
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလုပ်ငန်း ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ မအူပင်မြို့ ၃ရပ်ကွက်အတွင်းရှိ ၃လမ်းတွင် ထုတ်လုပ်သည့် ဒေသတွင်းထုတ်ကုန်ဖြစ်သည့် လင်းလက် သနပ်ခါးနှင့် တင်းတိတ်ပျောက် ခရင် လုပ်ငန်း အား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း ၊ ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် လင်းလက်အလှကနု်ထုတ်လုပ်ငန်းမှ အသေးစားစက်မှုလိုင်စင်နှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) ပါ “ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းတည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ ထုတ်လုပ်သည့်လုပ်ငန်းလိပ်စာ၊အမည်၊ ဆက်သွယ်ရမည့် ဖုန်းနံပတ်၊ ကုန်စည်တွင် ပါဝင်သော ကုန်ကြမ်းပစ္စည်း၊ အမျိုးအမည်များနှင့် ပစ္စည်းများ၏ပမာဏ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက် ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သိပေးချက်၊ သက်ဆိုင်ရာဌာနများ၏ ဖော်ပြရန်သတ်မှတ် ထားသည့် အချက်အလက်များကို စစ်ဆေးခဲ့ရာ ပြည်စုံစွာပါဝင်ကြောင်းနှင့် ထုတ်လုပ် ဖြန့်ချိသည် ကို စစ်ဆေးတွေ့ရှိရပါသည်။ ထုတ်လုပ်ကုန်စည်နှင့် ကုန်ကြမ်းများ စနစ်တကျ သိုလှောင် ရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ” ကို လိုက်နာ ဆောင်ရွက် ရန် ဆွေးနွေး ခဲ့ကြပါသည်။
DOCA(ဧရာဝတီ)
