Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသိပညာပေး ဆွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့က  နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးတွင် ဆန်စပါးလုပ်ငန်းရှင်(၇)ဦးနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာ ပေးဆွေးနွေး ခြင်းကို ပြုလုပ်ခဲ့ကြပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူးရုံးက ဦးခိုင်လွမ်းမိုးမှ ဆန်လုပ်လုပ်ငန်းရှင်များ ဆွေးနွေးကြရာ ဓနုဖြူနယ်ရှိ ဆန်စက်ဖွံ့ဖြိုးတိးတက်ရေးအတွက် တင်ပြဆွေးနွေးကြပြီး၊ ဆန်စပါးဈေး ကွက်တည်ငြိမ်ရေး ဆွေးနွေးခြင်း၊ Gasifierသုံးဆန်စက်များအနေဖြင့် ရေစစ်ကန်များကို စနစ်တကျ လုပ်ငန်းဆောင်ရွက်စေလုပ်ကိုင်ခြင်းများပြု လုပ်ရန်ဆွေးနွေး ကြပြီး ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ကိုစီးပွားရေးလုပ်ငန်းရှင်များ သိရှိရန် ဥပဒေပါအချက်အလက်များကို အကျယ်တဝင့်ဆွေး နွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ပွဲများ ဆောင်ရွက်လျက်ရှိရာ “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေ ရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆန်စက်လုပ်ငန်းရှင် များအား(၃၅)ဦးနှင့်အတူ ညောင်တုန်းအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် (၂၀.၈.၂၀၂၅)ရက်နေ့က စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေး နွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

         အဆိုပါဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များကို လေးစား လိုက်နာကြရမည်ဖြစ်ပါ ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ညောင်တုန်းဆန်စပါးဈေးကွက်တည်ငြိမ်ရေးနှင့် ဆန်စက်လုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

DOCA(ဧရာဝတီ)

စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများ သည် ၁၉.၈.၂၀၂၅ ရက်နေ့တွင် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ရေနံနှင့်ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြစ် မအူပင်မြို့နယ် အတွင်းရှိ ဆီဆိုင် (၈) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်ခြင်း ရှိ/မရှိ၊ သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ ဆီများရောင်းချခြင်းမရှိဘဲ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။ အလားတူ ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်မျာကိုလည်း ၁၉.၈.၂၀၂၅ ရက်နေ့က ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် စက်သုံးဆီ ရောင်းချမှုအခြေအနေနှင့် ဆီလက်ကျန် သိုလှောင်ကန်းများကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် အ.ထ.က-၂တွင် စဉ်ဆက်ပညာရေးလုပ်ငန်းမြို့နယ်အဆင့်နည်းပြသင်တန်းတွင် အွန်လိုင်းအသိပညာပေး ဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နဉ် ဦးစီးမှူးရုံးမှ မှ တာဝန်ရှိသူများသည် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်အသိပညာပေး စဉ်ဆက်ပညာရေး လုပ်ငန်းမြို့နယ်အဆင့်နည်းပြသင်တန်းတွင် အွန်လိုင်းအသိ ပညာပေး ဟောပြောခြင်းကို ၂၀-၈-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်က ဟောပြောခဲ့သည်။

      ဟောပြောရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်က အွန်လိုင်း မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ ဆရာ/ဆရာမ ၅၄ဦးကို အသိပညာပေးဟောပြောခဲ့ရာ စားသုံးသူအဓိပ္ပာယ် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း၏ အမည်နှင့်  အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကိုရှင်းလင်းခြင်း အွန်လိုင်းမှဈေးဝယ်ယူခြင်း၏ အားသာချက်၊အားနည်းချက်၊အွန်လိုင်းမှလိမ်လည်မှုပုံစံ()မျိုး၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍စားသုံးသူများစိစစ်သင့်သည့်အချက်အလက်များ ကိုရှင်းလင်းခြင်း။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အကြောင်း၊  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံ တင် ခြင်းဆိုင်ရာ အမိန့်ကြော်ငြာ စာအမှတ် ၅၁/၂၀၂၃ အား လိုက်နာဆောင်ရွက်ရန်၊ ကုန်သွယ်ရေး ဦးစီးဌာန ၏ eComReg System  Report နှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းအဆင့်ဆင့်ကို ရှင်းလင်းခြင်း၊ eComReg  System တွင်လုပ်ငန်းရှင်ကိုယ်တိုင်မှတ်ပုံတင်ဆောင်ရွက်နိုင်ကြောင်းကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချ ခြင်းပြုရန်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါ သည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်အတွင်းရှိ Gasifire အသုံးပြုလည်ပတ်လျက်ရှိသော ဆန်စက်များအား ကွင်းဆင်းစစ်ဆေး‌

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀-၈-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ Gasifire အသုံးပြုလည်ပတ်လျက်ရှိသော ဆန်စက်များအား ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခဲ့သည်။

       စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဦးအောင်ဇော်ဦးသည် မြို့နယ်အတွင်းရှိ Gasifire အသုံးပြု လည်ပတ်လျက်ရှိသော ဆန်စက် (၆)ခု၏ အခြေအနေနှင့် လျှပ်စစ်ဓာတ်အား ထွက်ရှိမှု အခြေ‌အနေများ၊ Gasifire Disel စက်အသုံးပြုရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အတွက် စွန့်ပစ်ကန့်များဖြင့် စနစ်တကျ ထားရှိအသုံးပြုမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် တိုင်းရင်ဆေးရောင်းချနေသော ဆေးဆိုင်များအား ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ် (၃) ရပ်ကွက်ရှိ  ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များ၌ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါးများ အား ဈေးကွက်အတွင်း ရောင်းချမှုရှိမရှိကို ၂၁-၈-၂၀၂၅ ရက်နေ့ နေ့နံနက်ပိုင်း ၈နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျစစ်ဆေးလျက်ရှိရာ ဈေးကွက်အတွင်း မှတ်ပုံတင်ထားရှိမှုမရှိသော ဆေးဝါးများ ရောင်းချခြင်း ရှိမရှိ၊ စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် ကုန်အညွှန်အမှတ်အသား ဖော်ပြထားရှိသည့် မှတ်ပုံတင်ထား၇ှိပြီးဖြစ်သောကုန်စည် ဆေးဝါးများကိုသာရောင်းချရန်  စားသုံးသူရေးရာ ဦးစီးဌာနမှ ဓနုဖြူမြို့နယ်မှ ဝန်ထမ်းများ၊ မြို့ နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက  ဓနုဖြူ အမှတ်(၃) ရပ်ကွက်ရှိ  ဆေးဆိုင် ၈ဆိုင်၊ ကုန်စုံဆိုင်များနှင့် အလှကုန်ဆိုင်ခန်းများ တွင်  တိုင်းရင်းဆေး မှတ်ပုံတင်မရှိသော ဆေးဝ်းများ ရောင်းချခြင်းရှိမရှိကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

      စစ်ဆေးရာတွင် FDA၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တို့ပူးပေါင်းပါဝင်စစ်ဆေး ခဲ့ကြောင်း သိရသည်။

     ထို့နောက် စားသုံးသူဘေးကင်းလုံခြုံစေရေးအတွက် ဈေးဆိုင်များကိုလည်း တားမြစ်ကုန်ပစ္စည်းများ  ရောင်းချခြင်းမပြုကြရန် စသည်တို့ကိုလည်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်        တာဝန်ခံ ဒေါ်ဇင်မာသန်း သည် (၂၁.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါ သည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးမှုးရုံး မြို့နယ်တာဝန်ခံမှဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ပြီးနောက် မြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည့် မြန်မာဆန်စပါးအွန်လှိုင်း(MyRo)ကို ၂၀၂၃ခုနှစ် နိုဝင်ဘာ ၃ရက်နေ့မှစ၍ ဆန်တန်ချိန်(၂၅)နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်မှုများအား မှတ်ပု့တင်ဆောင်ရွက်လျက်ရှိကြောင်း၊ သက်တမ်းတိုး ဆောင်ရွက်ခြင်း ကုန်ရ၊ကုန်ထုတ်၊ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့ အတွင်း Update ဖြည့်သွင်းဆောင်ရွက်နေမှုအား  အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ပြင်ပတွင် ဆန်တန်ချိန်(၂၅)နှင့်အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့် အထက်သိုလှောင်ပါက စစ်ဆေးအရေးယူဆောင်ရွက်မည်ဟု မဟုတ်မမှန် ကောလဟာလ သတင်းပြန့်လွှင့်နေမှုမှာ မှန်ကန်မှုမရှိပါကြောင်း၊ ပြည်သူ များအနေဖြင့် သတ်မှတ်ထားသော ညွှန်ကြားချက်နှင့် အညီအကန့်အသတ်မရှိသိုလှောင်နိုင်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

(DOCA  ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်        တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၈.၈.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀)အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား မော်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါ သည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးမှုးရုံး မြို့နယ်တာဝန်ခံမှဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ပြီးနောက် မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည့် မြန်မာဆန်စပါးအွန်လှိုင်း(MyRo)ကို ၂၀၂၃ခုနှစ် နိုဝင်ဘာ ၃ရက်နေ့မှစ၍ ဆန်တန်ချိန်(၂၅)နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်မှုများအား မှတ်ပု့တင်ဆောင်ရွက်လျက်ရှိကြောင်း၊ သက်တမ်းတိုး ဆောင်ရွက်ခြင်း ကုန်ရ၊ကုန်ထုတ်၊ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့ အတွင်း Update ဖြည့်သွင်းဆောင်ရွက်နေမှုအား  အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ပြင်ပတွင် ဆန်တန်ချိန်(၂၅)နှင့်အထက် သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့် အထက်သိုလှောင်ပါက စစ်ဆေးအရေးယူဆောင်ရွက်မည်ဟု မဟုတ်မမှန်ဦ ကောလဟာလ သတင်းပြန့်လွှင့်နေမှုမှာ မှန်ကန်မှုမရှိပါကြောင်း၊ ပြည်သူ များအနေဖြင့် သတ်မှတ်ထားသော ညွှန်ကြားချက်နှင့် အညီအကန့်အသတ်မရှိသိုလှောင်နိုင်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

(DOCA  ဧရာဝတီ)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၂၁.၈.၂၀၂၅)ရက်နေ့၊ နံနက်(၇:၃၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA  ဧရာဝတီ)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ပေါ်ရှိ ရွှေစင်မုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊   စားသုံးသူရေးရာဦးစီးဌာန     မြောင်းမြခရိုင်  ဝါးခယ်မမြို့နယ်   တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၁.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် မြို့နယ်စည်သာယာရေးအဖွဲ့၊ အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့ပေါ်ရှိ ရွှေစင်မုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့ပေါ်ရှိရွှေစင်မုန့်လုပ်ငန်းတွင် MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထုတ်လုပ်လျက်ရှိသော ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုနှင့် ကုန်ကြမ်းရရှိမှု ဈေးနှုန်းဈေးကွက်အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ထားနိုင်ခြင်းအတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပုဒ်မ(၄၁)ပါ ပုဒ်မခွဲ(၈)ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်သောလုပ်ငန်းရှင် ပြည်သူများသိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရှိရ ပါသည်။

(DOCA  ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ