Main menu

Top One အမှတ်တံဆိပ် မုန့်တိုက်လုပ်ငန်းအား စျေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပါရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမျိုးဝင်းနှင့် ဝန်ထမ်းများ သည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ကလွင်ရပ်၊ စပါးရွှေဝါလမ်းရှိ Top One အမှတ်တံဆိပ် မုန့်တိုက်လုပ်ငန်းမှ ထုတ်လုပ်ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးအား စျေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပါရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အမှတ်တံဆိပ်နှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များသာဖော်ပြ ထားပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိမှု မရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် လုပ် ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း ထုတ်ကုန်များထုတ်လုပ်ရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည် ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက် အလက်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြပြီးပါက ဌာနသို့ပြန်လည်တင်ပြရန်နှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)