
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်အေးမြင့်ငြိမ်း(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ“အခြေခံပညာမူလတန်း(အမက-၁၅၉)ကျောင်း” သို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ စားသုံးသူနစ်နာမှု ရှိပါက ၁၅၃၅သို့ အလွယ်တကူတိုင်ကြားနိုင်ရန်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့ကျောင်းသား/ကျောင်းသူ(၂၀၀)ဦး ခန့်တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ဒေါ်အေးမြင့်ငြိမ်း (ဦးစီးအရာရှိ)မှ စားသုံးသူ ကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/ မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသား ပါအချက်အလက်များ၊ စားသုံးသူနှစ်နာခြင်းနှင့်ပတ်သတ်၍ တိုင်ကြားနိုင်သည့် နည့်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး မေးခွန်းများမေးမြန်းခြင်း၊ ဆုချီးမြှင့်ခြင်းများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိရပါသည်။
DOCA(စစ်ကိုင်း)
