
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် ၁၁.၁၂.၂၀၂၅ ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် ပန်းတနော်ဆန်ဆိုင်လုပ်ငန်းရှင်(၁၅)ဦးနှင့် စပါးသိုလှောင်ရုံလုပ်ငန်းရှင်(၁၀)ဦး သိုလှောင်ရုံပိုင်ရှင်များနှင့် တွေ့ဆုံ၍ မြို့နယ်ဦးစီးမှူးရုံးတွင် MyROတွင်မှန်ကန်စွာ စာရင်းသွင်းရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးရာတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက် က မိမိတို့ဌာနအနေဖြင့် ဒေသတွင်း စပါး/ဆန် တောင်သူ၊ ကုန်သည်၊ စက်ပိုင်လုပ်ငန်းရှင်တို့မှ မြေပြင် အမှန်တကယ်သိုလှောင်ထားရှိမှု အခြေအနေများကို စာရင်းကောက်ယူထိန်းကြောင်း ဆောင်ရွက်နေပြီး စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ်. စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ပြီး ပန်းတနော်မြို့နယ်အနေဖြင့် မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ငန်း ၄၅ခုရှိပြီးဖြစ်သည်။
နိုင်ငံတော်မှ စပါး/ဆန်နှင့် စပ်လျဉ်၍ စီမံခန့်ခွဲဆောင်ရွက်သည့်အခါ နယ်မြေစာရင်း အချက်အလက်မှန်ကန်စွာ တင်ပြနိုင်ရန်လိုအပ်သဖြင့် ပန်းတနော် ဆန်/စပါး သိုလှောင်သူလုပ်ငန်းရှင်များမှ ရ၊ ထုတ်၊ လက်ကျန်စာရင်းများကို လစဉ် လဆန်း(၇) ရက်နေ့တွင် မှန်ကန်စွာ မဖြစ်မနေ ဖြည့်သွင်းဆောင်ရွက်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လက်ကျန်စာရင်းများကို ဖြည့်သွင်းရန် အခက်အခဲရှိပါက လက်ကျန်ဖြည့်သွင်းဆောင်ရွက်နည်းလမ်းများကို သင်ကြားပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်ကိုယ်တိုင်ဆောင်ရွက်တက်စေရန် စားသုံးသူရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လစဉ် ဖြည့်သွင်းမှုစာရင်းများကို မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ ပေးပို့ဆောင်ရွက်ပေးနိုင်ရန် မှာကြားဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းပြီး တာဝန်ရှိသူက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
