Main menu

မြို့နယ် စပါး၊ဆန် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ မှ စပါး ၊ဆန် လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း

Powered by Drupal

     ကျုံပျော်မြို့နယ် ၊ စပါး၊ဆန် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ၁၅.၁၁.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀) အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခမ်းမတွင် မြို့နယ်ဆန်စက် လုပ်ငန်းရှင်များ အသင်းဝင် ဆန်စက်လုပ်ငန်းရှင်များ၊ မြို့နယ် ဆန်၊စပါး ကုန်သည်များ အသင်းမှ ဆန်၊ စပါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။

                   အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ် စပါး၊ ဆန်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌမှ အခါအား လျှော်စွာ ကောက်ယူလျှက်ရှိသည့် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင်များ၏ စပါး၊ဆန် လက်ကျန်စာရင်းကောက်ယူခြင်း ကိစ္စနှင့်ပတ်သက်၍ မြို့နယ်အတွင်း စပါး၊ဆန် ဖူလုံမှု၊ ပိုလျှံမှု အခြေအနေအား ခန့်မှန်းတွက်ချက်နိုင်ရန် ကောက်ယူခြင်းဖြစ်ပါကြောင်း ၊ တာဝန်ရှိသူများမှ စာရင်းကောက်ယူရာတွင် ရက်အလိုက် မြေပြင်လက်ကျန် အမှန်စာရင်းများ ရရှိရန်လိုအပ်ပါကြောင်း ကနဦး ဆွေးနွေးခဲ့ပါသည်။

(DOCA) ဧရာဝတီ