Main menu

မုဒုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၀..၂၀၂ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် မြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ အဖွဲ့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်ရှိ ကျော်ဇံ၊ အာရှမွန်၊ အပါးချမ်း၊ Always စက်သုံးဆီဆိုင်များ၌ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိနှင့် အရောင်းဆိုင် ပိတ်ထားမှု ရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ၊ အရည်အသွေး/အလေးချိန် တိကျန်မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အရောင်းဆိုင် ဖွင့်လှစ်ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (မွန်)