Main menu

မင်္ဂလာဒုံမြို့နယ်ရှိ Zizawa Co.,Ltd ဆေးသိုလှောင်ရုံအားအဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြည်တွင်း ဆေးဝါးပြတ်လပ်မှုမရှိစေရေးအတွက် (၂၃.၁၂.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀ )နာရီအချိန်တွင် အမှတ် (၂၆၅)၊ ဇေကမ္ဘာ(၆)လမ်း၊ မင်္ဂလာဒုံစက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းဆေးနှင့်ဆေးပစ္စည်းများအား လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေး ထက်ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆက်စပ်ဌာနများပါဝင်သောအဖွဲ့စုံများနှင့် ပူးပေါင်း၍   Zizawa Co.,Ltd ဆေးသိုလှောင်ရုံအားကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆေးဝါးများဈေးနှုန်းအတက်/ အကျ ဖြစ်ပေါ်မှုအခြေအနေနှင့် ဆေးဝါးပစ္စည်းလက်ကျန်အခြေအနေတို့အား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)