Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Dumex Dupro ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံ ဒေါ်ဖြူဖြူထွန်းနှင့်  မြို့နယ်အစားအသောက် နှင့် ဆေးဝါးကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၂၄-၉-၂၀၂၅ရက်နေ့တွင် သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာနှင့်  ဘုရားငါးဆူ ကျေးရွာရှိ ကုန်စုံဆိုင် ၆ ဆိုင်အား  ကွင်းဆင်းစစ်ဆေးခဲ့ရာ ၃ဆိုင်တွင်သာ Dumex Dupro ရောင်းချတွေ့ရှိရပြီး တစ်ဗူးလျှင် ၅၄၀၀၀/ကျပ် ရောင်းချကြောင်း၊ Unilever ကိုယ်စားလှယ် ဦးပြည့်ဖြိုးမောင်ထံမှ မှာယူရောင်းချကြောင်း၊ ကုန်ပစ္စည်း အတုအပများ ရောင်းချခြင်း မရှိကြောင်း စစ်ဆေးသိရှိရပြီး  ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ရောင်းချ စေရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်ရှိ စာသင်ကျောင်းများတွင်စားသုံးသူကာကွယ်ရေးဟောပြောပွဲကျင်းပ

           မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှု ဖြင့် ၂၀၂၅ခုနှစ် ၊စက်တင်ဘာလ၁၈ရက်နေ့ နံနက် (၁၀း၀၀)နာရီချိန်တွင် မိတ္ထီလာမြို့နယ်၊ အလည်ရွာ(အ.ထ.က) ကျောင်း၌လည်းကောင်း၊   နေ့လည်(၁၃း၀၀)နာရီချိန်တွင် မိတ္ထီလာမြို့နယ်၊ တုန်းအိုင်ရွာ(အ.ထ.က)ခွဲကျောင်း၌လည်းကောင်း စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ဦးစန်းအောင်(ဒု-ဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများ ညှိနှိုင်းဖြေရှင်းမှုများလုပ်ဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန် တာဝန်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါကုန်အညွှန်း အမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မိမိထုတ်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အခက်အခဲရှိပါကဌာနသို့ လာရောက်မေးမြန်းနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင်စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ ပြည်နယ် နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ Website တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဟောပြောပွဲတွင် တုန်းအိုင်ရွာ(အ.ထ.က)ခွဲကျောင်းမှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ( ၁၁၅၀ ) ဦး နှင့် အလည်ရွာ(အ.ထ.က) ကျောင်းမှ စုစုပေါင်း ( ၁၁၅၀ ) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

DAWN နို့ဆီဘူးတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁0:30) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီးအတွင်းရှိ DAWN နို့ဆီဘူးရောင်းချသော ဆိုင်များသို့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများရှိ/ မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Golden Dragon ကြက်သွန်ဖြူအရသာ ငရုတ်ဆီဘူးများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁0:30) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီးအတွင်းရှိ Golden Dragon ကြက်သွန်ဖြူအရသာ  ငရုတ်ဆီဘူးများရောင်းချသော ဆိုင်များသို့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများရှိ/ မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

VBLL ကျွဲရိုင်းချိုချဉ် သကြားလုံးထုတ်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁1:30) နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  အမှတ်(၂)အတွင်းရှိ VBLL ကျွဲရိုင်းချိုချဉ် ရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများရှိ/ မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ မြရတနာဆန်စက်အား ဈေးနှုန်း/ ဈေးကွက်အခြေအနေနှင့် ဆန်/စပါး လက်ကျန်အား ကွင်းဆင်းဆွေးနွေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့၊ နေ့လယ် (1၃:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာအုပ်စုရှိ ကျောက်ဆူးဆန်စက်အား ကွင်းဆင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

          သို့ဖြစ်ပါ၍ ကျောက်ဆူးဆန်စက် လုပ်ငန်းရှင် ဦးရှဖီးနှင့် ဆွေးနွေးသည်မှာ ယခုနှစ် ဆန်ဈေးပုံမှန်သာရှိပြီး အရောင်းအဝယ်အေးပါသည်။ ရန်ကုန်ဈေးကွက်သို့ မည်သို့တင်ပို့ ရောင်းချကြောင်းနှင့် ဆန်အရောင်းအဝယ် ပြုလုပ်ရာတွင် ဆန်အမျိုးအစားအလိုက် ရောင်းချသည့် ဈေးနှုန်း၊ ဆန်ဈေးကွက် ပုံမှန်ဖြစ်သောကြောင့် သတ်မှတ်ထားသော ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရောင်းချကြောင်း၊ Myro သိုလှောင်ရုံ ဆန်/ စပါးလက်ကျန်စာရင်းအား ပုံမှန်ပေးသွင်းရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်ကျောင်းကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်ရှိ ပင်စင်စားများအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက်(၇)နာရီအချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြပါသည်။

          ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပင်စင်စားများအား သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါအခြေအနေများကို တိုင်းတာပေး၍ လိုအပ်သည့် သောက်ဆေးများပေးခြင်း၊  မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူစေခြင်း ဆောင်ရွက်ပေးခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးတို့နှင့် ပူးပေါင်း၍ ဧည့်မထဆန် တစ်ပြည်လျှင် (၂၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၃30) ကျပ်၊ ဗူးခွံအပါ ဆီ(၅၀) ကျပ်သား တစ်ဘူးလျှင် (၃700) ကျပ်နှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား များအား သက်သာသောဈေးနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

သာစည်မြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာဝတ်မှုံအောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၂၄-၉-၂၀၂၅ရက်နေ့တွင် သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာနှင့်  ဘုရားငါးဆူ ကျေးရွာရှိ ဆေးဆိုင် ၅ ဆိုင်အား  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ဆေးဝါးရောင်းချခွင့်လိုင်စင် လျှောက်ထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ ဆေးဝါးများ ထားရှိမှုအား လည်းကောင်း၊ သက်တမ်းလွန် ဆေးဝါများ ရှိ/မရှိအား လည်းကောင်း၊ သက်တမ်းလွန် ဆေးဝါများရှိပါက ဖျက်ဆီးခွင့်မပြုကြောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးသို့ လာရောက်အပ်နှံပေးရန်၊ အောက်လိုင်းဆေးများ ရောင်းချခြင်း မပြုရန်၊ ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ရောင်းချစေရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ကယ်ရင်း(မ်) ခေါင်းလျှော်ရည် အားကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၁0:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ ကယ်ရင်း(မ်)ခေါင်းလျှော်ရည် ရောင်းချသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါစစ်ဆေးမှုတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မလှိုင်မြို့နယ်ရှိ၊ စတိုးဆိုင်များနှင့်ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ မလှိုင်မြို့၊ အမှတ်(၄) ရပ်ကွက်ရှိ ခြင်္သေ့မင်း စတိုးဆိုင်ငွေလမင်း စတိုးဆိုင်နှင့် မြင့်မိုရ်တံခွန် ကုန်စုံဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါစစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုရှိစေရန် ကုန်အညွှန်း အမှတ်အသားပြည့်စုံသော ကုန်စည်များကိုသာ ရောင်းချစေရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စစ်ဆေးခဲ့သော ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များ ကိုက်ညီမှုရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ