Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဦးဌေးအောင် စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

            (၂၂.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် တိုက်ကြီးမြို့နယ် မြို့မဈေး၊ ရုံ (၁၉)၊ အခန်း(၅/၆)ရှိ ဦးဌေးအောင်စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးစည်ပင်မှ ပူးပေါင်းပါဝင်လျက် ဦးဌေးအောင်စားအုန်းဆီ အရောင်းဆိုင်သို့ ရောက်ရှိခဲ့ရာ ဈေးအတွင်းသို့ လာရောက်ထုတ်ယူကြသော ရပ်ကွက်အပိုင်းလိုက် အား နေ့စဉ်နံနက်(၉)နာရီမှ (၄)နာရီအထိ ရောင်းချပေးပါကြောင်း၊ ဈေးနှုန်းလည်း မြှင့်တင်ရောင်းချ ခြင်းမရှိပါကြောင်း၊ နေ့စဉ်အရောင်းစာရင်းကိုလည်း လယ်ဂျာများထားရှိပါ ကြောင်း၊ သတ်မှတ်ချက် များအတိုင်း ရောင်းချလျက်ရှိပြီး လက်ကျန်လည်း မထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိခဲ့လျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

  DOCA (ရန်ကုန်)

မှော်ဘီမြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၂၂.၁၀.၂၀၂၅)ရက်နေ့ နေ့လည်(၁:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ် မြို့မဈေးရှိ ဒေါ်ဖြူဖြူအောင် စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဒေါ်ဖြူဖြူအောင်ဆိုသို့ ရောက်ရှိခဲ့ရာ လက်လီအရောင်းဆိုင် လုပ်ငန်း ရှင်များအနေဖြင့် သက်ဆိုင်ရာဌာနမှထုတ်ပြန်ထားသောအမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရောင်းချပေးပြီး ရရှိသောစားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျ စာအုပ်စနစ်ဖြင့်အလေးချိန်မှန်ကန်စွာစားသုံးသူပြည်သူများထံသို့စနစ်တကျဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

 DOCA (ရန်ကုန်)

ဒေါ်ဇင်မာမြင့်စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

           (၂၂.၁၀.၂၀၂၅)ရက်နေ့ နေ့လည် (၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက် ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ်၊ လှပဒါးကျေးရွာရှိ စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဆိုင်ရှင်ဒေါ်ဇင်မာမြင့်အား စားသုံးသူပြည်သူများသို့ အိမ်ထောင်စု အလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ် ပြန့်ပြန့်ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချစေရေး တို့ကို အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

ဝင်းဝင်းဖယောင်းတိုင် ထုတ်လုပ်သည့်လုပ်ငန်းခွင်သို့ ကွင်းဆင်းလေ့လာ

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၂၂.၁၀.၂၀၂၅) ရက်နေ့ နေ့လည်(၂:၅၀)နာရီအချိန်တွင် အမှတ်(၇၉)၊ ဦးရွှေဘင်လမ်း၊ စက်မှုဇုန်(၁)၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)ရှိ ဝင်းဝင်းဖယောင်းတိုင်လုပ်ငန်းရှင်ထံ ကွင်းဆင်း သွားရောက်တွေ့ဆုံပြီး လုပ်ငန်းရှင်၏ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုအား တွေ့ဆုံမေးမြန်းကွင်း ဆင်းလေ့လာခဲ့ ပါသည်။

         တာဝန်ခံဖြစ်သူက ဝင်းဝင်းလုပ်ငန်းမှ ထုတ်လုပ်သော အမှတ်တံဆိပ်များမှာ ဝင်းဝင်းဖယောင်း တိုင်နှင့်ဝင်းဝင်းအမွှေးတိုင်ထုတ်လုပ်လျက်ရှိပြီး တစ်ရက်ထုတ်လုပ်မှုမှာ ဖယောင်းတိုင်ပါကင် (၁၀၀) နှင့်အမွှေးတိုင်တစ်အိတ်လျှင် (၃၅၀) ထုပ်ပါ အိတ်ကြီး (၅) အိတ် ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား (၂၀) ဦး၊ မ (၁၅) ဦး စုစုပေါင်း (၃၅) ဦးဖြင့် လုပ်ငန်းအဆက်မပြတ်လုပ်ကိုင်နေကြောင်း ကွင်းဆင်းလေ့လာချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

ဝင်းဝင်းဖယောင်းတိုင်စက်ရုံသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး

     (၂၂.၁၀.၂၀၂၅)ရက်နေ့ နေ့လည်(၂:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက် ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် အမှတ်(၇၉)၊ ဦးရွှေဘင်လမ်း၊ စက်မှုဇုန် (၁)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဝင်းဝင်းဖယောင်းတိုင်စက်ရုံသို့ သွားရောက်၍ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။

      ထိုသို့ဆွေးနွေးခဲ့ရာတွင် ဝင်းဝင်းဖယောင်းတိုင်စက်ရုံမှ မန်နေဂျာ ဒေါ်နွေးနွေးဝင်းပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်ပိုင်စိုး၊အကြီးတန်းစာရေးက ဌာနဖြစ်ပေါ်လာပုံ၊ ဌာနအဆင့်ဆင့်ပြောင်းလဲလာပုံ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များနှင့် စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၅)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို နေ့လည်(၂:၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ ပါသည်။

 DOCA (ရန်ကုန်)

စားတော်ကဲခေါက်ဆွဲစက်ရုံသို့ ကွင်းဆင်းလေ့လာ

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၁.၁၀.၂၀၂၅) ရက်နေ့ နေ့လည် (၁:၂၅) နာရီအချိန်တွင် အမှတ် (၁၃၅/၁၃၆)၊ သံချပ်ဝန်ဦးညွန့် လမ်း၊ စက်မှုဇုန်(၁)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ စားတော်ကဲခေါက်ဆွဲစက်ရုံလုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက် တွေ့ဆုံပြီး လုပ်ငန်းရှင်၏ ကြုံတွေ့နေရသည့်အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့်ထုတ်လုပ်ဖြန့် ဖြူးရောင်းချမှုအား    တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

             စက်ရုံမန်နေဂျာက စားတော်ကဲမှထုတ်လုပ်သော Wah-Lah အသင့်စားခေါက်ဆွဲအမျိုးမျိုး မှာ အရသာမျိုးစုံထုတ်လုပ်လျက်ရှိပြီး တစ်လထုတ်လုပ်မှုမှာ (၄၀၃၆၄) တန် ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား၊ မ စုစုပေါင်း (၂၆၁)ဦးဖြင့် ကန်/စက်အရေအတွက် (၃)လိုင်းဖြင့် တစ်လလျှင် (၄)ရက်နား၍ (၂၆)ရက်ဖြင့် လုပ်ငန်းအဆက် မပြတ်လုပ်ကိုင်နေပြီး မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေသော ဝန်ထမ်းများမှာ လည်း စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခြင်း

        (၂၁.၁၀.၂၀၂၅) ရက်နေ့ နေ့လည်(၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ အမှတ်(၁၃၅/၁၃၆)၊ သံချပ်ဝန်ဦးညွန့်လမ်း၊ စက်မှုဇုန်(၁)၊ စားတော်ကဲခေါက်ဆွဲစက်ရုံ၌ ထုတ်လုပ် လျက်ရှိသော Wah-Lah ခေါက်ဆွဲအမျိုးမျိုးအား ဈေးကွက်မရောက်မီ အသိပညာပေးဆွေးနွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

               ထိုသို့ဆွေးနွေးခဲ့ရာတွင် စားတော်ကဲခေါက်ဆွဲစက်ရုံမှ မန်နေဂျာ ဒေါ်မေဖြူကျော်ပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များ ပုဒ်မ (၆၇)အရ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း(သို့မဟုတ်)ရောင်းချ ခြင်းမပြုလုပ်ရသည့်အချက်များ၊ ပုဒ်မ(၆၈)တွင် ပုဒ်မ(၄၃)ပါ ပြဌာန်းချက်များနှင့်ကိုက်ညီမှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်နှင့်ပုဒ်မ(၇၃)အရ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်များချမှတ်နိုင်ကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး ဆွေးနွေးပွဲသို့ (၆)ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို (၁:၂၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါ သည်။

  DOCA (ရန်ကုန်)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ် (၇၉၁)၊ ဦးရွှေဘင်လမ်း၊ စက်မှုဇုန်(၁)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဝင်းဝင်းစက်ရုံသို့ (၂၂.၁၀.၂၀၂၅) ရက်နေ့ နေ့လည်(၂:၁၅)နာရီအချိန်တွင်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးခင်ဇော်အောင်၊ လက်ထောက်အုပ်ချုပ်ရေးမှူးမှ ပူးပေါင်းပါဝင်လျက် ရောင်းချလျက်ရှိသော ဝင်းဝင်းဖယောင်း တိုင်၊ အမွှေးတိုင်တို့ဖြစ်ပြီး ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း (၁၈)တွင်ပြဌာန်းထားသောကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့်ကိုက်ညီ မှုရှိခြင်း၊ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထောက်ခံချက်များလည်း ပါဝင်ကြောင်း စစ်ဆေးတွေ့ ရှိရပြီး လုပ်ငန်း ရှင်ကိုလည်း စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များကိုလည်း ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

 DOCA (ရန်ကုန်)

         

စားတော်ကဲခေါက်ဆွဲစက်ရုံသို့ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/မရှိစောင့်ကြည့်စစ်ဆေးခြင်း

         (၂၁.၁၀.၂၀၂၅) ရက်နေ့ နေ့လည် (၁:၃၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် အမှတ်(၁၃၅/၁၃၆)၊ သံချပ် ဝန်ဦးညွန့်လမ်း၊ စက်မှုဇုန်(၁)လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ စားတော်ကဲခေါက်ဆွဲစက် ရုံသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ် ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားတော်ကဲခေါက်ဆွဲစက်ရုံမှ မန်နေဂျာ ဒေါ်မေဖြူကျော်၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးခင်ဇော်အောင်၊ လက်ထောက်အုပ်ချုပ်ရေးမှူးတို့မှ ပူးပေါင်း ပါဝင်လျက် စားတော်ကဲခေါက်ဆွဲစက်ရုံမှ ထုတ်လုပ်သော ကုန်စည်(၁၄)မျိုးတို့တွင် စားသုံးသူ ကာကွယ်ရေးအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၃)အရ၊ ပုဒ်မ (၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တခုထက်ပို၍တွဲလျက်ဖြစ်စေ၊ အလေးချိန်ကိုလည်း မြန်မာဘာသာဖြင့် ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်အား ယခုကဲ့သို့ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

  DOCA (ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

                 ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၂၂.၁၀.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဗားကရာဆိပ်ကမ်းနှင့် ချောင်းဝဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များ ဖြင့် ပူးပေါင်း၍ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက် ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း ၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ