မှုဆိုင်ရာ အသိပညာပေးရှင်းလင်း‌ ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ရာတွင် ကော့မှူးမြို့နယ် အခွန်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်လင်းသူက အခွန်ကောက်ခံခြင်းဆိုင်ရာ ကိစ္စရပ်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များမှ အခွန် ကောက်ခံမှုများနှင့် စပ်လျဉ်း၍ Tax ဧရိယာတိုးချဲ့ ကောက်ခံရေး၊ အခွန်တိမ်းရှောင်မှုများ မရှိစေရေး၊ သက်ဆိုင်ရာဌာနအလိုက် လျာထားကောက်ခံရမည့် အခွန်ငွေများ အပြည့်အဝ ကောက်ခံရေးကိစ္စရပ်များအပေါ်ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ပြည်တွင်း အခွန်ဦးစီးဌာနမှ ဦးစီးမှူးမှ လုပ်ငန်းအမျိုးအစားအလိုက် အခွန်စည်းကြပ်မှု အခြေအနေများအား ရှင်းလင်း ဆွေးနွေးခြင်း၊ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးပြီး ကျေးလက်နေပြည်သူများအား ဆက်လက်အသိပေး စည်းရုံးဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အင်အား (၉၆)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျူံမငေးမြို့ရှိကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုး နှင့်ဝန်ထမ်းသည် (၇.၇.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် ကျူံမငေးမြို့နယ် စည်ပင်သာယာရေး ရုံးခန်းတွင် ကုန်မျိုးစုံလုပ်ငန်းရှင် များအားခေါ်ယူ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဟောပြောဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံမှ ကျုံမငေးမြို့ စည်ပင်သာယာရေးရုံးခန်းတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား ကုန်ပစ္စည်းများရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီစနစ်တကျ ဖြန့်ဖြူး ရောင်းချကြရန် ရှင်းလင်း ပြောကြားခဲ့ပြီး မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လုပ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားလုပ်ငန်း၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ကြောင်း ဟောပြော ဆွေးနွေးခဲ့ပါသည်။ ထို့ဟောပြောတွေ့ဆုံပွဲသို့ ကုန်မျိုးစုံ လုပ်ငန်းရှင် (၁၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA( ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ