Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မန္တလေးတိုင်းဒေသကြီးမှ စက်တင်ဘာလတွင် ဆက်သွယ်ရေး(အင်တာနက်)ဝန်ဆောင်မှု Telecom International Myanmar Co.,Ltd(Mytel) အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက် နိုင်ရေးအတွက် စစ်ဆေးရေးအရာရှိများအား ခန့်အပ်တာဝန်ပေးအပ်လျက်ရှိပြီး ကုန်စည်၊ ဝန်ဆောင်မှု ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကိုလည်း ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်အမှတ်(၁/၂၀၂၂)အား ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

        ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းအား စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၄) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ထွက်ရှိပြီးချိန်မှ စတင်ဆောင်ရွက်ခဲ့သော်လည်း ဝန်ဆောင်မှု ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ဆုံးဖြတ်ချက်အရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဝန်ဆောင်မှုကဏ္ဍ(၃)ရပ် ဖြစ်သည့် (၁) အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုကို ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ လည်းကောင်း၊(၂) ဆက်သွယ်ရေး (အင်တာနက်)ဝန်ဆောင်မှု ကို ဩဂုတ်လမှ နိုဝင်ဘာလအထိ လည်းကောင်း၊ (၃)သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် မတ်လ အထိ လည်းကောင်းဆောင်ရွက်လျက်ရှိပါသည်။

        ၁၅-၉-၂၀၂၅ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်ရှိ  Telecom International Myanmar Co.,Ltd(Mytel) အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးထွန် ဦးဆောင်သော စစ်ဆေးရေးအရာရှိများနှင့် ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာန(မန္တလေးရုံးခွဲ)တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင် နည်းပညာခေတ် တွင် အင်တာနက်သည်ပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍအားလုံးအတွက် အရေးကြီး ဆုံးအစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် "အရည်အသွေးပြည့်မီသော အင်တာနက် ဝန်ဆောင်မှုများရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့ စေရန်" ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လိုင်စင်ရဆက်သွယ်ရေး အော်ပရေတာ(၁)ခုအား ဝန်ဆောင်မှုဈေးကွက်စောင့်ကြည့်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် လုပ်ငန်းတစ်ခုချင်းစီ အလိုက် သတင်းအချက်အလက်များအား စားသုံးသူပြည်သူများ သိရှိရန်အတွက် ဆိုရှယ်မီဒီယာ များ၌ ဖော်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်၍ ကြော်ငြာခြင်း၊ ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိထားသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့်အချက်(၁၁)ချက်ကို အခြေခံ၍ စားသုံးသူများသို့ဆက်သွယ်ရေး(အင်တာနက်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များကို ကြိုတင် သတိပေး ရန်နှင့် သတင်းအချက်အလက်ပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးစေရန် အဓိကထား စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေ၊ ဆက်သွယ်ရေးဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း တင်ပြအပ်ပါသည်။

DOCA(မန္တလေး)  

 

 

မန္တလေးတိုင်းဒေသကြီးမှ စက်တင်ဘာလတွင် ဆက်သွယ်ရေး(အင်တာနက်)ဝန်ဆောင်မှု ATOM Myanmar Limited အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက် နိုင်ရေးအတွက် စစ်ဆေးရေးအရာရှိများအား ခန့်အပ်တာဝန်ပေးအပ်လျက်ရှိပြီး ကုန်စည်၊ ဝန်ဆောင်မှု ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကိုလည်း ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်အမှတ်(၁/၂၀၂၂)အား ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

        ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းအား စားသုံးသူအကာအကွယ်ပေးရေးဥပဒေ (၂၀၁၄) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ထွက်ရှိပြီးချိန်မှ စတင်ဆောင်ရွက်ခဲ့သော်လည်း ဝန်ဆောင်မှု ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ဆုံးဖြတ်ချက်အရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဝန်ဆောင်မှုကဏ္ဍ(၃)ရပ် ဖြစ်သည့် (၁) အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုကို ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ လည်းကောင်း၊(၂) ဆက်သွယ်ရေး (အင်တာနက်)ဝန်ဆောင်မှု ကို ဩဂုတ်လမှ နိုဝင်ဘာလအထိ လည်းကောင်း၊ (၃)သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် မတ်လ အထိ လည်းကောင်းဆောင်ရွက်လျက်ရှိပါသည်။

       ၂၂-၉-၂၀၂၅ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ချမ်းအေးသာစံမြို့နယ်ရှိ ATOM Myanmar Limited အားစားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှစစ်ဆေးရေး အရာရှိ ဦးမင်းလွင် ဦးဆောင်သောစစ်ဆေးရေးအရာရှိများနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ)တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင် နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍအားလုံးအတွက် အရေးကြီး ဆုံးအစိတ်အပိုင်းတစ်ရပ် အနေဖြင့် ပါဝင်သည့်အတွက် "အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ရရှိစေခြင်း ဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်" ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လိုင်စင်ရဆက်သွယ်ရေး အော်ပရေတာ(၁)ခုအား ဝန်ဆောင်မှုဈေးကွက် စောင့်ကြည့်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် လုပ်ငန်းတစ်ခုချင်းစီအလိုက် သတင်း အချက်အလက်များအား စားသုံးသူပြည်သူများ သိရှိရန်အတွက် ဆိုရှယ်မီဒီယာ များ၌ ဖော်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်၍ ကြော်ငြာခြင်း၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှလိုင်စင်ရရှိထားသည့် လုပ်ငန်းရှင်များနှင့်မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထား သည့် အချက်(၁၁)ချက်ကို အခြေခံ၍ စားသုံးသူများသို့ဆက်သွယ်ရေး(အင်တာနက်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များကို ကြိုတင်သတိပေးရန်နှင့် သတင်း အချက်အလက်ပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးစေရန် အဓိကထား စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေ၊ ဆက်သွယ်ရေးဥပဒေများဖြင့် အရေးယူသွား မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း တင်ပြအပ်ပါ သည်။

DOCA(မန္တလေး)  

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းရေကြည်မြို့နယ် အားကစား ခန်းမတွင်ပြုလုပ်သည့် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်

           ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ် အားကစားခန်းမတွင် ပြုလုပ်သည့် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများအနေဖြင့် နှစ်ပတ်တစ်ကြိမ်ကွင်းဆင်း၍  မြေပြင်လူဉီးရေစာရင်း မှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အသက် (၁၈)နှစ်ပြည့်ပြီး လူဦးရေ ၃၆သိန်း ၆သောင်းကျော်ရှိပါကြောင်းနှင့် ၎င်းလူဦးရေစာရင်းကို အခြေခံ၍ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် ပြစ်မှုပြစ်ဒဏ်ခံနေရသူများ၊ သာသနာ့ဘောင်ဝင်ရောက် သူများကို တိုက်ဆိုင်စစ်ဆေးရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်များအနေဖြင့် မဲပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်များမရှိပါက မဲပေးနိုင်မည်မဟုတ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် သွင်းအားစုများပံ့ပိုးပေးအပ်ရာတွင် ဓါတ်မြေသြဇာများ အချိန်မီရောက်ရှိရန်နှင့် တောင်သူများလက်ဝယ်ရောက်ရှိရန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဧရာဝတီ ပေါ်ဆန်းအရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်အတွင်းထိုက်သင့်သည့် ဈေးနှုန်းရရှိရေးကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိပြီး ပဲပုတ်၊ ပဲကြီး ရောနှော၍ ဧက(၁)သိန်းစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်း ဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်း ဖွင့်လှစ်မှု အများဆုံး တိုင်းဒေသကြီး ဖြစ်ပြီး အခြေခံပညာကျောင်း (၇)ထောင်ကျော်ဖွင့်လှစ်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက်လည်း တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုပါကြောင်း၊ တောင်သူများအတွက် စိုက်ပျိုးစရိတ်ကာမိပြီး အကျိုးအမြတ်ရှိရန် စီမံဆောင်ရွက်ပေးနိုင်ရေးနှင့် Export Zoneများ ဖော်ဆောင်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း အမှာစကားပြောကြားသည်။

            ထို့နောက် တာဝန်ရှိသူများက လာမည့် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူများအနေဖြင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားတစ်ဦးတွင် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ် များအား ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ပေးမှုများ၊ အကြမ်းဖက်ဖြစ်စဉ် များကြောင့် ယာယီ နေရပ်စွန့်ခွာပြည်သူများအား  နိုင်ငံတော်က အမျိုးသားသဘာဝဘေးအန္တရာယ်အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ လူတစ်ဦးကို တစ်လလျှင် (၂)သောင်းနှုန်းဖြင့်ထောက်ပံ့ပေးအပ်မှုများနှင့် မသန်စွမ်း အသက်(၁၈)နှစ်ပြည့်ပြီးသူများကိုလည်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများက အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ သတ်မှတ်ကာလ အတွင်းပြီးစီးစေရေးနှင့် လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက လေးမျက်နှာမြို့တွင် ‌ပြည်သူများအား ကျန်းမာရေးစောင့်‌ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး

            ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတဆေးရုံအုပ်ကြီး ဦးဆောင်သော ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ  အထွေထွေရောဂါကုသမားတော်၊ မျက်စိအထူးကုဆရာဝန်ကြီး၊ အကြောအဆစ်နှင့်ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်း ရေးအထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်တို့က လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံတွင်  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများကိုကြည့်ရှုအားပေးခဲ့ပါသည်။

            ဆက်လက်၍ ဆေးလာရောက်ကုသသည့် ဒေသခံပြည်သူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ အထူးကုဆရာဝန်ကြီးများမှ ထိုသို့ကုသပေးခဲ့ရာတွင် အထွေထွေရောဂါကုသလူနာ(၁၀၈) ဦး၊ မျက်စိရောဂါကုသလူနာ(၂၃) ဦး၊ ကလေး လူနာ(၃၅) ဦး၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးလူနာ (၄၈) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာ (၁၈) ဦး စုစုပေါင်းလူနာ (၂၃၂) ဦးအား အခမဲ့ကုသပေးခဲ့ကြောင်း၊ ဆီးချိုစစ်ဆေးခြင်း (၁၉၇) ဦး၊ အီးစီဂျီ ရိုက်ခြင်း (၆၀) ဦး ပြုလုပ်ပေးခဲ့ပါကြောင်းနှင့် ဟင်္သာတပြည်သူဆေးရုံကြီးသို့ လူနာ (၈) ဦး ညွှန့်ပို့ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

DOCA (ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အကြမ်းဖက်ဖြစ်စဉ် များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် ဆန်၊ ဆီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

            ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမတွင် ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်းနှင့် ဆန်၊ ဆီထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လာမည့် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေးသည် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)ရှိနေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဒေသများမှ အသက်(၁၈)နှစ်ပြည့်ပြီးတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မြေပြင်တွင် သေချာပြန်လည်စစ်ဆေး၍  နိုင်ငံသားစိစစ်ရေးကတ်များကို ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ မသန်စွမ်းအသက် (၁၈)နှစ် ပြည့်ပြီးသူများကိုလည်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ အချိန်မီပြုလုပ်ပေးရန်လိုကြောင်း ” အမှာစကားပြောကြားသည်။

            ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဒေသများမှ အသက်(၁၈)နှစ်ပြည့်ပြီးတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးနှင့် တာဝန်ရှိသူများသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာပြည်သူများအတွက်  ဆန်၊ ဆီများထောက်ပံ့ပေးအပ်ခဲ့သည်။  ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာပြည်သူများအနက် နိုင်ငံသားစိစစ်ရေးကတ် မရှိသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ဆက်လက်ပေးအပ်ခဲ့ကာ ယာယီနေရပ် စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသော စားသုံးဆီများအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်းမှု၊ ပခုက္ကူခရိုင် ဦးစီးမှူး ၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၉.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ချမ်းမြေ့အောင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်နှင့် ရွာသစ်ရပ်ကွက်ရှိ ဦးမြမောင် ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံမှ စားသုံးဆီများ ရောင်းချနေသော ကုန်စုံဆိုင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉၊ အခန်း(၁၈)ပါပြဌာန်းချက်နှင့် အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကိုစစ်ဆေးတွေ့ရှိရပြီး ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှုမရှိသော စားသုံးဆီများအား ဝယ်ယူရောင်းချခြင်း မပြုရန်နှင့် ကုန်စည်များအား ဈေးကွက်ကစားလိုသော ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိ ပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် ဓာတ်မြေဩဇာများ ဖြန့်ဖြူးသည့်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

            ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် ဓာတ်မြေဩဇာများ ဖြန့်ဖြူးသည့်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများ အတွက် သွင်းအားစုများပံ့ပိုးပေးအပ်ရာတွင် ဓါတ်မြေသြဇာများ အချိန်မီရောက်ရှိရန်နှင့် တောင်သူများ လက်ဝယ် ရောက်ရှိရန် လိုအပ်ပါကြောင်း၊ သီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် တာဝန်ရှိသူများမှ မှတ်တမ်းထားရှိပြီး အနီးကပ် ကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း၊ တောင်သူများအနေဖြင့် ဓာတ်မြေဩဇာများအား အမှန်တကယ် ထည့်သွင်းသုံးစွဲရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ Export Zone ဖော် ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများ၏ လူမှုအကျိုးစီးပွား တိုးတက်ကောင်းမွန်ရေး တာဝန်ရှိသူများမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရန်လိုကြောင်း" အမှာစကားပြောကြားခဲ့သည်။

            ထို့နောက် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းကိုယ်စား တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် သွင်းအားစုများ ပံ့ပိုး ပေးအပ်မှု အခြေအနေများကိုလည်းကောင်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဓာတ်မြေဩဇာဖြန့်ဖြူး ရေးလုပ်ငန်းစဉ်များ၊ ဩဂုတ်လအတွက် ဓာတ်မြေ ဩဇာများရရှိဖြန့်ဝေမှု၊ တောင်သူများထံ ဓာတ်မြေဩဇာများ ဖြန့်ဖြူးပြီးစီးမှု၊ စက်တင်ဘာလ အတွက်ဓာတ်မြေဩဇာလိုအပ်ချက် တင်ပြ ထားရှိမှုနှင့် ဓာတ်မြေဩဇာဖိုးငွေများ ပြန်လည်ကောက်ခံမည့် အစီအစဉ်များကိုလည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာက ဓါတ်မြေသြဇာ ဖြန့်ဖြူးရောင်းချရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တိုက်ရိုက်ထုတ်ချေးမှုအစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြမှုများနှင့်  အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ အထွေထွေ ဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က  ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၁၀၀)ဘီလီယံဖြင့် မိုးစပါးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်သည့် ဝယ်ကြိတ်/သွင်းအားစုများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးအား တိုင်းစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

            ၂၀၂၅-၂၀၂၆ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁၀၀)ဘီလီယံဖြင့်  မိုးစပါးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်သည့် ဝယ်ကြိတ်/ သွင်းအားစုများနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို (၁၉.၉.၂၀၂၅) နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်  စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ၊ ဝယ်ကြိတ်/ သွင်းအားစုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

            ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုနှစ်တွင် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် ရည်မှန်းချက်ထားကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊  ၂၀၂၂ -၂၀၂၃ ခုနှစ်၊ နွေစပါးစိုက် ရာသီမှစ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံရရှိခဲ့ပြီး နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးရန်အတွက် တောင်သူများထံသို့ သွင်းအားစုများထောက်ပံ့ပေးခဲ့ပါကြောင်း၊  သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် စိုက်တိုးမြှင့်အဖွဲ့များ၊ သွင်းအားစုအဖွဲ့များ၊ တောင်သူကြီးများ စသည့် Supply Chain တစ်ခုလုံးတွင် ပါဝင်ပတ်သက်သူများအားလုံး  ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်းကြောင့် သွင်းအားစုများရရှိသည့် တောင်သူများအနေဖြင့် သွင်းအားစုနှင့် ညီမျှသည့် သီးနှံများပြန်လည်ပေးသွင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိုးစပါး(၁)ဧက တင်း(၁၀၀)ထွက်ရှိရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာ အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သည်နှင့်အညီ ပြည်ပသို့ဆန်တင်ပို့မှု၏ (၆၀)ရာခိုင်နှုန်းကျော်ကို တင်ပို့လျက်ရှိပါကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့် စိုက်တိုးမြှင့်အဖွဲ့များ၊ ဝယ်ကြိတ်/ သွင်းအားစုများနှင့် Exporter များအနေ ဖြင့်လည်း တိုင်းဒေသကြီး၏ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး၊ ဆန်စပါး အရည်အသွေးကောင်းမွန်ရေး၊ သွင်းအားစုများရရှိသည့် တောင်သူများအနေဖြင့် သွင်းအားစုနှင့် ညီမျှသည့် သီးနှံများ ပြန်လည် ပေးသွင်းနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းစေလိုကြောင်း၊” အမှာစကားပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခြင်းနှင့် စားသုံးသူရေးရာ တိုင်းဦးစီးမှူးက ဆန်စပါးထွက်ရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြခြင်းအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စားသုံးဆီသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ပခုက္ကူခရိုင် စားအုန်းဆီဖြန့်ဖြူး ရောင်းချ ခြင်း ကြီးကြပ်ရေးကော်မတီမှ  ကြီးကြပ်၍ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ နိုင်ငံ့ ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားများအား ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ပင်စင်လစာ ထုတ်ရက်ဖြစ်သော (၂၂..၂၀၂၅)ရက်နေ့မှ (၂၄..၂၀၂၅)ရက်နေ့ထိ နံနက်(:၀၀)နာရီအချိန်တွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ပခုက္ကူခရိုင် နှင့် ဂန့်ဂေါခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားဦးရေ (၃၇၀၀-၄၀၀၀)ဦးရှိပြီး တစ်ဦးလျှင်()ပိဿာနှုန်း သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးကြောင်း၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ပင်စင်စားဝန်ထမ်းများအား စနစ်တကျဝယ်ယူရရှိစေရေး၊ အချိန်အတွယ်ပြည့်ဝစေရေး၊ အရည်အသွေးကောင်းမွန်စေရေးတို့ရှိစေရန် ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း  သိရပါသည်။  

DOCA(မကွေး)

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရွှေကြာသင်္ကန်း ရက်ကန်းရက်ပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တိုင်းစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

            ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားရွှေကြာသင်္ကန်းရက်ကန်းရက်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အသင်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

            ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး ဦးမောင်ကြီးအာရုံခံ တန်ဆောင်းတွင် ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲသို့ တိုင်းဒေသကြီး ကိုယ်စားပြုအသင်း အဆင့်မီ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ''ရွှေကြာသင်္ကန်းရက်ကန်းရက်ပြိုင်ပွဲ''ကို ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ရွေးချယ်ခံရသူများကိုစခန်းသွင်းလေ့ကျင့်ပေးပြီး  တိုင်းဒေသကြီးအတွက် ဂုဏ်ဆောင်ပေးကြရန် မှာကြားလိုပါကြောင်း၊ ဒိုင်အဖွဲ့ကလည်း စနစ်တကျ ရွေးချယ်ရန်လိုပါကြောင်းနှင့် ပြိုင်ပွဲဝင်များကလည်း ကြိုးစားယှဉ်ပြိုင် သွားကြစေလိုကြောင်းအမှာစကားပြောကြားခဲ့ကြောင်း သိရှိသည်။

 

            ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုသိမ်ခရိုင် ကိုယ်စားပြု ခတ္တာစင်တော်၊   ရေကြည်မြို့နယ်ကိုယ်စားပြု အင်ကြင်းစင်တော်၊ မြန်အောင်ခရိုင် ကိုယ်စားပြု စံပယ်စင်တော်၊ မြောင်းမြခရိုင်ကိုယ်စားပြု ကံ့ကော်စင်တော်၊ ဟင်္သာတခရိုင် ကိုယ်စားပြု ဇလပ်စင်တော်၊ ဖျာပုံခရိုင်ကိုယ်စားပြု ပိတောက်စင်တော်၊ ကျုံပျော်ခရိုင် ကိုယ်စားပြု ဒေါနစင်တော်တို့၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

 

            ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ နှစ်သိမ့်ဆုရရှိသော အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသောအသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများ ချီးမြှင့်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည်  ရက်လုပ်ပြီးသော ရွှေကြာသင်္ကန်းများအား ဝိနည်းတော်နှင့်အညီ ချုပ်လုပ်နေမှုကို ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ