
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများနှင့် မြိတ်ခရိုင် ဆီအရောင်းကိုယ်စားလှယ်တို့မှ စားအုန်းဆီများဖြန့်ဝေပေးလျက်ရှိပြီး Global Good Pure Group ကုမ္ပဏီမှ (၁၁.၁၂.၂၀၂၅)ရက်နေ့တွင် ခွဲတမ်းဖြင့်ဝယ်ယူခဲ့သော စားအုန်းဆီများသည် မော်တော်ကား လမ်းဖြင့် (၁၆.၁၂.၂၀၂၅)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့သဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့သို့ မော်တော်ယာဉ်အမှတ် 7P-6245 ဖြင့် စားအုန်းဆီ (၇၂)ပေပါ ရောက်ရှိလာပြီး မြိတ်ခရိုင်ဆီ အရောင်းကိုယ်စားလှယ်အား သတ်မှတ်စျေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချရန်နှင့် ပြည်သူများသို့ ပြန်လည်ရောင်းချရာတွင် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရန် ဆောင်ရွက်ရန်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)
