Main menu

မြိတ်ခရိုင်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများ မြိတ်မြို့သို့ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိပြီး တိုင်း/ပြည်နယ်/ခရိုင်များအလိုက် ကိုယ်စားလှယ်များဖြင့် ဝယ်ယူ၍ ပြန်လည်ရောင်းချပေးလျက်ရှိကြပါသည်။ Global Good Pure Group ကုမ္ပဏီများမှ အောက်တိုဘာလ၊ နောက်ဆုံးပတ်အတွက်ထုတ်ယူခဲ့သောစားအုန်းဆီပေပါ (၃၀)ကိုမော်တော်ယာဉ် အမှတ် 4H-7899ဖြင့်သယ်ဆောင်လာပြီး စားအုန်းဆီပေပါ(၃၅)ကို မော်တော်ယာဉ်အမှတ် 3I-6278 ဖြင့်လည်းကောင်း (.၁၁.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရပါ သည်။

      အဆိုပါစားအုန်းဆီများကို  မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ သွားရောက် စစ်ဆေးခဲ့ပြီး ၎င်းစားအုန်းဆီများကို ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)