Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ မြစ်သားမြို့ရှိ ဓါတ်မြေဩဇာအရောင်းဆိုင်များသို့ ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး”

       ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၂၃)ရက်နေ့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြစ်သားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ပါသည် ။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် စိုက်ပျိုးရေးလုပ်ငန်းများ နှင့် တောင်သူလက်ဝယ်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့် စီမံကိန်းများနှင့် မသက်ဆိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ဓာတ်မြေဩဇာ များအား ပြင်ပရည်ညွှန်းဈေးနှုန်းဖြစ်သည့် ယူရီးယား(အလုံးကြီး) ၅၀ ကီလိုတစ်အိတ် (၁၁၉၉၀၀/-) ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ် (၁၅၃၀၀၀/-)ကျပ် ဖြင့် သတ်မှတ်ရောင်းဈေးနှုန်းများ မှန်/မမှန်၊ သွင်းအားစုများ သိုလှောင်ပြီး ဈေးကစားခြင်းများ ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိ ရပါသည်။

DOCA(မန္တလေး)

မြစ်သားမြို့နယ်၊ ကူမဲမြို့ အမှတ် (၅) ရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်”

        ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ(၂၃)ရက်နေ့တွင် မြစ်သားမြို့နယ်၊ ကူမဲမြို့ အမှတ်(၅) ရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ရပ်ကွက်သူ/ရပ်ကွက်သားများအား စားသုံးသူ ကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူ များနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ် များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြား နိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ရပ်ကွက်သူ/ရပ်ကွက်သားများ စုစုပေါင်း(၂၀၀)ဦး တက်ရောက် ခဲ့ကြပြီး တက်‌ရောက်လာသော ရပ်ကွက်သူ/ရပ်ကွက်သားများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့ရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ကွင်းဆင်းစိစစ်”

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိများသည်စက်တင်ဘာလ(၂၂)ရက်နေ့တွင် ကျောက်ဆည်မြို့ရှိ ကုန်စုံဆိုင်များတွင် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး၊ (Pre Market) ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည် ။

     ထိုသို့ စစ်ဆေးရာတွင် မြန်မာနိုင်ငံ စားသုံးသကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။         

 DOCA(မန္တလေး)

တောင်ဒဂုံမြို့နယ်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦးဆောင် လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ၊  လက်ကားကိုယ်စားလှယ် များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ၂၆.၉.၂၀၂၅ ရက် နေ့၊ နေ့လယ်(၁၆း၃၀)နာရီအချိန်ခန့်တွင် စားအုန်းဆီဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့် ဖြူးသည့်ကုမ္မဏီများမှတဆင့် လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ၂ ရာခိုင်နှုန်းဖြင့်ရောင်းချမှုအခြေအနေတို့ကို ဖြန့်ဖြူးသည့်ရပ် ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့်တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိ မှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ တောင်ဒဂုံမြို့နယ်၊ (၅)၊ (၁၃)၊ (၁၄)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တာမွေမြို့နယ်၊ ကျောင်းမြောင်း (အရှေ့)ရပ်ကွက်နှင့် (အထက်)ရပ်ကွက်၊ စားအုန်းဆီ ရောင်းချမှုမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      ၂၆.၉.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချ သည့်ကုမ္မဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ကွင်း ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့်ကုမ္မဏီ ၊ လက်လီကိုယ်စားလှယ်များက သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် အိမ်ထောင်စု များအား စားအုန်းဆီရရှိမှုအခြေအနေတို့ကို တာမွေမြို့နယ်၊ ကျောင်းမြောင်း (အရှေ့)ရပ်ကွက် နှင့် (အထက်)ရပ်ကွက်ရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  စားအုန်းဆီရရှိမှု ပိဿာတို့ကို သိုလှောင်ခြင်း/ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တာမွေမြို့နယ်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦး စီးမှူးဦးတင်မိုးအောင်၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စား အုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ၂၆.၉.၂၀၂၅ ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်ခန့်တွင် စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ် ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့် ကုမ္မ ဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာ အရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ တာမွေမြို့နယ်၊ ပုဏ္ဏကျွန်းရပ်ကွက်၊ ကျားကွက်သစ်ရပ်ကွက်ရှိ အိမ် ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌနှင့်တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းနှင့် အသင်းအဖွဲ့ ရှင်သန်းစေရေး တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၂၄..၂၀၂)နေ့တွင် (၁၀း၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌနှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးနှင့် အသင်းအဖွဲ့ရှင်သန်ရေးအတွက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

       စားသုံးသူရေးရာဦးစီးဌာန ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးသည် ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌ ဦးမျိုးဆက်နှင့် သွားရောက်တွေဆုံ၍ ဆန်စပါးဈေးကွက် ဈေးနှုန်းအခြေအနေ၊ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်း ခေတ်မီတိုးတက်စေရေး၊ ဆန်စက်လုပ်ငန်းရှင်များ စည်းလုံးညီညွတ်မှသာ စိုက်ပျိုးထုတ်လုပ်သူများ ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်မည်ဖြစ်ကြောင်း၊ သို့မှသာ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ဈေးကွက်ဝင် အရည်အသွေးမြင်မားတိုးတက်မည်ဖြစ်ကြောင်း၊ ဆန်စက်လုပ်ငန်းရှင်အသင်းအဖွဲ့၊ အစုအဖွဲ့များ ရှင်သန်ပိုမိုအားကောင်းလာလျှင် ဆန်စက်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ပြီး  ဆန်စက်ကြိုတ်ခွဲမှု အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော ဆန်စက်များပေါ် ပေါက်လာမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့်လည်း ဒေသထွက်ကုန်များနှင့် ပတ်သက်၍ ဈေးကွက်ရရှိရေး မိတ်ဖက်ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသောကြောင့် ကောင်းမွန်သောအကျိုးရလာဒ်ကို စားသုံးသူပြည်သူများသာမက လုပ်ငန်းရှင်များပါ အကျိုးခံစားနိုင်မည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်ဦးစီးမှူး တက်ရောက်အမှာစကားပြော

         သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယဦးစီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတို့မှ ပူးပေါင်းဆောင်ရွက်သည့် တန်ဖိုးမြှင့်စား သောက်ကုန်ထုတ်လုပ် မှုနည်းပညာ သင်ဆန်းဖွင့်ပွဲ အခမ်းအနားကို (၂၄..၂၀၂) နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် မအူပင်မြို့နယ် အိုင်ဝိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါအခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဇင်အေးမှ သင်တန်းဖွင့်ရသည့် အကြောင်းအရင်းများကို အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးခြင်းအချက်အလက်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက နစ်နာမှုအတွက်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းနှင့် တိုင်ကြားမှုနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းအကြောင်းများ၊ လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ ကုန်စည်ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား အပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်အများကို အလွယ်တကူစုံစမ်းနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုကို ဆောင်ရွက်လျက်ရှိရာ Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor ၊ Mytel၊ Ooredoo Sim Card များအပြင် MPT Sim Card User များလည်း ခေါ်ဆိုမေးမြန်းနိုင်ပါကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ ပြစ်မှု၊ ပြစ်ဒဏ်များအပြင် အသေးစား၊ အလတ်စား ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ချိတ်ဆက့် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို အကျယ်တဝင့် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါ့သည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် တာကောက်မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးသိကောင်းစရာအကြောင်း ဟောပြော

          စားသုံးသူရေးရာဦးစီးဌာန၊မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂..၂၀၂)နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးဝါးဦးစီးဌာနတို့နှင့်အတူ မအူပင်မြို့ တာကောက်မူလွန်ကျောင်းတွင် ဌာနဆိုင်ရာများစုပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြပါသည်။

            အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဦးအောင်ဇော်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူကာကွယ်ရေးအကြောင်း၊ စားသုံးသူ၏အဓိပ္ပာယ်နှင့်၊ စားသုံးသူအခွင့်အရေး၊ လိုက်နာရမည့်တာဝန်များအကြောင်း၊ ဈေးကွက်အတွင်းစားသုံးရန်မသင့်သော အစားအသောက်များကို သိရှိစေရန် နမူနာပေး ရှင်းလင်းပြောကြားပြီး၊ ဈေးကွက်အတွင်းရှိ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင်သော ကုန်စည်နှင့် ဌာနတို့၏ ထောက်ခံချက်၊ ခွင့်ပြုချက်များပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူတက်စေရန် ပညာပေးပြောကြားခဲ့ပြီး မိမိတို့ဝယ်ယူသော ကုန်စည်ကြောင်း စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုက်ကြားနိုင်သည့် နည်းလမ်းအဆင့်ဆင့် အကြောင်းကို ဟောပြောခဲ့ပြီး ဆရာ/ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၂၃)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရွှေဘိုမြို့၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး

             စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေိဘိုမြို့၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦး စီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း(၄)တို့သည် ဆရာ/ ဆရာမ (၁၅)ဦးနှင့် ကျောင်း သား/ကျောင်းသူ (၁၅၀) တို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက စားသုံး သူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင် ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်း နိုင်သည့် Concumer Call Center NO 1535အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်း ပေးသည့် အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ / ဆရာမ (၁၅)ဦး နှင့် ကျောင်းသား / ကျောင်း သူ ( ၁၅၀)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ