Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စားသုံးသူပြည်သူများကို စားအုန်းဆီလက် လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမှန်ကန်မှုရှိ/မရှိနှင့် စားအုန်းအရည်အသွေးတို့အား စစ်ဆေး ခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီအရောင်းဆိုင်များမှ တဆင့် စားသုံးသူပြည်သူများသို့ တစ်ဦးလျှင်(၅၀)ကျပ်သားနှုန်း ရောင်းချပေးလျှက်ရှိကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။ DOCA(မန္တလေး)

“မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်သမင်ခြံကျေးရွာ၌မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ ”

“ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိဆေးဆိုင်များတွင်ဆေးဖြန့်ဖြူး ရောင်းချနေမှုအခြေအနေအားကွင်းဆင်းစစ်ဆေး ”

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် Signal သွားတိုက်ဆေးအတုများ ရောင်းချနေမှုများ ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးမြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တောင်ကြီး မြို့ပေါ်ရှိ ကုန်စုံဆိုင်များဖြစ်သော ဇွန် မီနီမတ်နှင့် သန်းကြွယ်စတိုးတို့တွင် Signal သွားတိုက် ဆေးအတုများ ရောင်းချနေမှုများရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် ရုံးချုပ်၏ညွှန်ကြားချက်အရ စျေးကွက်အတွင်းဝင်‌ရောက်လာသော တရားမဝင် Signal သွားတိုက်ဆေးအတုများ ရောင်းချနေမှုရှိ/ မရှိ၊ မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/ မရှိ စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များအား တရားမဝင်အတုအပပစ္စည်းများ ရောင်းချခြင်းများ မပြုလုပ်ရေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ် ၊ ဇွန်လ (၂၇) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် နမ့်စန်မြို့နယ်၊ နမ့်မော်ခေါက်ဆင့် ကျေးရွာ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ရပ်ကွက်သူ ရပ်ကွက်သားများ (၂၀)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းတိုး (ဦးစီးအရာရှိ)သည် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/ မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရှမ်း)

ရွှေဘိုခရိုင်၏ (၆/၂၀၂၅)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိနှင့် အထက်ဌာန၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့်(၆/၂၀၂၅)လအတွင်း ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ အောင်မေတ္တာ(ကုန်စုံဆိုင်)အားလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ အောင်မင်္ဂလာ(ကုန်စုံဆိုင်) အားလည်းကောင်း၊ အမှတ်(၂)ရပ်ကွက်ရှိ မြတ်ခိုင်(ဆေးဆိုင်)အားလည်းကောင်း၊ အမှတ်(၇)ရပ်ကွက်ရှိ ဖြိုးအမှတ်တံဆိပ် သနပ်ခါးအလှကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းနှင့် ယခုလအတွင်းအထက်ဌာန၏ ညွှန်ကြားချက်အရ Singnal အမှတ်တံဆိပ် သွားတိုက်ဆေးအတုများ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါအကြောင်းများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှအွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း

*ပေးဆပ်ခြင်းနှင့် ချီးမြှင့်ခြင်းပုံရိပ်များ*

၂၀၂၅ ခုနှစ် ဇွန် လ ၂၅ ရက်နေ့ ရှမ်းပြည်နယ်တောင်ကြီးမြို့ ပြည်သူ့အားကစားကွင်း မိုးလုံ လေလုံအားကစားခန်းမတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာ ရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရပါသည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုအရ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၁၅၂၀) ဦးအား ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပေးခြင်း၊ အခြားကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ရောဂါအမျိုးမျိုးကို စစ်ဆေးပေးခြင်း ကုသပေးခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများမှ ဝန်ဆောင်မှုပေးခဲ့ပြီး Smart Card ပြုလုပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ဆောင်မှုပေးခဲ့ပါသည်။ နံနက် (၀၉း၃၀) နာရီမှ ညနေ (၀၃း၀၀) နာရီအချိန်ထိ အငြိမ်းစားဝန်ထမ်း ၁၅၂၀ ဦး အားစားသုံးသူရေးရာ ဦးစီးဌာနနှင့် တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဆီ ၆၇၀ ပိသာ နှင့် ကြက်ဥ ၃၀၄၀၀ လုံး တို့ကို ပြည်နယ်အစိုးရ၏ ထောက်ပံ့မှုကို ကုန်စည်နှင့်ဝန်ဆောင်မှု ပေးခဲ့ကြောင်းသိရှိရပါသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ MC (6/2025) အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meetingဖြင့်တက်ရောက်

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ