Main menu

စက်ကုန်းရပ်ကွက်ရှိစားသုံးသူများအားအသိပညာပေးဟောပြော

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၂၂.၁၂.၂၀၂၅) ရက်နေ့(၀၉:၀၀)နာရီ အချိန်တွင်မိုးညှင်းမြို့၊ စက်ကုန်းရပ်ကွက်ရှိ စားသုံးသူများအား အသိပညာ ပေးဟောပြောပွဲ  ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောင်ပံ့ခြင်း ခံရသူများကိုဆိုလိုကြောင်း၊  စားသုံးသူ၏ အခွင့်အရေးများဖြစ်သော စားသုံးသူ များအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံပြု ခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထား ရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်းစသည့်အချက်များ၊ စားသုံးသူ၏တာဝန်များ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍  အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးနှင့် တက်ရောက်လာသော စားသုံးသူပြည်သူများအား 1535 Consumer Call Center လိုင်းခွဲ(1) သို့ လက်တွေ့ခေါ်ဆို၍  တိုင်ကြားရမည့် နည်းလမ်းများအား အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(ကချင်)