
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၂၅.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ကြံခင်းမြို့ပေါ်ရပ်ကွက်ရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ Online စနစ်ဖြင့်ရောင်းချနေ သော အရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်း အမှန် တစ်ကယ် တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြ ထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ပေါ်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း စသည်တို့ကိုလည်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
