Main menu

ကျောက်ပန်းတောင်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား သင့်တင့်မျှတသောနှုန်းထားများဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃၂)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌမှဦးဆောင်၍မိတ်ဖက်ဌာနများဖြစ်သောမြန်မာနိုင်ငံရဲတပ်ဖွဲ့၊စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ပြည်တွင်းအခွန်များဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့များဖြင့် မြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်များသို့ (၁၇.၁၀.၂၀၂၅)ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီမှ ၁၇.၁၀.၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးမှာ 92 Octance (၂၈၂၀)ကျပ်၊ 95 Octance(၂၉၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၅၇၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၁၅)ကျပ်ဖြစ်ကြောင်း  သိရှိရသည်။   သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၂၀) ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၀)ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် (၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင်(၅၀)ကျပ်တို့ဖြင့် အသီးသီးဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရှိရသည်။ မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီ စေရေး၊ ဈေးနှုန်းမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည် ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြသည်။

DOCA(မန္တလေး)