Main menu

စားသုံးသူအခွင့်အရေးများ သိရှိတောင်းဆိုတတ်စေရေး စာသင်ကျောင်းများသို့  ဟောပြောဆွေးနွေးအသိပညာပေး

Powered by Drupal

                  စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ် တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်နေ့ နံနက်(၀၈;၃၀)နာရီ အချိန်တွင်  ကျွန်းလှမြို့နယ်၊ တင်းတိန်ရံကျေးရွာ အလယ်တန်းကျောင်းတွင်  စားသုံးသူအကာအကွယ် ပေးရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြု လုပ် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စုမွန်အေး မှ ကြိုဆိုနှုတ်ခွန်း ဆက် စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံမှ စားသုံးသူရေးရာ ဦးစီး ဌာနပေါ်ပေါက်လာပုံ အဆင့်ဆင့်အကြောင်း၊ ကမ္ဘာ့စားသုံသူ အခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့၌ ပြဌာန်းခဲ့ပြီး အခန်းပေါင်း (၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း၊ ဥပဒေပြဌာန်းရခြင်းရဲ့ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့် ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအကာ ကွယ်ပေးရေး ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့် သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန် စားသုံးသူအခွင့်အရေး()ချက် စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်တာဝန်()ချက်၊ စားသုံးသူ နစ်နာ ဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း မိမိတို့ ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင် လည်းကောင်း မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များ အားလုံးတို့ဖြင့် Call Center No. 1535 တွင်ဖုန်းခေါ်ဆို၍ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြား နိုင်ပါကြောင်း နှင့် သိလိုသည်များကို စုံစမ်းမေး မြန်းနိုင်သည့် အကြောင်းများ၊ အစားအသောက် နှင့် ပတ်သက်ပြီး ကျောင်းသား/သူများကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိတဲ့ ကုန်ပစ္စည်းများကိုသာ ရွေးချယ် ဝယ်ယူ စားသောက် အသုံးပြုတတ်ရန် နှင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါဝင်သည့် အစားအသောက်မျာကို ရွေးချယ်ဝယ်ယူ စားသောက်အသုံးပြုတတ်ရန်အတွက် ဆရာ/ ဆရာမ(၁၄)ဦး၊ ကျောင်းသား /သူ(၁၀၀) စုစုပေါင်း(၁၁၄)ဦးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ်(/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)