Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော် ဒေသတွင်း တပိုင်တစ်နိုင် ထုတ်လုပ်သော မုန့်ထုတ်လုပ်သူလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စီးပွားရေး လုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်း ဖော်ပြရေးအတွက် ဒေသတွင် တစ်ပိုင်တစ်နိုင် မုန့်ထုတ်လုပ်သူ လုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို (၁၆.၉.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁)နာရီအချိန်တွင် ပန်းတနော် မြို့နယ်ဦးစီးမှူးရုံးတွင် မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ် ငန်းရှင် ၃၀ဦး အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဆွေးနွေးရာ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်းရှင်းလင်းခြင်း, စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများခန့်အပ်၍ ဈေးကွက်မရောက်မီကုန်စည်၊ ဈေးကွက်ရောက်ပြီး ကုန်စည်များကို စောင့်ကြည်စစ် ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုး တွင်ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက် နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း လုပ်ငန်းရှင်များက လည်း သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆွေးနွေး

    ဆန်စပါး ကြိတ်ခွဲသန့်စင်ထုတ်လုပ်သည့် ဆန်စက်များ၏ ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများဖြစ်သော စပါးခွံ(Rice Husk)နှင့် ဖွဲနု (Rice Bran) တို့မှတိုးဖိုးမြှင့်ထွက်ကုန်များ ထုတ်လုပ်နိုင်ရေး နှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စားသုံးသူ‌‌ရေးရာဦးစီးဌာက မအူပင်ခရိုင်ဦးစီးမှုးနှင့် အဖွဲ့သည် ကွင်းဆင်း၍ ပန်းတနော် ဆန်စက်လုပ်ငန်းရှင်များနှင့် ပန်းတနော် မြို့နယ် တာဝန်ခံရုံးတွင် ၁၆-၉-၂၀၂၅ နံနက် ၁၁နာရီအချိန်က တွေ့ဆုံ‌ဆွေးနွေးခဲ့ကြသည်။

    ဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဆန်စပါးတန်ဖိုးကွင်းဆက် (Rice Value Chain)  ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆန်ကြိတ်ခွဲမှု ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအပြင် ပေါင်းဆန်စက်များ ပြန်လည် တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ အခြောက်ခံစက်များ တိုးမြှင့်သုံးစွဲနိုင်ရေး၊ တန်းမြင့်ဆန်ထုတ်လုပ်ရေးစက်များ၊ အားဖြည့်ဆန်ထုတ်လုပ်ရေး လုပ်ငန်းများ၊ စပါးမှဆန်၊ ဆန်ကွဲ၊ ဆန်မှုန့်၊ ဆန်ခေါက်ဆွဲ၊ ဆန်ကြာဆံ ထုတ်လုပ်မှုများကို တိုးမြင့်ထုတ်လုပ်နိုင်ရေး ကွင်းဆက်များကို ဆွေးနွေးခြင်း၊ လက်ရှိ စပါးထွက်ရှိမှုအပေါ် ဝယ်ယူနေမှု၊ လက်ရှိ စပါးဈေးနှုန်းအခြေအနေများ၊ ဆန်စက်မှု အသုံးပြုသော စပါးအခြောက်ခံစက်အခြေအနေ များကိုမေးမြန်းဆွေးနွေးခြင်း၊ ဆန်စက်မှ ရထုတ်ကျန် စပါး/ဆန်စာရင်းများကိုလည်း စာရင်းပြုစုထားရှိရန် ၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် သည့်အခါ အဆင်ပြေလွယ်ကူစွာ တင်ပြဆွေးနွေးနိုင်ကြောင်းကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)

“စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်ဆေးဆိုင်များအားကွင်းဆင်းစစ်ဆေး”

         စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိဆေးဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို  စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

                  ထိုသို့ ကွင်းဆင်းစစ်ဆေးရာခဲ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပူးပေါင်းသောအဖွဲ့သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ လျက်ရှိသော ကုန်စည်များပေါ်တွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဆရာဝန်ညွှန်ကြား ချက်မလိုသော အိမ်သုံးဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုရှိ/မရှိ စသည့်တို့အား စစ်ဆေးခဲ့ပြီး စပ်ဆေးအသုံးပြုမှု လျော့ပါးစေရေး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၏ ထောက်ခံချက်မရှိသော အရည်အသွေး စံချိန်စံညွှန်း စစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

 

ဖျာပုံမြို့နယ်ရှိ စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် စားသုံးဆီ လုပ်ငန်းရှင်များကို ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့ နေ့လည်(၁:၀၀)နာရီအချိန်တွင် စားသုံးသူအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါဟောပြောပွဲတွင် ဖျာပုံခရိုင်ဦးစီးမှူးဦးထွေးသိမ်းက စားသုံးသူများ ထင်ယောင် ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ်စိတ်ကျေနပ်မှုရှိစေရေး၊ ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး၊ လုပ်ငန်းရှင်များ အနေဖြင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် ဌာနက ကွင်းဆင်းစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ဆီကုန်သည်များအသင်း၊ စားအုန်းဆီလက်ကားကိုယ်စားလှယ် နှင့် တွေ့ဆုံဆွေးနွေး

     ၁၆-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ပန်းတနော် မြို့နယ်တာဝန်ခံတို့သည် ပန်းတနော်မြို့နယ် ဆီလက်ကားရောင်းချသူကိုယ်စားလှယ် ၅ဦးနှင့် တွေ့ဆုံ၍ ဆီဖြန့်ဖွဲရောင်းချမှု စနစ်တကျမှန်ကန်စွာ ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

     ဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူးဦးဇော်မင်းက ပန်းတနော်မြို့နယ်အတွက် ရရှိသေ ဆီပေပါ ခွဲတမ်းများကို ဆီကုန်သည်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာမှ စနစ်တကျကြပ်မတ်၍ ရောင်းချမည့် ဆီလက်ကားကိုယ်စားလှယ်များထံ စာရင်းဇယားမှတ်တမ်းဖြင့် ခွဲဝေပြုစု ဆောင်ရွက်ထားရန်၊ ဆီရောင်းချဖြန့်ဖြူးသည့် လက်လီကိုယ်စားလှယ်များထံ စနစ်တကျခွဲဝေပြီး နေ့စဉ် ရောင်းချမှုများကို သတ်မှတ်ရည်ညွှန်ဈေးဖြင့် ရောင်းချစေရေး၊ မြင်သာသောနေရာတွင် စားသုံးသူ သိရှိနိုင်အောင် ကြော်ငြာ၍ ပွင့်လင်းမြင်သာစွာ ရောင်းချရေး စစ်ဆေးဆောင်ရွက်ခြင်းများ မကြာခဏ ဆောင်ရွက်ရန်၊ ကျေးရွာများသို့ ဆီကိုယ်စားလှယ်များ ရောင်းချသည့်အခါတွင်လည်း တိကျမှန်ကန်စွာ သတ်မှတ်နေရာများသို့ စနစ်တကျရောင်းချနိုင်ရေး ဆောင်ရွက်ရန် မှာကြားဆွေးနွေးပြီး ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ ပန်းတနော်မြို့နယ်၏ နေ့စဉ် လစဉ် ဆီပေပါစနစ်တကျ ဖြန့်ခွဲဝေမှုနှင့် ဆီစာအုပ်ဖြင့်ရောင်းချသော ဆိုင်များမှ နေ့စဉ် ဆောင်ရွက်မှု အစီအမံများကို တင်ပြဆွေးနွေးပြီး ပန်းတနော်မြို့ပေါ်သာမက ကျေးရွာများသို့ ဆီစာအုပ်စနစ်ဖြင့် ဖြန့်ခွဲရောင်းချမှု အစီအစဉ်ဆောင်ရွက်ပြီးစီးမှူများကို တင်ပြဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ပန်းတနော် ဆီလက်ကား ကိုယ်စားလှယ်များမှ သိ၇ှိလိုသည်များ မေးမြန်းမှုကို မအူပင်ခရီုင်ဦးမှူး ဦးဇော်မင်းက ပြန်လည် ဖြေကြား ရျင်းလင်းခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်(၁)ရပ်ကွက်၊စက်မှုမြေလမ်းရှိ YYL (ရိုးရိုးလေး) သောက်ရေသန့်စက်ရုံသို့ ကွင်းဆင်း စစ်ဆေး

     ဘိုကလေးမြို့နယ်၊စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ မတ်လ(၈) ရက်နေ့၊ နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် အမှတ် (၁) ရပ်ကွက် ၊ စက်မှုမြေလမ်းရှိ YYL (ရိုးရိုးလေး) သောက်ရေသန့်စက်ရုံသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး နှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် YYL သောက်ရေသန့်စက်ရုံမှ တစ်နေ့ထုတ်လုပ်မှု မှာ (၅၀၀) ဘူးခန့်ရှိပြီး ၊ ဈေးကွက်ထဲသို့ ယခုအချိန် ဘူးကြီး (၄၀၀)ဘူးခန့်သာ ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါ သည်။ ဈေးနှုန်းဈေးကွက် အနေဖြင့် ဘူးကြီးတစ်ဘူးလျှင် လက်ကား (၈၀၀)ကျပ်၊ လက်လီ(၁၀၀၀) ကျပ်ဖြင့်ရောင်းချပေးလျက်ရှိပါသည်။လုပ်သားတစ်ဦး လုပ်ခလစာအနေဖြင့် တစ်လလျှင် တစ်သိန်းခွဲမှ နှစ်သိန်းအထိ ရှိပြီး လုပ်သားဦးရေ (၁၃)ဦး ခန့်ထားပါသည်။ ဈေးကွက်အနေဖြင့် မြို့နယ်အတွင်း၌သာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

          ထို့နောက် မြို့နယ်တာဝန်ခံမှလည်း ထုတ်လုပ်သောကုန်စည်နှင့် ပက်သက်၍ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြရန်နှင့် စက်ရုံမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

“ အလှကုန်ပစ္စည်းအမျိုးမျိုးတို့တွင်သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိ ခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး ”

                   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ရပ်ကွက်များနှင့် စည်ပင်သာယာ မြို့မဈေးအတွင်း/အပြင်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များသို့ စက်တင်ဘာလ(၁၂)ရက်နေ့၊ နေ့လည်(၁၃:၃၀) နာရီအချိန်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်တို့အတွက် အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀)ဂရမ်နှင့်အထက်တို့ တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မ ဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ရုံး၏ ညွှန်ကြားချက်နှင့်အညီ ပြည်တော်သာရပ်ကွက်၊ မြို့မရပ်ကွက်နှင့် မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း/အပြင်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ (၁၀)ဂရမ်နှင့်အထက် အလှကုန် ပစ္စည်းအမျိုးမျိုးတို့တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏသုံးစွဲပုံ နည်းလမ်းထားသိုသိမ်းဆည်းမှုအညွှန်း၊ဓာတ်မတည့် ကြောင်း ဖော်ပြချက်များအား ကုန်စည် အုပ်စုအလိုက် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော် ပြပါရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးတို့ကိုသာ ဝယ်ယူပြီး ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူး ရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိ ရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား Online Sale စနစ်ရောင်းချခြင်းနှင့် ပက်သက်၍ အသိပညာပေး ဟောပြောခြင်း

     ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် (၉) ရပ်ကွက် ဓမ္မာရုံ၌ လုပ်ငန်းရှင် (၂၂) ဦးအား  Online Sale စနစ်ရောင်းချခြင်းနှင့် ပက်သက်၍ အသိပညာပေး ဟောပြောခဲ့ပါသည်။

      အဆိုပါ  အသိပညာပေးရာတွင် အလှကုန်၊ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများ၊ အစားအသောက်များကို Online စနစ်ဖြင့် ရောင်းချမည်ဆိုပါက ဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာတွင် ဖြည့်သွင်း၍ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထား သူသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား ဖြစ်ပြီး အသက်(၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ကြောင်း၊ ရောင်းချခြင်းလုပ်ငန်းဆောင်ရွကမည့်နေရာကို တင်ပြနိုင်ရမည်ဖြစ်ပါသည်။ မှတ်ပုံတင် လက်မှတ်ရှိပါက စားသုံးသူ၏ တိုင်ကြားမှုတွင် ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့်ရှိပြီး ကုန်စည်(သို့) ဝန်ဆောင်မှုကို ရောင်းချရာတွင် သဘောတူညီချက်၊တန်ဖိုးနှင့်အညီ ငွေပေးချေမှုကို လက်ခံရယူပိုင်ခွင့် ရှိခြင်း စသည့် Online မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အားသာချက်များကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဘိုကလေးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန နှင့် မြိုနယ်အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်း ၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ (၁၀) ရပ်ကွက်ရှိ စားသောက်ဆိုင်(၃) ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့မှ စားသောက်ဆိုင်များတွင် စားသောက် ကုန်အသီးအနှံများ၊ အသား/ငါးများကို ယင်မနားအောင်ဖုံးအုပ်ထားရန် ၊ စဉ်းနီတုံး များကို အသား/ငါးများ ခုတ်ပြီးပါက ဆေးကြောသန့်စင်၍ ဖုံးအုပ်ထားရန်နှင့် စားသောက်ဆိုင်ရှိ ဝန်ထမ်းများ၏ လက်သဲများကို သန့်ရှင်းစွာ လှီးဖြတ်ထားရန်၊ အိုးခွက်ပန်းကန်များကို သန့်ရှင်း သပ်ရပ်စွာ ထားရှိရန် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ၎င်းအပြင် စွန့်ပစ်ထားသော အမှိုက်များကို အမှိုက်ပုံးထဲသို့ ကျွတ်ကျွတ်အိတ်စွပ်၍ စွန့်ပစ်ရန်၊ မြောင်းများကို ရေစီးရေလာ ကောင်းမွန် အောင်ပြုလုပ်ဆောင်ရွက်ထားရန်နှင့် ယင်ကောင်မှတဆင့် ကူးစက်တတ်သော ဝမ်းပျက်/ ဝမ်းလျော ရောဂါများ အကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေး ပန်းဖလက်များ ပေးဝေ ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စိစစ်ခြင်း

     ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊စက်တင်ဘာလ (၁၇) ရက်နေ့၊ နေ့လယ်(၁၄:၃၀) နာရီအချိန်တွင် (၃) ရပ်ကွက်ရှိ ဘိလပ်မြေအရောင်းဆိုင်သို့ ဈေးနှုန်းဈေးကွက်အခြေအနေ မေးမြန်း၍ ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ဘိလပ်မြေ ဆိုင်များအနေဖြင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ဘိလပ်မြေအရောင်းဆိုင်များမှ ဘိလပ်မြေအိတ်များကို ဝယ်ရင်း ဈေး ထက်အမြတ်(၁၀%) ထက်ပို၍ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာအဆိုပါ အရောင်းဆိုင်အနေဖြင့် ဝယ်ရင်းဈေးထက် အမြတ် (၂%) သာ ယူ၍ ရောင်းချလျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ